နွေးထွေးတဲ့မေတ္တာတွေအပြည့်နဲ့ စစ်ဘေးရှောင်ကလေးငယ်တွေကို ဆေးကုသပေးနေတဲ့ မီးအိမ်ရှင်ဂရုဏာမလေး ဒေါက်တာ A Nyein

Unicode

တောင်ပေါ်ဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ ကရုဏာရှင် ဒေါက်တာမလေး A Nyein ကိုတော့ ပရိသတ်တွေ အားလုံး သိကြမှာပါနော်.

တိုက်ပွဲတွေကြား တစ်ရွာဝင်တစ်ရွာထွက် ပြေးလွှားရှောင်တိမ်းရင်း စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ပြီး အရေးတော်ပုံကြီးမှာ

တစ်ထောင့်တစ်နေရာကနေ ကိုယ်ကျိုးစွန့် ကြိုးစားပါဝင်နေတဲ့ ဒေါက်တာမလေး A Nyein ရဲ့ အနစ်နာခံပေးဆပ်မှုတွေကလည်း ပြည်သူတွေကို လေးစားချီးကျူးစေခဲ့ပါတယ်.

သူမရဲ့ငြိမ်းဆေးခန်းမှာ ဆေးခန်းလာပြတဲ့ ကလေးငယ်လေးတွေကို ဆေးကုပေးရင်း မုန့်တွေပါဝေကျွေးတဲ့ ပုံရိပ်လေးတွေကလည်း မြင်ရသူအဖို့ ကြည်နူးမှုလေးတွေ ကူးစက်စေပါတယ်.

ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေနဲ့ လူကြီးလူငယ်မရွေး အားလုံးကို လေးစားချစ်ခင်စေတဲ့ A Nyain ကတော့ သူမရဲ့ မွေးနေ့လေးမှာလည်း ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းခဲ့တာတွေကလည်း တကယ်ကို အေးချမ်းပျော်ရွှင်စရာလေးပါပဲ

အခုတစ်ခါမှာတော့ ဆေးကုပေးရင်း ပြုံးပျော်နေကြတဲ့ ဒေါက်တာမလေး A Nyein နဲ့ ကလေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာမို့ သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်
Credit

Zawgyi

ေတာင္ေပၚေဒသေတြက စစ္ေဘးေရွာင္ျပည္သူေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေပးေနတဲ့ က႐ုဏာရွင္ ေဒါက္တာမေလး A Nyein ကိုေတာ့ ပရိသတ္ေတြ အားလုံး သိၾကမွာပါေနာ္.

တိုက္ပြဲေတြၾကား တစ္႐ြာဝင္တစ္႐ြာထြက္ ေျပးလႊားေရွာင္တိမ္းရင္း စစ္ေဘးေရွာင္ျပည္သူေတြကို ကူညီေစာင့္ေရွာက္ၿပီး

အေရးေတာ္ပုံႀကီးမွာ တစ္ေထာင့္တစ္ေနရာကေန ကိုယ္က်ိဳးစြန႔္ ႀကိဳးစားပါဝင္ေနတဲ့ ေဒါက္တာမေလး A Nyein ရဲ႕ အနစ္နာခံေပးဆပ္မႈေတြကလည္း ျပည္သူေတြကို ေလးစားခ်ီးက်ဴးေစခဲ့ပါတယ္.

သူမရဲ႕ၿငိမ္းေဆးခန္းမွာ ေဆးခန္းလာျပတဲ့ ကေလးငယ္ေလးေတြကို ေဆးကုေပးရင္း မုန႔္ေတြပါေဝေကြၽးတဲ့ ပုံရိပ္ေလးေတြကလည္း ျမင္ရသူအဖို႔ ၾကည္ႏူးမႈေလးေတြ ကူးစက္ေစပါတယ္.

ဟန္ေဆာင္မႈကင္းတဲ့ အၿပဳံးေတြနဲ႕ လူႀကီးလူငယ္မေ႐ြး အားလုံးကို ေလးစားခ်စ္ခင္ေစတဲ့ A Nyain ကေတာ့ သူမရဲ႕ ေမြးေန႕ေလးမွာလည္း ခ်စ္ရသူေတြနဲ႕အတူ ျဖတ္သန္းခဲ့တာေတြကလည္း တကယ္ကို ေအးခ်မ္းေပ်ာ္႐ႊင္စရာေလးပါပဲ

အခုတစ္ခါမွာေတာ့ ေဆးကုေပးရင္း ၿပဳံးေပ်ာ္ေနၾကတဲ့ ေဒါက္တာမေလး A Nyein နဲ႕ ကေလးေတြရဲ႕ ခ်စ္စရာပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြအတြက္ တင္ဆက္ေပးလိုက္တာမို႔ သေဘာက်ေနၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္
Credit