အဘ မွေးနေ့ သီချင်းလေး… နောက်ဆုံးဆိုသွားတာလေးကအသက်နော်

Unicode
ဇူလိုင် ၁ ရက် ကြာသပတေး နေ့သည်ကား လူပေါင်း ၉၀၀ နီးပါး နောက်ပိုင်းတွင် အသတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာ အပြစ်မဲ့ ပြည်သူများ ဖမ်းဆီးခံခဲ့ရသည့် အာဏာသိမ်းပွဲ ရက်ပေါင်း ၁၅၀ ရှိလာပြီ ဖြစ်သည်။

ငါးလ လုံးလုံးလည်း ပြည်သူများ အဖို့ ထိတ်လန့်ခြောက်ချားစရာ ကောင်းလှသည့် ရာဇဝတ်မှုများကို နေ့စဉ်လို မြင်တွေ့ ကြားသိနေကြရသည်။ စစ်အာဏာရှင်များကို လမ်းပေါ်ထွက် ဆန့်ကျင်ခဲ့ကြသည့် လူငယ်လူရွယ်များ သေဆုံးသွားခဲ့ရပြန်သော်လည်း အချို့သော မိသားစုများ အဖို့ သင်္ဂြိုလ် ခွင့် ရဖို့ အပထား အလောင်းပင် မြင်ခွင့်မရလိုက်ကြပေ။

တချိန်တွင် နိုင်ငံ၏ အနာဂတ် သားကောင်း သမီးရတနာများ ဖြစ်လာကြမည့် လူငယ်များ ကြွေလွင့်သွားခဲ့ကြရပြီ ဖြစ်သည်။ထိုသို့သော ရာဇဝတ်မှုများအား ရက်ပေါင်း ၁၅၀ ဆိုသည့် အချိန်ကာလ အပိုင်းအခြားလေးတွင် ကျူးလွန်ခဲ့ကြခြင်း ပင် ဖြစ်သည်။

၎င်းလုပ်ရပ်ကြောင့် သေဆုံးရသူ အရည်အတွက်အပေါ် ထင်မြင်ချက် ပေးရန် ငြင်းဆိုလေ့ရှိပြီး မဖြစ်မနေ ပြောရဖို့ ဖြစ် လာသည့် အခါတွင်လည်း ၃၀၀ ခန့် ရှိမည်ဟု ဝန်ခံသွားခဲ့သည်။မြန်မာသမိုင်းတွင် တတိယ အကြိမ်မြောက် အာဏာ သိမ်းသူ အဖြစ် ထင်ရှားလာခဲ့သည်။

၎င်းသာ မဟုတ် အာဏာသိမ်းသော စစ်ဗိုလ်ချူပ်အားလုံး လူသတ်ခဲ့ကြသူများသာ ဖြစ်သည်၊ ဗိုလ်ချုပ်ကြီး စောမောင်၏ နဝတ ခေတ်တွင် အမျိုးသား ၃၃၉ ဦး၊ အမျိုးသမီး ၃၄၂ ဦး၊ စုစုပေါင်း ၆၈၁ ဦး သေဆုံးသွားခဲ့ရသည်ဟု အစိုးရ သတင်းစာများ မှ ထုတ်ပြန်ခဲ့သည်။credit

နားဆင်ရန်

Zawgyi

ဇူလိုင္ ၁ ရက္ ၾကာသပေတး ေန႕သည္ကား လူေပါင္း ၉၀၀ နီးပါး ေနာက္ပိုင္းတြင္ အသတ္ခံခဲ့ရၿပီး ေထာင္ေပါင္းမ်ားစြာ အျပစ္မဲ့ ျပည္သူမ်ား ဖမ္းဆီးခံခဲ့ရသည့္ အာဏာသိမ္းပြဲ ရက္ေပါင္း ၁၅၀ ရွိလာၿပီ ျဖစ္သည္။

ငါးလ လုံးလုံးလည္း ျပည္သူမ်ား အဖို႔ ထိတ္လန႔္ေျခာက္ခ်ားစရာ ေကာင္းလွသည့္ ရာဇဝတ္မႈမ်ားကို ေန႕စဥ္လို ျမင္ေတြ႕ ၾကားသိေနၾကရသည္။ စစ္အာဏာရွင္မ်ားကို လမ္းေပၚထြက္ ဆန႔္က်င္ခဲ့ၾကသည့္ လူငယ္လူ႐ြယ္မ်ား ေသဆုံးသြားခဲ့ရျပန္ေသာ္လည္း အခ်ိဳ႕ေသာ မိသားစုမ်ား အဖို႔ သျဂၤိုလ္ ခြင့္ ရဖို႔ အပထား အေလာင္းပင္ ျမင္ခြင့္မရလိုက္ၾကေပ။

တခ်ိန္တြင္ နိုင္ငံ၏ အနာဂတ္ သားေကာင္း သမီးရတနာမ်ား ျဖစ္လာၾကမည့္ လူငယ္မ်ား ေႂကြလြင့္သြားခဲ့ၾကရၿပီ ျဖစ္သည္။ထိုသို႔ေသာ ရာဇဝတ္မႈမ်ားအား ရက္ေပါင္း ၁၅၀ ဆိုသည့္ အခ်ိန္ကာလ အပိုင္းအျခားေလးတြင္ က်ဴးလြန္ခဲ့ၾကျခင္း ပင္ ျဖစ္သည္။

၎လုပ္ရပ္ေၾကာင့္ ေသဆုံးရသူ အရည္အတြက္အေပၚ ထင္ျမင္ခ်က္ ေပးရန္ ျငင္းဆိုေလ့ရွိၿပီး မျဖစ္မေန ေျပာရဖို႔ ျဖစ္ လာသည့္ အခါတြင္လည္း ၃၀၀ ခန႔္ ရွိမည္ဟု ဝန္ခံသြားခဲ့သည္။ျမန္မာသမိုင္းတြင္ တတိယ အႀကိမ္ေျမာက္ အာဏာ သိမ္းသူ အျဖစ္ ထင္ရွားလာခဲ့သည္။

၎သာ မဟုတ္ အာဏာသိမ္းေသာ စစ္ဗိုလ္ခ်ဴပ္အားလုံး လူသတ္ခဲ့ၾကသူမ်ားသာ ျဖစ္သည္၊ ဗိုလ္ခ်ဳပ္ႀကီး ေစာေမာင္၏ နဝတ ေခတ္တြင္ အမ်ိဳးသား ၃၃၉ ဦး၊ အမ်ိဳးသမီး ၃၄၂ ဦး၊ စုစုေပါင္း ၆၈၁ ဦး ေသဆုံးသြားခဲ့ရသည္ဟု အစိုးရ သတင္းစာမ်ား မွ ထုတ္ျပန္ခဲ့သည္။credit