၂၀ကျော်အရွယ်ထဲက ခရီးတွေအတူသွားဖို့ တိုင်ပင်စီစဥ်ကြရင်း.. အသက်၇၀ကျော်မှ ခရီးစဥ် အထမြောက်ခဲ့ကြတဲ့ Bffအဖွားနှစ်ဦး၏ပုံရိပ်များ..

Unicode

၂၀ကျော်အရွယ်ထဲက ခရီးတွေအတူသွားဖို့ တိုင်ပင်စီစဥ်ကြရင်း.. အသက်၇၀ကျော်မှ ခရီးစဥ် အထမြောက်ခဲ့ကြတဲ့ Bffအဖွားနှစ်ဦး၏ပုံရိပ်များ..

လူတိုင်းသည် မိမိရဲ့စိတ်တူကိုယ်တူ အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ ပျော်ရွင်ဖွယ်ကောင်းသော ခရီးလေးကို လွတ်လပ်အေးချမ်းစွာ အတူတူသွားရောက်လိုကြပေသည်။

ထို့အတူပင် ယခုတွင်လည်း အသက်၇၀ကျော်နေပြီ ဖြစ်သော အဖွားအို သူငယ်ချင်းနှစ်ဦးဟာ နိုင်ငံအနှံ့ခရီးသွားကာ ပျော်ရွင်ဖွယ်ရာ ခရီးစဥ်ကို စိတ်ချမ်းမြေ့စွာလည်ပတ်နေခဲ့ကြပါတယ်။

အဖွားတို့နှစ်ဦးဟာ အတူတူခရီးထွက်မည့် အစီအစဉ်ကို လာသွားကြစို့ဆိုပြီး လွယ်လွယ်ကူကူနဲ့ အထမြောက်ခဲ့တာတော့ မဟုတ်ပါဘူး။

နှစ်ဦးစလုံးငယ်နုစဥ်အရွယ် လွန်ခဲ့သော နှစ်ပေါင်း၄၀ကျော် ၅၀နီးပါးထဲကပင် သူငယ်ချင်းနှစ်ဦးအတူတကွ ခရီးထွက်ကြဖို့ တိုင်ပင်စီစဉ်ထားခြင်း ဖြစ်ပါတယ်။

ငယ်ရွယ်စဉ်ကတည်းက ခရီးထွက်လိုသော်လည်း တစ်ဦး အားလိုက်၊ တစ်ဦး မအားလိုက်နဲ့.. ဘဝအတွက်ရုန်းကန်လှုပ်ရှားနေသည့်အတွက် အချိန်မပေးနိုင်ဘဲ ယခုအသက်အရွယ်မှသာ လည်ပတ်ဖြစ်တာဟု သိရပါတယ်။

အဖွားတို့နှစ်ဦး၏ လူငယ်များကဲ့သို့ ခရီးထွက်နေသည့် ပုံရိပ်လေးများဟာ လိုင်းပေါ်တွင် ပျံနှံလာသည့်အခါ လူတိုင်းဟာ သဘောကျနှစ်ခြိုက်နေကြပြီး

အဘွားတို့ကို အားကျနေကြပါတော့တယ်.. အဘွားတို့သူငယ်ချင်းနှစ်ဦးကို ခရီးထွက်နေတာဟာ ပေါ့ပါးလွတ်လပ်လန်းဆန်းနေတာကို မြင်ရသလို ကျန်းမာခြင်းနှင့် ပျော်ရွင်ခြင်းတွေကိုပါ မြင်တွေ့နေရပါတယ်။

ဖတ်ရှု့အားပေးနေတဲ့ ပရိသတ်ကြီးထဲမှာကော အဘွားတို့လိုပဲ သူငယ်ချင်းတွေ ခရီးအတူထွက်ကြဖို့ စီစဥ်ကြ တိုင်ပင်ဆွေးနွေးကြရင်း အထမမြောက်ဖြစ်ကာ အစီအစဥ်တွေ အလွဲလွဲ အချော်ချော်ဖြစ်ကာ

ရယ်ရွယ်တိုင်ပင်ရာ ခရီးတွေဆီ မသွားဖြစ် မရောက်ဖြစ်နေကြတာမျိုးတွေ ဖြစ်ဖူးသလား? ကြုံဖူးကြလား ဘယ်လိုကြောင့် ခရီးစဥ် အထမမြောက်နေကြသေးတာလဲ ရင်ဖွင့်ပြောခဲ့ပေးကြပါအုံး.. နော်။

Zawgyi









