အစ်ကိုဖြစ်သူ နောက်ဆုံးဝတ်ခဲ့တဲ့ ရွံ့တွေပေကျံနေသော အင်္ကျီလေးကို ဝမ်းနည်းနာကျင်စွာနဲ့ ပြသလာခဲ့တဲ့ ရေမွန်ရဲ့ညီမလေး

Unicode

အဆိုတော် ရေမွန်ကွယ်လွန်တာ တစ်ပတ်ကျော်သွားခဲ့ပြီ ဖြစ်ပေမယ့်လည်း ပရိသတ်တွေအားလုံးက ယနေ့ထိတိုင်အောက်မေ့သတိရနေကြဆဲ ဖြစ်ပါတယ်။ သူ့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေကိုလည်း တတ်နိုင်သလောက် လုပ်ပေးကြတာလည်း ဖြစ်ပါတယ်။

မိသားစုဝင်သုံးဦးတည်းသာ ရှိတဲ့အတွက် အခုလို ရေမွန်ရုတ်တရတ်ခွဲခွာသွားတာကြောင့် ကျန်ရစ်ခဲ့တဲ့ မိခင်နဲ့ ညီမလေးမှာ ပြောမပြတတ်အောင် ယူကြုံးမရ ဝမ်းနည်းကြေကွဲခဲ့ကြရတာ ဖြစ်ပါတယ်။

ရေမွန်ရဲ့ ညီမလေး လပြည့်ကဗျာကလည်း အစ်ကိုနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို သူမရဲ့ လူမှုကွန်ယက်တွင်ရေးသားလေ့ရှိပြီး အခုမှာတော့ သူမကွယ်လွန်ခင် နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးကို ဝမ်းနည်းစွာဖြင့် ပြသလာတာ ဖြစ်ပါတယ်။

ရေမွန်ဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးတွင် ရွံ့တွေပေကျံနေတာကို ကြည့်ခြင်းအားဖြင့် တောထဲမှာဘယ်လောက်တောင် ပင်ပန်းဆင်းရဲစွာ နေထိုင်ခဲ့ရသလဲဆိုတာ အားလုံးသိရှိကြမှာပါ။

လပြည့်ကဗျာကလည်း ” သူနောက်ဆုံး ဝတ်ခဲ့တဲ့ အင်္ကျီလေး ဘယ်လောက်တောင် ပင်ပန်းခဲ့လိုက်မလဲ ရွှံ့တွေတောင် ပေလို့ တစ်သက်လုံးသိမ်းထားမယ်” ဆိုပြီး စာလေးရေးသားထားပါတယ်။

Idiots Band အဖွဲ့သားများကလည်း ရေမွန်မကွယ်လွန်ခင် သွင်းသွားခဲ့တဲ့ သီချင်းတွေအားလုံး အချောသတ်ပြီးတာနဲ့ တတိယအခွေ ထုတ်သွားဖို့ရှိတဲ့ အကြောင်း ပရိသတ်တွေကို သတင်းကောင်းပါးထားပါတယ်။

ရေမွန်သီဆိုတဲ့သီချင်းတိုင်းဟာ လူ့ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတိုင်းကို ပေါ်လွင်စေပြီး စိတ်ဓာတ်ကျနေသူများ သူ့ရဲ့သီချင်းကိုနားထောင်လိုက်ပါက အားအင်သစ်တွေကို ပြန်လည်ရရှိစေတဲ့အထိ အဓိပ္ပာယ်ရှိလှပါတယ်။

ပရိသတ်တွေအပေါ်အမြဲတလေးတစားဆက်ဆံတတ်တဲ့ အဆိုတော် ရေမွန်တစ်ယောက် ကောင်းကင်ဘုံမှာ သူချစ်တဲ့ သီချင်းတွေနဲ့ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Lapyae Kabyar’s and Raymond’s Facebook Account

Zawgyi

အဆိုေတာ္ ေရမြန္ကြယ္လြန္တာ တစ္ပတ္ေက်ာ္သြားခဲ့ၿပီ ျဖစ္ေပမယ့္လည္း ပရိသတ္ေတြအားလုံးက ယေန႕ထိတိုင္ေအာက္ေမ့သတိရေနၾကဆဲ ျဖစ္ပါတယ္။ သူ႕အတြက္ ရည္စူးၿပီး ကုသိုလ္ေကာင္းမႈေတြကိုလည္း တတ္နိုင္သေလာက္ လုပ္ေပးၾကတာလည္း ျဖစ္ပါတယ္။

မိသားစုဝင္သုံးဦးတည္းသာ ရွိတဲ့အတြက္ အခုလို ေရမြန္႐ုတ္တရတ္ခြဲခြာသြားတာေၾကာင့္ က်န္ရစ္ခဲ့တဲ့ မိခင္နဲ႕ ညီမေလးမွာ ေျပာမျပတတ္ေအာင္ ယူႀကဳံးမရ ဝမ္းနည္းေၾကကြဲခဲ့ၾကရတာ ျဖစ္ပါတယ္။

ေရမြန္ရဲ႕ ညီမေလး လျပည့္ကဗ်ာကလည္း အစ္ကိုနဲ႕ပတ္သက္တဲ့ အမွတ္တရေတြကို သူမရဲ႕ လူမႈကြန္ယက္တြင္ေရးသားေလ့ရွိၿပီး အခုမွာေတာ့ သူမကြယ္လြန္ခင္ ေနာက္ဆုံးဝတ္ဆင္ခဲ့တဲ့ အကၤ်ီေလးကို ဝမ္းနည္းစြာျဖင့္ ျပသလာတာ ျဖစ္ပါတယ္။

ေရမြန္ဝတ္ဆင္ခဲ့တဲ့ အကၤ်ီေလးတြင္ ႐ြံ႕ေတြေပက်ံေနတာကို ၾကည့္ျခင္းအားျဖင့္ ေတာထဲမွာဘယ္ေလာက္ေတာင္ ပင္ပန္းဆင္းရဲစြာ ေနထိုင္ခဲ့ရသလဲဆိုတာ အားလုံးသိရွိၾကမွာပါ။

လျပည့္ကဗ်ာကလည္း ” သူေနာက္ဆုံး ဝတ္ခဲ့တဲ့ အကၤ်ီေလး ဘယ္ေလာက္ေတာင္ ပင္ပန္းခဲ့လိုက္မလဲ ႐ႊံ႕ေတြေတာင္ ေပလို႔ တစ္သက္လုံးသိမ္းထားမယ္” ဆိုၿပီး စာေလးေရးသားထားပါတယ္။

Idiots Band အဖြဲ႕သားမ်ားကလည္း ေရမြန္မကြယ္လြန္ခင္ သြင္းသြားခဲ့တဲ့ သီခ်င္းေတြအားလုံး အေခ်ာသတ္ၿပီးတာနဲ႕ တတိယအေခြ ထုတ္သြားဖို႔ရွိတဲ့ အေၾကာင္း ပရိသတ္ေတြကို သတင္းေကာင္းပါးထားပါတယ္။

ေရမြန္သီဆိုတဲ့သီခ်င္းတိုင္းဟာ လူ႕ဘဝမွာ ျဖစ္ပ်က္ေနတဲ့အရာတိုင္းကို ေပၚလြင္ေစၿပီး စိတ္ဓာတ္က်ေနသူမ်ား သူ႕ရဲ႕သီခ်င္းကိုနားေထာင္လိုက္ပါက အားအင္သစ္ေတြကို ျပန္လည္ရရွိေစတဲ့အထိ အဓိပၸာယ္ရွိလွပါတယ္။

ပရိသတ္ေတြအေပၚအၿမဲတေလးတစားဆက္ဆံတတ္တဲ့ အဆိုေတာ္ ေရမြန္တစ္ေယာက္ ေကာင္းကင္ဘုံမွာ သူခ်စ္တဲ့ သီခ်င္းေတြနဲ႕ၿငိမ္းခ်မ္းစြာ ေနထိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Lapyae Kabyar’s and Raymond’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *