Burmese Ghouls Organization နှင့် လမ်းခွဲခဲ့သော MLBB Playerများ

Unicode

Burmese Ghouls ပရိသတ်များအားလုံးပဲမင်္ဂလာပါ

ကျွန်တော်တို့ Burmese Ghouls အနေနဲ့ကျွန်တော်တို့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေနဲ့ အလှမ်းဝေးနေခဲ့တာကြာခဲ့ပါပြီ

ယခုလိုကျွန်တော်တို့နိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေများစွာနဲ့ အတူတူကျန်ခဲ့တဲ့ရက်တွေမှာကျွန်တော်တို့လည်း အဆင်ပြေအောင်ရုန်းကန်နေခဲ့ကြရပါတယ်

ကျွန်တော်တို့ ပရိသတ်တွေလည်း ကြိုးစား ရုန်းကန်နေကြမယ် ထင်ပါတယ် အားတင်းထားကြပါစိတ်မလျော့ကြပါနဲ့

ဒီနေ့မှာတော့ ကျွန်တော်တို့ပရိသတ်တွေနဲ့စတင်ပြန်ထိတွေ့တာနဲ့ အတူတူသတင်းတစ်ခုပေးဖို့အတွက်ရှိပါတယ်

ကျွန်တော်တို့ Burmese Ghouls Organization အနေနဲ့ ယခုကာလအခက်အခဲများကြားထဲမှာရုန်းကန်နေခဲ့ရပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ရဲ့အဓိကအသင်းတစ်သင်းဖြစ်တဲ့ Mobile Legends: Bang Bangအသင်းရဲ့ရှေ့ဆက်မယ့်

အနာဂတ်အတွက်ဆက်လက်ကူညီထောက်ပံ့ပေးနိုင်ခြင်းမရှိတော့တာကြောင့် Organizationနဲ့ကစားသမားများအကြား နှစ်ဖက်သဘောတူ လမ်းခွဲလိုက်ပြီပဲဖြစ်ပါတယ်

ကျွန်တော်တို့ရဲ့ Leaderကြီး ICEICE အနေနဲ့ကတော့ Organizationနဲ့အတူဆက်ရှိနေဦးမှာဖြစ်ပြီးရှေ့ဆက်မယ့် ကျွန်တော်တို့ရဲ့ Activitiesတွေမှာဆက်လက်မြင်တွေ့နေရဦးမှာပါ

ကျွန်တော်တို့ MLBB အသင်းရဲ့ Coachဖြစ်တဲ့ PVNDVနဲ့အတူ Playerများဖြစ်ကြတဲ့ ACE KID RubyDD Maybe Deeတို့

အနေနဲ့တော့ Organizationနဲ့ လမ်းခွဲသွားမှာဖြစ်ပြီးသူတို့ရဲ့ ကစားသမားဘဝကိုအသင်းအသစ်မှာဆက်လက်လျှောက်လှမ်းနေကြဦးမှာဖြစ်ပါတယ်

Burmese Ghouls Organizationအတွက် ဂုဏ်ယူစရာ ကစားသမားများဖြစ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေ ရှေ့ဆက်မယ့် ကစားသမားဘဝမှာရောအသင်းအသစ်မှာပါ

အောင်မြင်မှုများစွာကို ဆက်လက်ဆွတ်ခူးနိုင်ပြီးမြန်မာနိုင်ငံ ဂုဏ်ဆောင် ကစားသမားများအဖြစ်ဆက်လက်အောင်မြင်နေပါစေလို့ကျွန်တော်တို့ Burmese GhoulsOrganization မှ ဆုတောင်းပေးလိုက်ပါတယ်

ကျွန်တော်တို့နဲ့ အတူတူရှိခဲ့တဲ့အမှတ်တရကောင်းများစွာနဲ့ အောင်မြင်မှုတွေများစွာအတွက်ကစားသမားများကိုရောပရိသတ်များကိုပါ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
Once Ghouls , Always Ghouls ..
#BeGhouls

Zawgyi

Burmese Ghouls ပရိသတ္မ်ားအားလုံးပဲမဂၤလာပါ ..



ကျွန်တော်တိုပရိသတ်တွေလည်းကြိုးစားရုန်းကန်နေကြမယ် ထင်ပါတယ်အားတင်းထားကြပါစိတ်မလျော့ကြပါနဲ့







Burmese Ghouls Organization lအတွက် ဂုဏ်ယူစရာ ကစားသမားများ ဖြစ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေ ရှေ့ဆက်မယ့် ကစားသမားဘဝမှာရောအသင်းအသစ်မှာပါ


#BeGhouls