ယုံကြည်မှုတစ်ခုနဲ့လက်နှက်ကိုင်ခဲ့တဲ့ ဘဝတူရဲဘော်တွေအတွက် သိန်းရာနဲ့ချီတဲ့ အလှူငွေတွေရခဲ့လို့ ကျေနပ်ပီတိဖြစ်နေတဲ့ နိုဗန်ထူး

Unicode

မတရားမှုကိုဆန့်ကျင်ကြတဲ့နေရာမှာ ပြည်သူတစ်ရပ်လုံးဟာ နိုင်ရာတာဝန်ထမ်းရင်း ကြိုးစားပေးနေကြပါတယ်။ လူငယ်တော်တော်များများဟာလည်း တောခိုပြီးလက်နှက်ကိုင်ကာ စစ်ပညာတွေကိုသင်ယူပြီး မတရားမှုကိုတိုက်ထုတ်ဖို့ ကြိုးစားနေခဲ့ကြသလို တတ်နိုင်သူတွေကလည်း ကြိုးစားနေသူတွေအတွက် ငွေကြေးထောက်ပံ့လှူဒါန်းမှုတွေ လုပ်ပေးခဲ့ကြပါတယ်။ ဒီနေ့မှာလည်း လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတဲ့ နိုဗန်ထူးဟာ ယခင်ကတည်းက ကြိုးစားခဲ့တဲ့ ကိစ္စတစ်ခု အကောင်အထည်ပေါ်လာခဲ့ပြီး ဘဝတူရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ခဲ့လို့ ပျော်ရတဲ့အကြောင်းကို လူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။

အခုလိုကာလမှာ ဘယ်ကိစ္စမဆိုလျို့ဝှက်ပြီးလုပ်ရတာမို့ အဆင်မပြေမချင်း ဘယ်သူ့ကိုမှ အသိမပေးဘဲ အောင်မြင်သွားပြီဆိုမှ အသိပေးစကားပြောလာခဲ့တာပါ။ ပျော်စရာအကြောင်း လေးကို ” နာကျင်စရာတွေ ကြားက ကျေနပ်စရာတချို့လည်းဖြစ်ခဲ့တယ်။ ကိုဝင်းကျော်နဲ့ တိုင်ပင်ပြီး ကျနော်တို့ရဲဘော်တွေအတွက် လိုအပ်တာတွေ တက်နိုင်သမျှရှာဖွေပေးသွားမယ် ဆိုပြီး အရင်ကတည်းကကြံစည်ခဲ့တာ အခုတော့ ဖြစ်လာခဲ့ပြီ။

ဒီကြားထဲ ကိုရေမွန်ရုတ်တရက် ထွက်ခွာသွားတော့ ကျနော်တို့စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်ခဲ့ရတယ်။ ဖြစ်တယ်ဆိုပြီးတော့ လည်း တော်လှန်ရေးကိုစိတ်လျော့သွားရမှာမဟုတ်ဘူး။

ပိုပြီးနာကြည်းတယ်။ အမုန်းတရားနဲ့ မိတ်ဖွဲ့ထားပြီး ပြန်လည်ပေးဆပ်ဖို့ ရှေ့ဆက်လျှောက်ဖို့ပဲ ရှိတယ်။ကိုရေမွန်လည်း စောင့်ကြည့်နေမယ်လို့ယုံကြည်တယ်။

အခုလည်း အာလုံးစုပေါင်းထည့်ဝင်ထားတဲ့ အထဲက ဘတ်နှစ်သိန်းလည်း ကျွန်တော်တို့ရဲဘော်တွေဆီ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့ပါပြီ။

သေချာတာတစ်ခုက ပန်းနဲ့ပေါက်တဲ့ပွဲမဟုတ်တော့ ပေးဆပ်မူကတော့ ကြီးမှာပါပဲ။ ဘယ်အကြောင်း ကြောင်းနဲ့မှ သွေးမအေးစေရ။” ဆိုပြီး နိုဗန်ထူးက အားလုံးကိုအသိပေးလာခဲ့ပါတယ်။

ဒုက္ခခံပြီးတောထဲမှာ စစ်ရေးလေ့ကျင့်သင်ကြားနေတဲ့ လူငယ်တွေဟာ မလုံမခြုံနဲ့ ချို့ချို့တဲ့တဲ့နေရတာ များပါတယ်။ တိုက်ပွဲဝင်တယ်ဆိုတာ အားအင်တွေပြည့်ဖြိုးနေမှ အဆင်ပြေတာမို့ ဒီလိုနေရာတွေကို များများလှူပေးကြဖို့ ထားထက်ထက်ကိုယ်တိုင်ကလည်း တိုက်တွန်းခဲ့ပါသေးတယ်။

တောထဲမှာ ငှက်ဖျားကြောင့်အသက်ဆုံးရှုံးခဲ့ရတာတွေနဲ့ ကုသပေးမယ့်ဆရာဝန်မရှိတာကြောင့် မဆုံးရှုံးသင့်တဲ့ အသက်တွေဆုံးရှုံးရတာတွေဟာလည်း ရင်နာစရာပါ။

ဒီလိုအဖြစ်တွေကနေ ကင်းဝေးအောင် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ခွန်အားပြည့်မယ့် အစာအာဟာရတွေ များများစားစားရှိဖို့လိုအပ်ပါတယ်။ အခုလိုအလှူငွေတွေ အများကြီးရရှိခဲ့တဲ့အပေါ်မှာလည်း အကျိုးရှိမယ့်အရာတွေကိုလုပ်ဆောင်သွားမှာမို့ ကြိုးစားနေတဲ့ရဲဘော်တွေအတွက်တော့ တကယ်ကိုခွန်အားဖြစ်စရာပါပဲ။
CRD – Myanmarload

Zawgyi

မတရားမႈကိုဆန့္က်င္ၾကတဲ့ေနရာမွာ ျပည္သူတစ္ရပ္လုံးဟာ နိုင္ရာတာဝန္ထမ္းရင္း ႀကိဳးစားေပးေနၾကပါတယ္။ လူငယ္ေတာ္ေတာ္မ်ားမ်ားဟာလည္း ေတာခိုၿပီးလက္ႏွက္ကိုင္ကာ စစ္ပညာေတြကိုသင္ယူၿပီး မတရားမႈကိုတိုက္ထုတ္ဖို႔ ႀကိဳးစားေနခဲ့ၾကသလို တတ္နိုင္သူေတြကလည္း ႀကိဳးစားေနသူေတြအတြက္ ေငြေၾကးေထာက္ပံ့လႉဒါန္းမႈေတြ လုပ္ေပးခဲ့ၾကပါတယ္။ ဒီေန႕မွာလည္း လြတ္ေျမာက္နယ္ေျမတစ္ခုကိုေရာက္ရွိေနတဲ့ နိုဗန္ထူးဟာ ယခင္ကတည္းက ႀကိဳးစားခဲ့တဲ့ ကိစၥတစ္ခု အေကာင္အထည္ေပၚလာခဲ့ၿပီး ဘဝတူရဲေဘာ္ေတြကို ေထာက္ပံ့ေပးနိုင္ခဲ့လို႔ ေပ်ာ္ရတဲ့အေၾကာင္းကို လူမႈကြန္ရက္မွာ ေျပာျပလာခဲ့ပါတယ္။

အခုလိုကာလမွာ ဘယ္ကိစၥမဆိုလ်ိဳ႕ဝွက္ၿပီးလုပ္ရတာမို႔ အဆင္မေျပမခ်င္း ဘယ္သူ႕ကိုမွ အသိမေပးဘဲ ေအာင္ျမင္သြားၿပီဆိုမွ အသိေပးစကားေျပာလာခဲ့တာပါ။ ေပ်ာ္စရာအေၾကာင္း ေလးကို ” နာက်င္စရာေတြ ၾကားက ေက်နပ္စရာတခ်ိဳ႕လည္းျဖစ္ခဲ့တယ္။ ကိုဝင္းေက်ာ္နဲ႕ တိုင္ပင္ၿပီး က်ေနာ္တို႔ရဲေဘာ္ေတြအတြက္ လိုအပ္တာေတြ တက္နိုင္သမွ်ရွာေဖြေပးသြားမယ္ ဆိုၿပီး အရင္ကတည္းကႀကံစည္ခဲ့တာ အခုေတာ့ ျဖစ္လာခဲ့ၿပီ။

ဒီၾကားထဲ ကိုေရမြန္႐ုတ္တရက္ ထြက္ခြာသြားေတာ့ က်ေနာ္တို႔စိတ္ေတြ တိမ္းတိမ္းေပြေပြ ျဖစ္ခဲ့ရတယ္။ ျဖစ္တယ္ဆိုၿပီးေတာ့ လည္း ေတာ္လွန္ေရးကိုစိတ္ေလ်ာ့သြားရမွာမဟုတ္ဘူး။

ပိုၿပီးနာၾကည္းတယ္။ အမုန္းတရားနဲ႕ မိတ္ဖြဲ႕ထားၿပီး ျပန္လည္ေပးဆပ္ဖို႔ ေရွ႕ဆက္ေလွ်ာက္ဖို႔ပဲ ရွိတယ္။ကိုေရမြန္လည္း ေစာင့္ၾကည့္ေနမယ္လို႔ယုံၾကည္တယ္။

အခုလည္း အာလုံးစုေပါင္းထည့္ဝင္ထားတဲ့ အထဲက ဘတ္ႏွစ္သိန္းလည္း ကြၽန္ေတာ္တို႔ရဲေဘာ္ေတြဆီ ေခ်ာေခ်ာေမြ႕ေမြ႕ ေရာက္ရွိလာခဲ့ပါၿပီ။

ေသခ်ာတာတစ္ခုက ပန္းနဲ႕ေပါက္တဲ့ပြဲမဟုတ္ေတာ့ ေပးဆပ္မူကေတာ့ ႀကီးမွာပါပဲ။ ဘယ္အေၾကာင္း ေၾကာင္းနဲ႕မွ ေသြးမေအးေစရ။” ဆိုၿပီး နိုဗန္ထူးက အားလုံးကိုအသိေပးလာခဲ့ပါတယ္။

ဒုကၡခံၿပီးေတာထဲမွာ စစ္ေရးေလ့က်င့္သင္ၾကားေနတဲ့ လူငယ္ေတြဟာ မလုံမၿခဳံနဲ႕ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေနရတာ မ်ားပါတယ္။ တိုက္ပြဲဝင္တယ္ဆိုတာ အားအင္ေတြျပည့္ၿဖိဳးေနမွ အဆင္ေျပတာမို႔ ဒီလိုေနရာေတြကို မ်ားမ်ားလႉေပးၾကဖို႔ ထားထက္ထက္ကိုယ္တိုင္ကလည္း တိုက္တြန္းခဲ့ပါေသးတယ္။

ေတာထဲမွာ ငွက္ဖ်ားေၾကာင့္အသက္ဆုံးရႈံးခဲ့ရတာေတြနဲ႕ ကုသေပးမယ့္ဆရာဝန္မရွိတာေၾကာင့္ မဆုံးရႈံးသင့္တဲ့ အသက္ေတြဆုံးရႈံးရတာေတြဟာလည္း ရင္နာစရာပါ။

ဒီလိုအျဖစ္ေတြကေန ကင္းေဝးေအာင္ က်န္းမာေရးေစာင့္ေရွာက္မႈေတြနဲ႕ ခြန္အားျပည့္မယ့္ အစာအာဟာရေတြ မ်ားမ်ားစားစားရွိဖို႔လိုအပ္ပါတယ္။ အခုလိုအလႉေငြေတြ အမ်ားႀကီးရရွိခဲ့တဲ့အေပၚမွာလည္း အက်ိဳးရွိမယ့္အရာေတြကိုလုပ္ေဆာင္သြားမွာမို႔ ႀကိဳးစားေနတဲ့ရဲေဘာ္ေတြအတြက္ေတာ့ တကယ္ကိုခြန္အားျဖစ္စရာပါပဲ။
CRD – Myanmarload

Add a Comment

Your email address will not be published. Required fields are marked *