သားလေးရှင်မပြုခင်မှာပဲ သူတို့သားအဖတွေကိုခွဲပြီး အစောဆုံးထွက်သွားခဲ့တဲ့ ချစ်ဇနီးကြောင့် ဝမ်းနည်းမှုတွေနဲ့ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်

Unicode

သားလေးရှင်မပြုခင်မှာပဲ သူတို့သားအဖတွေကိုခွဲပြီး အစောဆုံးထွက်သွားခဲ့တဲ့ ချစ်ဇနီးကြောင့် ဝမ်းနည်းမှုတွေနဲ့ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်

လက်ရှိပြည်တွင်းရေးအခြေအနေနဲ့ ကိုဗစ်ကူးစက်ရောဂါတို့ကြောင့် မြန်မာပြည်သူတွေခမျာ မနည်းအားတင်းပြီးရင်ဆိုင်နေရတာဖြစ်ပါတယ်။

အခုတတိယလှိုင်းမှာတော့ ကူးစက်မှုနှုန်းက အရမ်းမြင့်တက်ပြီး တစ်နေ့ကို လူထောင်ချီကူးသလို သေဆုံးသွားသူတွေလည်း အမြို့မြို့၊အနယ်နယ်မှာ ရှိနေပြီဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင် အကြောင်းအမျိုးမျိုးကြောင့် တချို့မိသားစုဝင်တွေလည်း လူမစုံတော့ဘဲ မိမိတို့ရဲ့သွေးသားရင်းခြာတွေကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။

အခုဆိုရင်လည်း မိသားစုတစ်စုမှာ ဇနီးသည်သေဆုံးသွားတာကြောင့် ခင်ပွန်းဖြစ်သူခမျာ ယူကြုံးမရဖြစ်နေတာဖြစ်ပါတယ်။အမျိုးသားကတော့ သူ့ရဲ့ဇနီးသည်နေမကောင်းဖြစ်နေတာကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးနေခဲ့တာဖြစ်ပါတယ်။

အမျိုးသားက အိမ်သာကိုခဏလေးသွားတဲ့အချိန်မှာပဲ အောက်စီဂျင်ပိုက်တွေပြုတ်ပြီး အသက်ပါပါသွားခဲ့တယ်လို့သိရပါတယ်။သားလေး ရှင်မပြုခင်မှာ မိခင်ဖြစ်သူက အစောဆုံးထွက်ခွါသွားခဲ့တာကြောင့်ကလေးတွေလည်း အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။

ကလေးတွေက မိခင်ကို တစ်သက်လုံးခွဲခွါရတော့မှာဖြစ်လို့ နောက်ဆုံးအနေနဲ့ ကန်တော့ခဲ့ကြတာဖြစ်ပါတယ်။အမျိုးသမီးရဲ့ စျာပနာကိုတော့ မိသားစုဝင်အနည်းအကျဉ်းနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့်ပြည်သူလူထုလည်း ကျန်ရစ်သူမိသားစုဝင်တွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပြီး ကွန်းမန့်မှာ အားပေးစကားလေးတွေပြောပေးကြတာဖြစ်ပါတယ်။

တချို့အိမ်ထောင်စုတွေမှာ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ပူဆွေးနေရတဲ့ခံစားချက်ကို ကိုယ်ချင်းစာရင်း ဒီဖြစ်ရပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
crd-original

Zawgyi

သားေလးရွင္မျပဳခင္မွာပဲ သူတို႔သားအဖေတြကိုခြဲၿပီး အေစာဆုံးထြက္သြားခဲ့တဲ့ ခ်စ္ဇနီးေၾကာင့္ ဝမ္းနည္းမႈေတြနဲ႕က်န္ရစ္ခဲ့တဲ့ ခင္ပြန္းသည္

လက္ရွိျပည္တြင္းေရးအေျခအေနနဲ႕ ကိုဗစ္ကူးစက္ေရာဂါတို႔ေၾကာင့္ ျမန္မာျပည္သူေတြခမ်ာ မနည္းအားတင္းၿပီးရင္ဆိုင္ေနရတာျဖစ္ပါတယ္။

အခုတတိယလွိုင္းမွာေတာ့ ကူးစက္မႈႏႈန္းက အရမ္းျမင့္တက္ၿပီး တစ္ေန႕ကို လူေထာင္ခ်ီကူးသလို ေသဆုံးသြားသူေတြလည္း အၿမိဳ႕ၿမိဳ႕၊အနယ္နယ္မွာ ရွိေနၿပီျဖစ္ပါတယ္။

အခုအခ်ိန္မွာဆိုရင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တခ်ိဳ႕မိသားစုဝင္ေတြလည္း လူမစုံေတာ့ဘဲ မိမိတို႔ရဲ႕ေသြးသားရင္းျခာေတြကို ဆုံးရႈံးလိုက္ရၿပီျဖစ္ပါတယ္။

အခုဆိုရင္လည္း မိသားစုတစ္စုမွာ ဇနီးသည္ေသဆုံးသြားတာေၾကာင့္ ခင္ပြန္းျဖစ္သူခမ်ာ ယူႀကဳံးမရျဖစ္ေနတာျဖစ္ပါတယ္။အမ်ိဳးသားကေတာ့ သူ႕ရဲ႕ဇနီးသည္ေနမေကာင္းျဖစ္ေနတာကို ကိုယ္တိုင္ျပဳစုေစာင့္ေရွာက္ေပးေနခဲ့တာျဖစ္ပါတယ္။

အမ်ိဳးသားက အိမ္သာကိုခဏေလးသြားတဲ့အခ်ိန္မွာပဲ ေအာက္စီဂ်င္ပိုက္ေတြျပဳတ္ၿပီး အသက္ပါပါသြားခဲ့တယ္လို႔သိရပါတယ္။သားေလး ရွင္မျပဳခင္မွာ မိခင္ျဖစ္သူက အေစာဆုံးထြက္ခြါသြားခဲ့တာေၾကာင့္ကေလးေတြလည္း အရမ္းဝမ္းနည္းေနၾကတာျဖစ္ပါတယ္။

ကေလးေတြက မိခင္ကို တစ္သက္လုံးခြဲခြါရေတာ့မွာျဖစ္လို႔ ေနာက္ဆုံးအေနနဲ႕ ကန္ေတာ့ခဲ့ၾကတာျဖစ္ပါတယ္။အမ်ိဳးသမီးရဲ႕ စ်ာပနာကိုေတာ့ မိသားစုဝင္အနည္းအက်ဥ္းနဲ႕ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ေၾကာင့္ျပည္သူလူထုလည္း က်န္ရစ္သူမိသားစုဝင္ေတြနဲ႕ထပ္တူ စိတ္မေကာင္းျဖစ္ရၿပီး ကြန္းမန႔္မွာ အားေပးစကားေလးေတြေျပာေပးၾကတာျဖစ္ပါတယ္။

တခ်ိဳ႕အိမ္ေထာင္စုေတြမွာ မိသားစုဝင္တစ္ေယာက္ကို ဆုံးရႈံးလိုက္ရလို႔ ပူေဆြးေနရတဲ့ခံစားခ်က္ကို ကိုယ္ခ်င္းစာရင္း ဒီျဖစ္ရပ္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
crd-original

Add a Comment

Your email address will not be published. Required fields are marked *