အစ္စလာမ်ဘာသာဝင်ဖြစ်လို့ မှတ်ပုံတင်လုပ်တုန်းက ခက်ခဲခဲ့တာတောင် တိုင်းပြည်အတွက် သူ့အသက်ကိုပါစတေးသွားခဲ့တဲ့ ပဲခူးမြို့ကသူရဲကောင်းလေး

Unicode

အစ္စလာမ်ဘာသာဝင်ဖြစ်လို့ မှတ်ပုံတင်လုပ်တုန်းက ခက်ခဲခဲ့တာတောင် တိုင်းပြည်အတွက် သူ့အသက်ကိုပါစတေးသွားခဲ့တဲ့ ပဲခူးမြို့ကသူရဲကောင်းလေး

မြန်မာ့နွေဦးတော်လှန်ရေးပွဲကြီးမှာတော့ ပြည်သူတွေက သူတို့ရဲ့အသက်၊သွေး၊ချွေးတွေကိုရင်းပြီး အာဏာရှင်ကို ရွပ်ရွပ်ချွံချွံတွန်းလှန်နေကြတာဖြစ်ပါတယ်

ပြည်သူတွေထဲက သူရဲကောင်းတစ်ချို့ကလည်း တိုင်းပြည်နဲ့လူမျိုးရဲ့အနာဂတ်အတွက် ကြိုးပမ်းအားထုတ်ရင်းနဲ့ အသက်ပေးခဲ့ရပြီဖြစ်ပါတယ်

အခုလည်း ပြည်သူတစ်ဦးက ပဲခူးမြို့မှာကျဆုံးခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့အကြောင်းကို ပြန်ပြောထားတာဖြစ်ပါတယ်

အဲ့ဒီသူရဲကောင်းရဲ့နာမည်ကတော့ ကိုသဲမောင်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့က ပဲခူးမြို့မှာကျဆုံးခဲ့တဲ့ ပြည်သူတွေထဲကတစ်ဦးဖြစ်ပါတယ်

သဲမောင်ရဲ့အကြောင်းကို သူနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့သူက အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

သဲမောင်က ပဲခူးမြို့မှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း၊ သပိတ်ကြောင်းတွေမှာ

ကြွေးကြော်သံတွေကို ပင်တိုင်တိုင်ပေးတဲ့သူဖြစ်ကြောင်း၊ တစ်ခုခုလိုအပ်တာရှိရင် ဘယ်တော့မှ မငြင်းဆန်ဘဲ အမြဲကူညီဖို့အသင့်ရှိနေတတ်သူဖြစ်ကြောင်း ရေးသားပြောပြထားတာဖြစ်ပါတယ်

သဲမောင်က သူမှတ်ပုံတင်လုပ်တုန်းက ဘယ်လောက်ခက်ခဲကြောင်း ပြောပြခဲ့ပေမယ့် တိုင်းပြည်အရေးကြုံလာတဲ့အခါမှာတော့ သူ့ဘက်ကလက်မနှေးဘဲ ပါဝင်ခဲ့တာဖြစ်ပါတယ်

ဒါကြောင့် ဒီအကြောင်းတွေကိုပြောပြထားတဲ့ ပြည်သူတစ်ဦးက ” သဲမောင်အတွက် ရဲဘော်ရဲဘက်တစ်ယောက်အနေနဲ့ရော ညီအကိုတစ်ယောက်လိုအနေနဲ့ရော အမြဲဂုဏ်ယူနေမှာဖြစ်သလို

တိုင်းပြည်ပြန်တည်ဆောက်ရေးမှာ ငါတို့မွတ်စလင်တွေ အသက်ပေးပြီး ပါဝင်ခဲ့တယ်ဆိုတဲ့သမိုင်းပြန်ပြောရင် ငါ့အတွက်တော့ မင်းက သမိုင်းသက်သေပါပဲကွာ။

မြန်မာ့နွေဦးတော်လှန်ရေးသမိုင်း၊ ပဲခူးသမိုင်း၊ ဘုရားကြီးမြို့သမိုင်း မြန်မာမွတ်စလင်သမိုင်းကို မင်းကရေးထိုးခဲ့တာပါကွာ” ဆိုပြီး လေးစားဂုဏ်ပြုထားတာဖြစ်ပါတယ်
Crd

Zawgyi

အစၥလာမ္ဘာသာဝင္ျဖစ္လို႔ မွတ္ပုံတင္လုပ္တုန္းက ခက္ခဲခဲ့တာေတာင္ တိုင္းျပည္အတြက္ သူ႕အသက္ကိုပါစေတးသြားခဲ့တဲ့ ပဲခူးၿမိဳ႕ကသူရဲေကာင္းေလး

ျမန္မာ့ေႏြဦးေတာ္လွန္ေရးပြဲႀကီးမွာေတာ့ ျပည္သူေတြက သူတို႔ရဲ႕အသက္၊ေသြး၊ေခြၽးေတြကိုရင္းၿပီး အာဏာရွင္ကို ႐ြပ္႐ြပ္ခြၽံခြၽံတြန္းလွန္ေနၾကတာျဖစ္ပါတယ္

ျပည္သူေတြထဲက သူရဲေကာင္းတစ္ခ်ိဳ႕ကလည္း တိုင္းျပည္နဲ႕လူမ်ိဳးရဲ႕အနာဂတ္အတြက္ ႀကိဳးပမ္းအားထုတ္ရင္းနဲ႕ အသက္ေပးခဲ့ရၿပီ ျဖစ္ပါတယ္ ။

အခုလည္း ျပည္သူတစ္ဦးက ပဲခူးၿမိဳ႕မွာက်ဆဳံးခဲ့တဲ့ သူရဲေကာင္းတစ္ဦးရဲ႕အေၾကာင္းကို ျပန္ေျပာထားတာ ျဖစ္ပါတယ္

အဲ့ဒီသူရဲေကာင္းရဲ႕နာမည္ကေတာ့ ကိုသဲေမာင္ျဖစ္ၿပီး ၿပီးခဲ့တဲ့ မတ္လ (၂၇) ရက္ေန႕က ပဲခူးၿမိဳ႕မွာက်ဆဳံးခဲ့တဲ့ ျပည္သူေတြထဲကတစ္ဦး ျဖစ္ပါတယ္ ။

သဲေမာင္ရဲ႕အေၾကာင္းကို သူနဲ႕အတူ လူထုလႈပ္ရွားမႈျပဳလုပ္ခဲ့တဲ့သူက အခုလိုေျပာျပခဲ့တာ ျဖစ္ပါတယ္။

သဲေမာင္က ပဲခူးၿမိဳ႕မွာျပဳလုပ္တဲ့ လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြပါဝင္ခဲ့ေၾကာင္း၊ သပိတ္ေၾကာင္းေတြမွာ

ေႂကြးေၾကာ္သံေတြကို ပင္တိုင္တိုင္ေပးတဲ့သူျဖစ္ေၾကာင္း၊ တစ္ခုခုလိုအပ္တာရွိရင္ ဘယ္ေတာ့မွ မျငင္းဆန္ဘဲ အၿမဲကူညီဖို႔အသင့္ရွိေနတတ္သူျဖစ္ေၾကာင္း ေရးသားေျပာျပထားတာျဖစ္ပါတယ္

သဲေမာင္က သူမွတ္ပုံတင္လုပ္တုန္းက ဘယ္ေလာက္ခက္ခဲေၾကာင္း ေျပာျပခဲ့ေပမယ့္ တိုင္းျပည္အေရးႀကဳံလာတဲ့အခါမွာေတာ့ သူ႕ဘက္ကလက္မေႏွးဘဲ ပါဝင္ခဲ့တာျဖစ္ပါတယ္

ဒါေၾကာင့္ ဒီအေၾကာင္းေတြကိုေျပာျပထားတဲ့ ျပည္သူတစ္ဦးက ” သဲေမာင္အတြက္ ရဲေဘာ္ရဲဘက္တစ္ေယာက္အေနနဲ႕ေရာ ညီအကိုတစ္ေယာက္လိုအေနနဲ႕ ေရာ အၿမဲဂုဏ္ယူေနမွာျဖစ္သလို

တိုင္းျပည္ျပန္တည္ေဆာက္ေရးမွာ ငါတို႔မြတ္စလင္ေတြ အသက္ေပးၿပီး ပါဝင္ခဲ့တယ္ဆိုတဲ့သမိုင္းျပန္ေျပာရင္ ငါ့အတြက္ေတာ့ မင္းက သမိုင္းသက္ေသပါပဲကြာ။

ျမန္မာ့ေႏြဦးေတာ္လွန္ေရးသမိုင္း၊ ပဲခူးသမိုင္း၊ ဘုရားႀကီးၿမိဳ႕သမိုင္း ျမန္မာမြတ္စလင္သမိုင္းကို မင္းကေရးထိုးခဲ့တာပါကြာ” ဆိုၿပီး ေလးစားဂုဏ္ျပဳထားတာ ျဖစ္ပါတယ္ ။
Crd