ဘုရားစာတရားစာတွေရှယ်ကာ ဆိုရှယ်မီဒီယာပေါ်ပြန်လည်ရောက်ရှိလာတဲ့ ဖေ့ဘုတ်ဆယ်လီ ဖြူဖြူထွေး

Unicode

ဘုရားစာတရားစာတွေရှယ်ကာ ဆိုရှယ်မီဒီယာပေါ်ပြန်လည်ရောက်ရှိလာတဲ့ ဖေ့ဘုတ်ဆယ်လီ ဖြူဖြူထွေး

ဖြူဖြူထွေးကတော့ ဆိုရှယ်မီဒီယာပေါ်တွင် Follower ၈သန်းကျော်ရှိသည့် Social Influencer တဦးဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ပြည်သူနှင့်တသားတည်း ရပ်တည်မှုမရှိသလို ဆန္ဒပြပွဲများတွင်လည်း ပါဝင်ခြင်းမရှိသည့်အတွက် ရပ်တည်မှု မှန်ကန်သူ မဟုတ်ကြောင်း သတ်မှတ်ခံရကာ လူမှုရေး

ဖယ်ကြဉ်မှုများ(Social Punishment) ပြုလုပ်ခြင်းခံထားရ သူ ဖြစ်သည်။စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ပြည်သူများနှင့်အတူ မရပ်တည်သည့် Facebook ဆယ်လီ ဖြူဖြူထွေးအား ကုမ္ပဏီများအနေဖြင့် သပိတ်မှောက် (Boycott) ရန် တိုက်တွန်းမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက်

ဘုရားတရားစာတွေ ရှယ်ရင်း ဖေ့ဘုတ်ပေါ်ကို ပြန်လည်ရောက်လာခဲ့ပြန်ပါပြီ… သူမ ရဲ့ဖေ့ဘုတ် Myday မှာ လူတွေရဲ့ဝေဖန်မှုတွေနဲ့ပက်သက်ပြီးတော့လည်း မှန်တာကိုလုပ်ပြီး ပွင့်လင်းသူထက် မဟုတ်မမှန်တာလုပ်ပြီး ဟန်ဆောင်ကောင်းသူက ပိုပြီးကြောက်စရာကောင်းတယ်. .. ကမ္ဘာပေါ်မှာ မေတ္တာတရားနဲ့မတန်တဲ့သူဆိုတာ မရှိပါဘူး။

သူတစ်ပါးက ပို့ပေးလွှတ်တဲ့ မေတ္တာတရားကို မခံယူတတ်တဲ့ သူပဲရှိတာပါ ဆိုတဲ့ တရားစာလေးတွေကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

ဖြူဖြူထွေးရဲ့ တစ်လှမ်းချင်း ပြန်လှမ်းလာနေတဲ့ ပရိသတ်တွေကရော သူမကို လက်ခံအုံးမလားဆိုတာ သူမကိုယ်တိုင်လည်း သွေးတိုးစမ်းနေတယ် ထင်ပါရဲ့… ပရိသတ်ကြီးလည်း သူမကို ထင်မြင်ချက်လေးတွေကိုလည်း ရေးပေးသွားကြပါအုံးနော်…
Source : Phyu Phyu Htwe crd

Zawgyi





