အမေရိကန်ကို သူမရောက်ရှိသွားတဲ့အကြောင်းစုံကို စီကာပတ်ကုံး ပြောပြလာတဲ့ အိပန်ဆယ်လို..၊

Unicode

အမေရိကန်ကို သူမရောက်ရှိသွားတဲ့အကြောင်းစုံကို စီကာပတ်ကုံး ပြောပြလာတဲ့ အိပန်ဆယ်လို..၊

အာဏာသိမ်းပြီးကာလတွေမှာတော့ စကစ ကနေအပူတပြင်းနဲ့အလိုရှိနေတဲ့ ပန်ဆယ်လိုကတော့ လွတ်မြောက်ရာဖြစ်တဲ့ အမေရိကန်နိုင်ငံကို သွားရောက်နိုင်ခဲ့လို့ လူတွေရဲ့ဝေဖန်မှုကို ခံနေရပေမဲ့ ပန်ဆယ်လိုကတော့ အပြုံးမပျက်ခဲ့ပါဘူး။ ဒီနေ့မှာတော့ ပန်ဆယ်လို ကအမေရိကန်ကိုရောက်လာခဲ့ပုံကို “အမေရိကန်မြေကိုစနင်းမိပုံက ထူးဆန်းတယ်။ လေယာဉ်ဆင်းတာနဲ့ လေယာဉ်မယ်က နာမည်ကို မိုက်ကခေါ်ပြီး အရင်ဆုံးထွက်ခိုင်းတယ်။

လေယာဉ်ပေါ်က ဆင်းတာနဲ့ ရဲက လာခေါ်သွားရော။ ဘာလဲဟ… ငါ့ဘဝတော့ စမုံတုံးပြီလားပေါ့။အမှန်တကယ်တော့ ဘာမှ မဟုတ်ဘူး။ ပုံမှန်ခရီးသည်မဟုတ်လို့ ဖြည့်ရမယ့်ဖောင်တွေမတူလို့ ကြိုခေါ်တာ။ သက်ပြင်းချပြီး လာကြိုသူကားနဲ့ ပါသွားတော့ ကားပေါ်က မြင်ရတဲ့ မြင်ကွင်းက ထူးဆန်းပြန်တယ်။လူမနေတဲ့ အိမ်တွေ၊ အိမ်ပျက်ကြီးတွေ၊ လူသူမရှိတဲ့ လမ်းတွေ။ ငါရောက်လာတာ အမေရိကန်လား၊ အခြားဂြိုလ်လားပေါ့။ အမေရိကန်ဆိုတာ ဒါကြီးလားပေါ့။ ငါ့ကို ဟောလိဝုဒ်ဇာတ်ကားတွေ ဂျင်းထည့်တာများလားပေါ့။အမေရိကန်ရဲ့ Crime Rate အမြင့်ဆုံးထဲက မြို့။

မြို့ပျက်နီးပါးဖြစ်နေတဲ့ မြို့ကြီး။ အမေရိကန်-ကနေဒါနယ်စပ်လိုင်းက Detroit ဆိုတဲ့မြို့။ လူမနေဘဲပစ်ထားတဲ့ အိမ်ပျက်ကြီးတွေဟာ သရဲကားတွေထဲက အိမ်တွေလိုပဲ။ နေရမယ့်နေရာရောက်တော့ လေးယောက်ခန်း၊ နှစ်ထပ်ကုတင်နှစ်လုံးချထားတဲ့ ဆယ်ပေပတ်လည်အခန်းလေး။ အများသုံးရေချိုးခန်း၊အိမ်သာ တန်းစီရသေးတာ။ အခန်းတံခါး သော့ခတ်ခွင့်မရှိ။ နိုင်ငံပေါင်းစုံက နိုင်ငံရေးသမားတွေ စောင့်ရှောက်ပေးတဲ့နေရာလို့ သိရတယ်။ အမှန်တကယ်က စစချင်း Culture Shock နဲ့ ကိုယ်အရမ်းတုန်လှုပ်သွားတာ။ တကယ်တမ်းပြန်တွေးတော့ အရမ်းဆိုးဝါးတဲ့နေရာမျိုး မဟုတ်ပါဘူး။

သူစိမ်းနိုင်ငံ၊ သူစိမ်းတွေကြား ကူကယ်ရာမဲ့။ ထမင်းရှာလို့မရတဲ့ မြို့။ ပေါင်မုန့်နဲ့ ကြက်ဥပြုတ်အပြင် ဘာမှမစားတတ်တဲ့ Asian တောသူဘဝ။ ငတ်လိုက်တာ ပြောမနေနဲ့။ Asian ဆို China ပဲ အသိများတော့ မနက်ခင်းဆို နိဟောင်၊နိဟောင်နဲ့ နှုတ်ဆက်ပျူငှါကြလို့ China မဟုတ်ကြောင်း တတ်သမျှ အီးဂလိအတိုအစနဲ့ ရန်တွေ့ရသေးတာ။ ရောက်ပြီးနှစ်ရက်အကြာမှာ ဖောင်တစ်ခုမှာ လက်မှတ်ထိုးရတယ်။ Homeless ဖြစ်ကြောင်းဖောင်ပေါ့။ ပြုံးမိတယ်။ တဆက်တည်းမှာ မျက်ရည်က ဝဲတယ်။ ဆယ့်နှစ်နှစ်ကျော်ကြိုးစားခဲ့ပြီး သုံးလပဲနေခွင့်ရလိုက်တဲ့ အိမ်ကိုတွေးရင်း ရင်ထဲအောင့်တယ်။

အဲ့အချိန်က ခံစားချက်ပါ။ လပိုင်းအတွင်းမှာ ဒီအရာတွေကို မေ့ပစ်နိုင်လိုက်ပြီ။ အရှိတရားကို လက်ခံဖို့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရဖူးတာပဲ။ တစ်ပတ်၊ဆယ်ရက် အားတင်းနေထိုင်ပေမယ့် ဆက်မနေနိုင်တော့တာကြောင့် ဘာအကူအညီမှ မယူတော့ပါကြောင်းလက်မှတ်ထိုးပြီး မိတ်ဆွေတစ်ယောက်ရဲ့မြို့လေးကို ထွက်လာခဲ့တယ်။ေ ထာင်ထဲဝတ်ဖို့ဆိုပြီး အသင့်ထည့်လာတဲ့ အဝတ်အစားသုံးစုံ၊ အအေးဒီဂရီ Zero နီးနီးနေရာကို အနွေးထည်သော်မှမပါဘဲ ရောက်ခဲ့တယ်။ ပိုင်ဆိုင်မှု၊ ငွေကြေး၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ ဘာတစ်ခုမှ မယူနိုင်ခဲ့ပဲနဲ့ပေါ့။ဒီကာလမှာ ကိုယ့်ရဲ့လောကဓံကို တုံ့ပြန်ပုံက အရင်လို ပြင်းပြင်းထန်ထန်မဟုတ်ဘူး။

အရင်က ကိုယ်က အရာရာကို စိတ်တင်းပြီး ရင်ဆိုင်တယ်။ မာကျောတယ်။ မျက်ရည်မကျဘူး။ ကိုယ်ခံစားရတာ လူမသိစေရဘူး။ အခုလို ဘဝရဲ့ကြုံဖူးသမျှထဲက အပြင်းထန်ဆုံးသော လောကဓံကို ကြုံရချိန်မှာ ကိုယ်အရင်လို တင်းတင်းမာမာရင်ဆိုင်ရင် အမြစ်က လန်သွားမယ်ဆိုတာ ကိုယ်သိတယ်။ လေယူရာယိမ်းတဲ့ ပန်းပြားပင်လို ရင်ဆိုင်တယ်။ ဝမ်းနည်းရင် ငိုလိုက်တယ်။ တင်းခံမထားဘူး။ ငိုချလိုက်တယ်။ ငိုပြီးရင် ပြန်ရုန်းထတယ်။ ရယ်စရာမြင်ရင် ရယ်လိုက်တယ်။ ဆဲချင်ရင် ဆဲလိုက်တယ်။ အခြားသူတွေရဲ့ ကြုံတွေ့ရမှုတွေကို တွေးပြီး ငါမှဒုက္ခရောက်နေတာ မဟုတ်ဘူးလို့ အထပ်ထပ်ရိုက်သွင်းတယ်။ ငါက အရမ်းကံကောင်းတဲ့သူ၊ ငါက သေတွင်းက လွတ်လာတဲ့သူ၊

ငါက တော်ပါသေးတယ်ပဲ တွေးတယ်။ ငိုချင်လာရင် ငိုပစ်လိုက်တယ်။ ရယ်ချင်လာရင် ရယ်ပစ်လိုက်တယ်။ အရာအားလုံးဟာ ကောင်းဖို့ဖြစ်လာတာလို့ တွေးတယ်။ ဒီတော်လှန်ရေးကလွဲရင် ဖြစ်ပြီးခဲ့သမျှကို မေ့ပစ်ဖို့ ကြိုးစားတယ်။ မတမ်းတမိအောင် နေထိုင်တယ်။ မလွမ်းတတ်အောင် ရှင်သန်တယ်။ ဒါပေမယ့် နာကြင်စေသူ အာဏာရူးတွေကို တစ်စက္ကန့်မှ မမေ့ဘူးဆိတာပဲ။ ဒီကာလတွေမှာ ဒီအရာတွေအပြင် အပြင်းအထန် တိုက်ခိုက်မှုတွေကို ကြုံခဲ့ရတယ်။ စိတ်ကထုံနေသလိုမျိုး ဘာမှကို မခံစားရတော့ဘူး။ ထူးထွေ မနာကြင်မိဘူး။

အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာမျိုးတောင် ရယ်မိရုံအပြင် ဘာမှမဖြစ်မိတော့ဘူး။တစ်ခုခု ကြုံတွေ့တယ်။ So What? ကိုယ်လောကဓံကို တုံ့ပြန်တဲ့ပုံစံက So What ပါပဲ။ကြောက်လို့ဆိုပြီး ပြန်လှည့်ပြေးလို့ရတဲ့အထဲမှာ ဘဝမပါဘူး။ လောကဓံဆိုတာက လိမ္မာချင်လွန်းရင် တစ်ချက်ပိုရိုက်တတ်တာမို့ မိုက်မိုက်ကန်းကန်းပဲ တုံ့ပြန်တယ်။ ရှင်နိုင်ဖို့ သန်ရမယ်၊ သန်မာရမယ်။ ရန်သူက သေစေချင်တဲ့အခါ ရှင်အောင်နေရတာလည်း တိုက်ပွဲပဲတဲ့။

ဒီတိုက်ပွဲမှာ ကိုယ်နိုင်တယ်။ လှလှပပ နိုင်တယ်။ သေရမယ့်ပွဲမှာ မသေအောင်နေနိုင်တာကိုပဲ ဂုဏ်ယူတယ်။ဆုံးရှုံးစရာရှိတာ မှန်သမျှ ဒီအချိန်မှာ ဆုံးရှုံးထားလိုက်ချင်တယ်။ ဒီအချိုးအကွေ့ပြင်းပြင်းမှာ ကိုယ်အများကြီး သင်ယူခဲ့တယ်ဆိုတာပါပဲ။ အတွေ့အကြုံဆိုတာအကောင်းဆုံးကျောင်းတော်။သင်တန်းကြေးက ကြေးကြီးလွန်းတယ်တဲ့။ ကိုယ်က ဒီကျောင်းတော်ကနေ ဂုဏ်ထူးယူမယ့် ကျောင်းသူဆိုတာပါပဲ။

ဒီဘဝကြီးဆီက ဘာမှမလိုချင်တော့ဘူးဆိုတဲ့ Comfort Zone မှာသာ ကိုယ့်ဘဝကိုကိုယ် ပစ်ချရင် ပစ်ချထားမှာ။ သေစေချင်သူတွေ လိုက်သတ်နေသရွေ့ လှလှပပ ရှင်သန်ပြနေဦးမှာ။ ငါပြန်တည်ဆောက်မယ့်အရာတွေဟာ နင်တို့ဖြိုချခဲ့တဲ့အရာတွေထက် ပိုလှပစေရမယ်။ အချိန်တည်းမှာပဲ နင်တို့ကို ရတဲ့နေရာက ဖြိုချနေမယ်ဆိုတာ ကတိပေးတယ်။? ” ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
Source: Pencilo On Earth crd

Zawgyi

အေမရိကန္ကို သူမေရာက္ရွိသြားတဲ့အေၾကာင္းစုံကို စီကာပတ္ကုံး ေျပာျပလာတဲ့ အိပန္ဆယ္လို..၊

အာဏာသိမ္းၿပီးကာလေတြမွာေတာ့ စကစ ကေနအပူတျပင္းနဲ႕အလိုရွိေနတဲ့ ပန္ဆယ္လိုကေတာ့ လြတ္ေျမာက္ရာျဖစ္တဲ့ အေမရိကန္နိုင္ငံကို သြားေရာက္နိုင္ခဲ့လို႔ လူေတြရဲ႕ေဝဖန္မႈကို ခံေနရေပမဲ့ ပန္ဆယ္လိုကေတာ့ အၿပဳံးမပ်က္ခဲ့ပါဘူး။ ဒီေန႕မွာေတာ့ ပန္ဆယ္လို ကအေမရိကန္ကိုေရာက္လာခဲ့ပုံကို “အေမရိကန္ေျမကိုစနင္းမိပုံက ထူးဆန္းတယ္။ ေလယာဥ္ဆင္းတာနဲ႕ ေလယာဥ္မယ္က နာမည္ကို မိုက္ကေခၚၿပီး အရင္ဆုံးထြက္ခိုင္းတယ္။

ေလယာဥ္ေပၚက ဆင္းတာနဲ႕ ရဲက လာေခၚသြားေရာ။ ဘာလဲဟ… ငါ့ဘဝေတာ့ စမုံတုံးၿပီလားေပါ့။အမွန္တကယ္ေတာ့ ဘာမွ မဟုတ္ဘူး။ ပုံမွန္ခရီးသည္မဟုတ္လို႔ ျဖည့္ရမယ့္ေဖာင္ေတြမတူလို႔ ႀကိဳေခၚတာ။ သက္ျပင္းခ်ၿပီး လာႀကိဳသူကားနဲ႕ ပါသြားေတာ့ ကားေပၚက ျမင္ရတဲ့ ျမင္ကြင္းက ထူးဆန္းျပန္တယ္။လူမေနတဲ့ အိမ္ေတြ၊ အိမ္ပ်က္ႀကီးေတြ၊ လူသူမရွိတဲ့ လမ္းေတြ။ ငါေရာက္လာတာ အေမရိကန္လား၊ အျခားၿဂိဳလ္လားေပါ့။ အေမရိကန္ဆိုတာ ဒါႀကီးလားေပါ့။ ငါ့ကို ေဟာလိဝုဒ္ဇာတ္ကားေတြ ဂ်င္းထည့္တာမ်ားလားေပါ့။အေမရိကန္ရဲ႕ Crime Rate အျမင့္ဆုံးထဲက ၿမိဳ႕။

ၿမိဳ႕ပ်က္နီးပါးျဖစ္ေနတဲ့ ၿမိဳ႕ႀကီး။ အေမရိကန္-ကေနဒါနယ္စပ္လိုင္းက Detroit ဆိုတဲ့ၿမိဳ႕။ လူမေနဘဲပစ္ထားတဲ့ အိမ္ပ်က္ႀကီးေတြဟာ သရဲကားေတြထဲက အိမ္ေတြလိုပဲ။ ေနရမယ့္ေနရာေရာက္ေတာ့ ေလးေယာက္ခန္း၊ ႏွစ္ထပ္ကုတင္ႏွစ္လုံးခ်ထားတဲ့ ဆယ္ေပပတ္လည္အခန္းေလး။ အမ်ားသုံးေရခ်ိဳးခန္း၊အိမ္သာ တန္းစီရေသးတာ။ အခန္းတံခါး ေသာ့ခတ္ခြင့္မရွိ။ နိုင္ငံေပါင္းစုံက နိုင္ငံေရးသမားေတြ ေစာင့္ေရွာက္ေပးတဲ့ေနရာလို႔ သိရတယ္။ အမွန္တကယ္က စစခ်င္း Culture Shock နဲ႕ ကိုယ္အရမ္းတုန္လႈပ္သြားတာ။ တကယ္တမ္းျပန္ေတြးေတာ့ အရမ္းဆိုးဝါးတဲ့ေနရာမ်ိဳး မဟုတ္ပါဘူး။

သူစိမ္းနိုင္ငံ၊ သူစိမ္းေတြၾကား ကူကယ္ရာမဲ့။ ထမင္းရွာလို႔မရတဲ့ ၿမိဳ႕။ ေပါင္မုန့္နဲ႕ ၾကက္ဥျပဳတ္အျပင္ ဘာမွမစားတတ္တဲ့ Asian ေတာသူဘဝ။ ငတ္လိုက္တာ ေျပာမေနနဲ႕။ Asian ဆို China ပဲ အသိမ်ားေတာ့ မနက္ခင္းဆို နိေဟာင္၊နိေဟာင္နဲ႕ ႏႈတ္ဆက္ပ်ဴငွါၾကလို႔ China မဟုတ္ေၾကာင္း တတ္သမွ် အီးဂလိအတိုအစနဲ႕ ရန္ေတြ႕ရေသးတာ။ ေရာက္ၿပီးႏွစ္ရက္အၾကာမွာ ေဖာင္တစ္ခုမွာ လက္မွတ္ထိုးရတယ္။ Homeless ျဖစ္ေၾကာင္းေဖာင္ေပါ့။ ၿပဳံးမိတယ္။ တဆက္တည္းမွာ မ်က္ရည္က ဝဲတယ္။ ဆယ့္ႏွစ္ႏွစ္ေက်ာ္ႀကိဳးစားခဲ့ၿပီး သုံးလပဲေနခြင့္ရလိုက္တဲ့ အိမ္ကိုေတြးရင္း ရင္ထဲေအာင့္တယ္။

အဲ့အခ်ိန္က ခံစားခ်က္ပါ။ လပိုင္းအတြင္းမွာ ဒီအရာေတြကို ေမ့ပစ္နိုင္လိုက္ၿပီ။ အရွိတရားကို လက္ခံဖို႔ ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ခဲ့ရဖူးတာပဲ။ တစ္ပတ္၊ဆယ္ရက္ အားတင္းေနထိုင္ေပမယ့္ ဆက္မေနနိုင္ေတာ့တာေၾကာင့္ ဘာအကူအညီမွ မယူေတာ့ပါေၾကာင္းလက္မွတ္ထိုးၿပီး မိတ္ေဆြတစ္ေယာက္ရဲ႕ၿမိဳ႕ေလးကို ထြက္လာခဲ့တယ္။ေ ထာင္ထဲဝတ္ဖို႔ဆိုၿပီး အသင့္ထည့္လာတဲ့ အဝတ္အစားသုံးစုံ၊ အေအးဒီဂရီ Zero နီးနီးေနရာကို အေႏြးထည္ေသာ္မွမပါဘဲ ေရာက္ခဲ့တယ္။ ပိုင္ဆိုင္မႈ၊ ေငြေၾကး၊ မိသားစု၊ မိတ္ေဆြအေပါင္းအသင္းေတြ၊ ဘာတစ္ခုမွ မယူနိုင္ခဲ့ပဲနဲ႕ေပါ့။ဒီကာလမွာ ကိုယ့္ရဲ႕ေလာကဓံကို တုံ႕ျပန္ပုံက အရင္လို ျပင္းျပင္းထန္ထန္မဟုတ္ဘူး။

အရင္က ကိုယ္က အရာရာကို စိတ္တင္းၿပီး ရင္ဆိုင္တယ္။ မာေက်ာတယ္။ မ်က္ရည္မက်ဘဴး။ ကိုယ္ခံစားရတာ လူမသိေစရဘူး။ အခုလို ဘဝရဲ႕ႀကဳံဖူးသမွ်ထဲက အျပင္းထန္ဆုံးေသာ ေလာကဓံကို ႀကဳံရခ်ိန္မွာ ကိုယ္အရင္လို တင္းတင္းမာမာရင္ဆိုင္ရင္ အျမစ္က လန္သြားမယ္ဆိုတာ ကိုယ္သိတယ္။ ေလယူရာယိမ္းတဲ့ ပန္းျပားပင္လို ရင္ဆိုင္တယ္။ ဝမ္းနည္းရင္ ငိုလိုက္တယ္။ တင္းခံမထားဘူး။ ငိုခ်လိဳက္တယ္။ ငိုၿပီးရင္ ျပန္႐ုန္းထတယ္။ ရယ္စရာျမင္ရင္ ရယ္လိုက္တယ္။ ဆဲခ်င္ရင္ ဆဲလိုက္တယ္။ အျခားသူေတြရဲ႕ ႀကဳံေတြ႕ရမႈေတြကို ေတြးၿပီး ငါမွဒုကၡေရာက္ေနတာ မဟုတ္ဘူးလို႔ အထပ္ထပ္ရိုက္သြင္းတယ္။ ငါက အရမ္းကံေကာင္းတဲ့သူ၊ ငါက ေသတြင္းက လြတ္လာတဲ့သူ၊

ငါက ေတာ္ပါေသးတယ္ပဲ ေတြးတယ္။ ငိုခ်င္လာရင္ ငိုပစ္လိုက္တယ္။ ရယ္ခ်င္လာရင္ ရယ္ပစ္လိုက္တယ္။ အရာအားလုံးဟာ ေကာင္းဖို႔ျဖစ္လာတာလို႔ ေတြးတယ္။ ဒီေတာ္လွန္ေရးကလြဲရင္ ျဖစ္ၿပီးခဲ့သမွ်ကို ေမ့ပစ္ဖို႔ ႀကိဳးစားတယ္။ မတမ္းတမိေအာင္ ေနထိုင္တယ္။ မလြမ္းတတ္ေအာင္ ရွင္သန္တယ္။ ဒါေပမယ့္ နာၾကင္ေစသူ အာဏာ႐ူးေတြကို တစ္စကၠန့္မွ မေမ့ဘူးဆိတာပဲ။ ဒီကာလေတြမွာ ဒီအရာေတြအျပင္ အျပင္းအထန္ တိုက္ခိုက္မႈေတြကို ႀကဳံခဲ့ရတယ္။ စိတ္ကထုံေနသလိုမ်ိဳး ဘာမွကို မခံစားရေတာ့ဘူး။ ထူးေထြ မနာၾကင္မိဘူး။

အသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံရတာမ်ိဳးေတာင္ ရယ္မိ႐ုံအျပင္ ဘာမွမျဖစ္မိေတာ့ဘူး။တစ္ခုခု ႀကဳံေတြ႕တယ္။ So What? ကိုယ္ေလာကဓံကို တုံ႕ျပန္တဲ့ပုံစံက So What ပါပဲ။ေၾကာက္လို႔ဆိုၿပီး ျပန္လွည့္ေျပးလို႔ရတဲ့အထဲမွာ ဘဝမပါဘူး။ ေလာကဓံဆိုတာက လိမၼာခ်င္လြန္းရင္ တစ္ခ်က္ပိုရိုက္တတ္တာမို႔ မိုက္မိုက္ကန္းကန္းပဲ တုံ႕ျပန္တယ္။ ရွင္နိုင္ဖို႔ သန္ရမယ္၊ သန္မာရမယ္။ ရန္သူက ေသေစခ်င္တဲ့အခါ ရွင္ေအာင္ေနရတာလည္း တိုက္ပြဲပဲတဲ့။

ဒီတိုက္ပြဲမွာ ကိုယ္နိုင္တယ္။ လွလွပပ နိုင္တယ္။ ေသရမယ့္ပြဲမွာ မေသေအာင္ေနနိုင္တာကိုပဲ ဂုဏ္ယူတယ္။ဆုံးရႈံးစရာရွိတာ မွန္သမွ် ဒီအခ်ိန္မွာ ဆုံးရႈံးထားလိုက္ခ်င္တယ္။ ဒီအခ်ိဳးအေကြ႕ျပင္းျပင္းမွာ ကိုယ္အမ်ားႀကီး သင္ယူခဲ့တယ္ဆိုတာပါပဲ။ အေတြ႕အႀကဳံဆိုတာအေကာင္းဆုံးေက်ာင္းေတာ္။သင္တန္းေၾကးက ေၾကးႀကီးလြန္းတယ္တဲ့။ ကိုယ္က ဒီေက်ာင္းေတာ္ကေန ဂုဏ္ထူးယူမယ့္ ေက်ာင္းသူဆိုတာပါပဲ။

ဒီဘဝႀကီးဆီက ဘာမွမလိုခ်င္ေတာ့ဘူးဆိုတဲ့ Comfort Zone မွာသာ ကိုယ့္ဘဝကိုကိုယ္ ပစ္ခ်ရင္ ပစ္ခ်ထားမွာ။ ေသေစခ်င္သူေတြ လိုက္သတ္ေနသေ႐ြ႕ လွလွပပ ရွင္သန္ျပေနဦးမွာ။ ငါျပန္တည္ေဆာက္မယ့္အရာေတြဟာ နင္တို႔ၿဖိဳခ်ခဲ့တဲ့အရာေတြထက္ ပိုလွပေစရမယ္။ အခ်ိန္တည္းမွာပဲ နင္တို႔ကို ရတဲ့ေနရာက ၿဖိဳခ်ေနမယ္ဆိုတာ ကတိေပးတယ္။? ” ဆိုၿပီး ေရးသားထားခဲ့တာ ျဖစ္ပါတယ္။
Source: Pencilo On Earth crd