“ရူးသွားမယ်” ဆိုတာ အလကားမဟုတ်ဘူး လို့ပြလိုက်တဲ့ လှည့်ကွက်

Unicode

ဒီပွဲမှာ မြန်မာပြည်သူလူထုကို မျိုးချစ်စိတ် နိုးကြားအောင်သူမ လှုပ်နှိုးခဲ့တယ်။

ဒီပွဲမှာ မြန်မာပြည်သူလူထု ညီညွတ်ကြောင်း ကမ္ဘာကို သူမ ဖော်ပြခဲ့တယ်။

ဒီပွဲမှာ ပြည်တွင်းစစ်ရဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲ သူမဖော်ပြခဲ့တယ်။

ဒီပွဲမှာ တိုင်းပြည်သစ္စာဖောက်တွေက ဘယ်သူတွေဆိုတာ သူမ ရွေးထုတ်ပြလိုက်တယ်။

ဒီပွဲမှာ အချိန်မရွေး နောက်ပြန်လှည့်နိုင်တဲ့ အာဏာရှင်ကို သူမအသက်ရှိစဉ် တစ်ခါတည်း လှည့်ခိုင်းခဲ့တယ်။

ဒီပွဲမှာ နောက်ကွယ်က တရုတ်ကြိုးကိုင်မှုကို ကမ္ဘာကို သူမ သရုပ်ဖော်ပြခဲ့တယ်။

ဒီပွဲမှာ အာဆီယံနိုင်ငံတွေရဲ့ မြန်မာပြည်အပေါ်ထားတဲ့ တကယ့် စိတ်ရင်းအမှန်တွေကို သူမ မြင်သာစေခဲ့တယ်။

ဒီပွဲမှာ CDM နဲ့ ပြည်သူလူထုညီညွတ်မှုဟာ အာဏာရှင်ကို တော်လှန်နိုင်ကြောင်း သမိုင်းအသစ်ကို ရေးထွင်းခဲ့တယ်။

ဒီပွဲမှာ မြန်မာပြည်မှာ မျိုးဆက်တစ်ဆက်ရယ် သားတစ်ယောက်ရယ် မွေးဖွားပေးခဲ့တယ်။

ဒီပွဲမှာ သူမ,မပါဘဲ ဒီမိုကရေစီ အသွင်ဆောင်နိုင်အောင် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းလိုက်တယ်။

ဒီပွဲမှာ မစခင်ကတည်းက အာဏာရှင်ဟာ ရှုံးနိမ့်ပြီးသားပါ သူမရဲ့ လှည့်ကွက်အောက်မှာပေါ့။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi












Add a Comment

Your email address will not be published. Required fields are marked *