မြန်မာစစ်.အာ.ဏာ.သိမ်းကောင်စီကို နိုင်ငံတကာ အရေးယူ ဒဏ်ခတ်မှု တရုတ် သဘောမတူ

Unicode

မြန်မာ.စစ်.အာ.ဏာသိမ်းကောင်စီကို နိုင်ငံတကာကအရေးယူ ဒဏ်ခတ်မှုများ တရုတ်နိုင်ငံကသဘောမတူကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီး

ဝမ်ယိက ဇူလိုင်၃ရက်က တရုတ်နိုင်ငံချင်းဟွာတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် (၉)ကြိမ်မြောက်ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် ပြောဆိုသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး

ဝမ်ယိကမြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီးအဓိကအကျဆုံးသည်အတွင်းပိုင်းဆွေးနွေးမှုကိုတွန်းအားပေးဖော်ဆောင်ကာနိုင်ငံရေးပြန်လည်သင့်မြတ်မှုကို

ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွင်အခက်အခဲများကြုံတွေ့ရခြင်းသည် အခြေခံအားဖြင့်ဆိုရလျှင်

ပြည်တွင်းရေးကိစ္စဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးမှုကတစ်ဆင့်နိုင်ငံရေးဖြေရှင်း၍ အကြမ်းဖက်ကိစ္စရပ်များ

ထပ်မံဖြစ်ပွားမှုကို ရှောင်ကြဉ်ကာနိုင်ငံနှင့်လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှုကို

ဆောလျင်စွာပြန်လည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊၎င်းကနိုင်ငံတကာအသိုင်းအဝိုင်းကလည်း

မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့်ပြည်သူများ၏ရွေးချယ်မှုကို လက်တွေ့ကျကျလေးစားကာသဘောထားကွဲလွဲမှုရင်ကြားစေ့ရေးကိုအထောက်အကူပြုသည့်

ကိစ္စရပ်များပိုမိုလုပ်ဆောင်ပြီးတစ်ဖက်သတ်အရေးယူဒဏ်ခတ်မှုနှင့် မသင့်လျော်သည့်ကြားဝင်မှုကိုရှောင်ကြဉ်သင့်ကြောင်း ပြောဆိုသည်။တရုတ်နိုင်ငံက

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရန်လေးလေးနက်နက်မျှော်လင့်ပြီး အာဆီယံကအာဆီယံနည်းလမ်းဖြင့် မြန်မာနိုင်ငံအခြေအနေ “အဆင်ပြေချောမွေ့စွာ

ကိုင်တွယ်ဖြေရှင်းနိုင်ရေး (Soft Landing)”ကို ဆောလျင် စွာဖော်ဆောင်နိုင်ရန်တွန်းအားပေးမှုကိုခိုင်မြဲစွာထောက်ခံ

အားပေး၍မြန်မာနိုင်ငံသို့ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးစသည့်အကူအညီများကို

အတူတကွပေးအပ်ကာ မိမိ၏မြန်မာနိုင်ငံဘက်အသီးသီးနှင့် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကိုဆက်လက်အသုံးပြု၍

တက်တက်ကြွကြွချိတ်ဆက်ကြားဝင်ဆောင်ရွက်မှုကိုဖော်ဆောင်သွားမည်ဖြစ်ကြောင်းပြောဆိုသည်

Zawgyi

ျမန္မာ.စစ္.အာ.ဏာ.သိမ္းေကာင္စီကို နိုင္ငံတကာက အေရးယူ ဒဏ္ခတ္မႈမ်ားတ႐ုတ္နိုင္ငံကသေဘာမတူေၾကာင္းတ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဝမ္ယိက

ဇူလိုင္ ၃ရက္ကတ႐ုတ္နိုင္ငံခ်င္းဟြာတကၠသိုလ္တြင္ ျပဳလုပ္ခဲ့သည့္ (၉)ႀကိမ္ေျမာက္ ကမာၻ႔ၿငိမ္းခ်မ္းေရးဖိုရမ္တြင္ ေျပာဆိုသည္။တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး

ဝမ္ယိက ျမန္မာနိုင္ငံအေရးႏွင့္ပတ္သက္ၿပီးအဓိကအက်ဆဳံးသည္ အတြင္းပိုင္းေဆြးေႏြးမႈကိုတြန္းအားေပးေဖာ္ေဆာင္ကာ နိုင္ငံ ေရးျပန္လည္သင့္ျမတ္မႈကို

​ေဖာ္ေဆာင္ရမည္ျဖစ္ ေၾကာင္း၊ ျမန္မာနိုင္ငံ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးျဖစ္စဥ္တြင္

အခက္အခဲမ်ားႀကဳံေတြ႕ရျခင္းသည္ အေျခခံအားျဖင့္ဆိုရလွ်င္…

ျပည္တြင္းေရး ကိစၥျဖစ္ကာဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဥပေဒမူေဘာင္အတြင္း၌ ေဆြးေႏြးမႈကတစ္ဆင့္ နိုင္ငံ ေရးေျဖရွင္း၍အၾကမ္းဖက္ကိစၥရပ္မ်ား

ထပ္မံျဖစ္ပြားမႈကို ေရွာင္ၾကဥ္ကာနိုင္ငံႏွင့္လူေနမႈအဖြဲ႕အစည္း တည္ ၿငိမ္မႈကို ေဆာလ်င္စြာ ျပန္လည္ေဖာ္ေဆာင္ရမည္ျဖစ္ ေၾကာင္း၎ကနိုင္ငံတကာအသိုင္းအဝိုင္းကလည္း

ျမန္မာနိုင္ငံ၏အခ်ဳပ္အျခာအာဏာႏွင့္ ျပည္သူမ်ား၏ေ႐ြးခ်ယ္မႈကိုလက္ေတြ႕က်က်ေလးစားကာသ ေဘာထားကြဲလြဲမႈရင္ၾကားေစ့ေရးကိုအေထာက္အကူျပဳသည့္

ကိစၥရပ္မ်ားပိုမိုလုပ္ေဆာင္ၿပီးတစ္ဖက္သတ္ အေရးယူဒဏ္ခတ္မႈႏွင့္ မသင့္ေလ်ာ္သည့္ၾကားဝင္မႈကို ေရွာင္ၾကဥ္သင့္ေၾကာင္း ေျပာဆိုသည္။တ႐ုတ္နိုင္ငံက

ျမန္မာနိုင္ငံ တည္ၿငိမ္ေအးခ်မ္းရန္ ေလးေလးနက္နက္ေမွ်ာ္လင့္ၿပီး အာဆီယံကအာဆီယံနည္းလမ္းျဖင့္ ျမန္မာနိုင္ငံအေျခအေန “အဆင္ေျပေခ်ာေမြ႕စြာကိုင္ တြယ္ေျဖရွင္းနိုင္ေရး

(Soft Landing)”ကို ေဆာလ်င္စြာေဖာ္ေဆာင္နိုင္ရန္ တြန္းအားေပးမႈကိုခိုင္ၿမဲစြာ ေထာက္ခံအားေပး၍ ျမန္မာနိုင္ငံသို႔ကပ္ေရာဂါတိုက္ဖ်က္ေရးႏွင့္စီးပြားေရးစသည့္ အကူအညီမ်ားကို

အတူတကြေပးအပ္ကာ မိမိ၏ ျမန္မာနိုင္ငံဘက္အသီးသီးႏွင့္ခ်စ္ၾကည္ရင္းႏွီးသည့္ဆက္ဆံေရးကို

ဆက္လက္အသုံးျပဳ၍တက္တက္ႂကြႂကြခ်ိတ္ဆက္ၾကားဝင္ေဆာင္႐ြက္မႈကို ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။

Add a Comment

Your email address will not be published. Required fields are marked *