မိခင်ကြီးနေမကောင်းဖြစ်နေတဲ့ သတင်းကြားတာနဲ့ အပြေးအလွှားပြန်သွားပြီး ကိုယ်ဖိရင်ဖိ ပြုစုပေးနေရှာတဲ့ သားလိမ္မာလေးကျော်ကျော်နန္ဒ

Unicode

အဆိုတော် ကျော်ကျော်နန္ဒကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်

လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတစ်ယောက်နေရာကနေ တစ်တပ်တစ်အား ပါဝင်ခဲ့တဲ့ ကျော်ကျော်နန္ဒက ပုဒ်မ (၅၀၅)က နဲ့ ဝရမ်းထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်

ဒါကြောင့် ကျော်ကျော်နန္ဒက အဝေးတစ်နေရာမှာ အနေဆင်းရဲ၊အစားဆင်းရဲနဲ့ ဒုက္ခခံပြီး ရှောင်ပုန်းခဲ့ရတာဖြစ်ပါတယ်

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကျော်ကျော်နန္ဒအပါအဝင် အနုပညာရှင် (၂၅) ဦးကို (၅၀၅)ကနဲ့ တရားစွဲဆိုထားတဲ့စာရင်းကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကြောင့် ပရိသတ်တွေကလည်း ကျော်ကျော်နန္ဒအတွက် ဝမ်းသာနေကြတာဖြစ်ပါတယ်။အခုတော့ ကျော်ကျော်နန္ဒက သူ့ရဲ့မိခင်ကြီး နေမကောင်းဖြစ်နေတာကိုကြားရလို့ အမြန်သွားပြီး ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်

မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတဲ့အချိန်မှာ သားတစ်ယောက်အနေနဲ့ အခုလိုပြုစုခွင့်ရတာက “ဘုရားကယ်လို့ပါ”ဆိုပြီး ကျော်ကျော်နန္ဒက ပြောထားတာဖြစ်ပါတယ်

ဒါ့အပြင် ကျော်ကျော်နန္ဒက သူ့ကို အဘက်ဘက်ကနေ ကူညီပေးခဲ့သူတွေနဲ့ ဆုတောင်းမေတ္တာပို့သပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်စကားပြောထားတာလည်း တွေ့ရပါတယ်။

နာမကျန်းဖြစ်နေတဲ့ မိခင်ရဲ့လက်လေးကိုကိုင်ပြီး ဘေးကနေ အားပေးနေတဲ့ ကျော်ကျော်နန္ဒရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်
Crd…

Zawgyi








Crd…