အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိပြီး အသည်းရောင်နေတာကြောင့် ဆေးရုံတက်ကုသမှုခံယူနေရကာ စိတ်အားငယ်နေတဲ့ မင်းသမီးနေခြည်ဦး

Unicode

အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိပြီး အသည်းရောင်နေတာကြောင့် ဆေးရုံတက်ကုသမှုခံယူနေရကာ စိတ်အားငယ်နေတဲ့ မင်းသမီးနေခြည်ဦး

ရုပ်ရှင် ဇာတ်ကားကြီးတွေထဲမှာတောင်ပိုမိုပါဝင်သရုပ်ဆောင် လာနေတာကိုတွေ့မြင်ရပါတယ်ဒါ့အပြင် သူမကအနုပညာ အလုပ်တွေကိုလုပ်ကိုင်နေတဲ့အပြင် Beauty Bloggerအဖြစ် ပါတပါတည်းလုပ်ကိုင်နေတာဖြစ်ပါတယ်

နေခြည်ဦးက ဝတ်စားဆင်ယဉ်မှုမှာလည်းအခြားသူတွေနဲ့ မတူ ပဲ ဆန်းသစ်တဲ့ဖက်ရှင်တွေကိုဝတ်ဆင်တတ်ကာလိုက်ဖက် ပြီးချစ်စရာကောင်းတာကြောင့်ပျိုမေလေးတွေရဲ့မျက်စိကျနေရသူပဲဖြစ်ပါတယ်

ဒါ့အပြင်မကြာခဏဆိုရင်လည်းအပျင်းပြေ tik tokလေး တွေ ဆော့ကစားပြီးပရိသတ်တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်

ယခုမှာတော့နေခြည်ဦးကသူမဘဝမှာဘာရောဂါနဲ့မှဆေးရုံမတက်ခဲ့ဖူးပေမယ့် အသည်းရောင်လို့ ပထမဆုံးဆေးရုံတက်ခဲ့ရတဲ့အတွေ့အကြုံကို Tik Tokကနေတဆင့်တင်ပေးလာပါတယ်။

အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိတာကြောင့် ဆေးရုံ (၂)ပါတ်တက်ခဲ့ရတယ်လို့ဆိုလာပါတယ်။

ပါရာစီတမောလိုဆေးတွေကို အများကြီးသောက်ရင်အသည်းကိုဒုက္ခပေးတယ်ဆိုတဲ့ Medical Knowledge မသိတဲ့သူမကိုယ်သူမလည်း အံ့သြမိကြောင်းရေးသားလာပါတယ်

အခုလိုမျိုးကာလမှာ ဆေးအပြင်းစားတွေထိုးရသောက်ရလို့ အရမ်းစိတ်အားငယ်နေကြောင်းလည်းပြောပြလာပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ နေခြည်ဦးကအကိုက်ခဲပျောက်ဆေးကို ပဲလှော်စားသလိုဝါးနေတဲ့သူတွေကိုအသိပညာတခုခုရစေချင်တယ်လို့ဆိုလာပါတယ်

အရာရာတန်ရင်ဆေး လွန်ရင်ဘေးမို့အကိုက်အခဲပျောက်ဆေးတို့ အစာကြေဆေးတို့ကိုအလွန်အကျွံမသောက်ဖို့မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။

ပရိသတ်တွေလည်းနေခြည်ဦးရဲ့tik tokလေးကိုကြည့်ပြီး အားလုံးဆင်ခြင်နိုင်မယ်လို့မျှော်လင့်မိပါတယ်။

Zawgyi











