အနုပညာရှင်တချို့လည်း မကြာခင်ထပ်မံ လွတ်ဖို့ ရှိနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းမှ ပြောလိုက်ပြီ

Unicode

အနုပညာရှင်တချို့လည်း မကြာခင်ထပ်မံ လွတ်ဖို့ ရှိနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းမှ ပြောလိုက်ပြီ

မဂ်လာပါ ပရိတ်သတ်ကြီးရေ

အနုပညာရှင် တချို့ မကြာခင် ထပ်မံ လွတ် မြောက်ဖို့ ရှိနေတယ်လို့ ရှေ့နေ အသိုင်း အဝိုင်းပြောလိုက်ပြီ။အမှု ရင်ဆိုင် ဆဲ အချုပ် ကျ ခံနေရတဲ့ အနုပညာရှင်အချို့ မကြာခင် ရက်သတ္တပတ် အတွင်း ထပ်မံ လွတ်မြောက် ဖို့။

ကြားနေရတယ်လို့ လက်ရှိ ၅၀၅-က နဲ့ အမှုရင်ဆိုင် နေရသူတွေ ကိုလိုက်ပါ ကူညီ ပေးနေတဲ့ ရှေ့နေ အသိုင်းအဝိုင်းကနေ သိရပါတယ်။လတ်တလောမှာ အနုပညာရှင်တွေ ခံဝန်ကတိတွေနဲ့လက်မှတ်ထိုးငွေပေးရတယ်ဆိုတဲ့ ဖြစ်ရပ်တွေက

မြေပြင်မှာတကယ်ဖြစ်နေတာမျိုး မရှိဘူးလို့ အနု ပ ညာရှင်တွေရဲ့ အမှုတွေကို လိုက်ပါကူညီနေတဲ့ ဥပ ဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ကျွန်တော့်ရဲ့အမူသည်တွေဖြစ်တဲ့ပိုင်တံခွန်၊ ရဲတိုက်နဲ့ တခြား အနုပညာရှင်တွေ ပါလာမယ်ကြားထားလို့မျှော်လင့်မိပါတယ်။

ဒါပေမယ့် အနုပညာရှင် နှစ်ယောက်လောက်ပဲပါတ ယ်နောက်လာမယ့် အသုတ်တွေမှာထပ်ပါလာမယ်လို့ကြားသိထားပါတယ် ” လို့ ဦးခင်မောင်မြင့်ကကိုပြောပြ ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၃ဝရက်က နိုင်ငံတဝန်းတရားရင်ဆိုင်ဆဲအကျဉ်းသား ၂ဝဝဝ လောက်ကိုပြန်လွှတ်ပေးခဲ့တာရှိပေမယ့် နိုင်ငံကျော်အနုပညာရှင်အများစုပါမလာခဲ့ပါဘူး

အကျဉ်းသားတွေပြန်လွှတ်ပေးတဲ့နေရာမှာ ပထမအ ဆင့်အနေနဲ့ အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ ရာမှာပါဝင်ပြီး ပုဒ်မ ၅ဝ၅- ကနဲ့ တရားစွဲဆိုထားသူတွေကိုလွှတ်ပေးတာဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့နိုင်ငံကျော်အနုပညာရှင်တွေ ပါဝင်မှာဖြစ်ပြီးနောက်ပိုင်းမှာ ဝန်ထမ်းပိုင်းဆိုင်ရာတွေပါဝင်လာနိုင်တယ်လို့ အကျဉ်းဦးစီးဌာနဲ့နီးစပ်သူတွေအသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းသရုပ်ဆောင် အဆိုတော်နဲ့အနုပညာရှင် ၅ဝ ကျော်လောက်ကို။စကစကပုဒ်မ ၅ဝ၅ -က နဲ့ဖမ်းဝရမ်းထုတ်ထားပြီး မကြာသေးခင်က အနုပညာရှင်တချို့ကိုဝရမ်းရုပ်သိမ်းပေးခဲ့ပါတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် ၁ဝ ယောက်ထက်မနည်းရှိနေပါတယ်။ပရိတ်သတ်ကြီးတို့လည်းကိုယ်မျှော်လင့်ထားတဲ့ အနုပညာရှင်တွေ အမြန်ဆုံးလွတ်လာအောင်ဆုတောင်းပေးကြပါဦးနော်။

အခုလို ဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
crd-original

Zawgyi











crd-original

Add a Comment

Your email address will not be published. Required fields are marked *