အစ်ကိုဖြစ်သူရဲ့ လိပ်ပြာလေးကို အေးချမ်းတဲ့ ဘုရားရိပ် တရားရိပ်မှာ သွားထားပေးခဲ့တဲ့ ရေမွန်ညီမလေး လပြည့်ကဗျာ

Unicode

အစ်ကိုဖြစ်သူရဲ့ လိပ်ပြာလေးကို အေးချမ်းတဲ့ ဘုရားရိပ် တရားရိပ်မှာ သွားထားပေးခဲ့တဲ့ ရေမွန်ညီမလေး လပြည့်ကဗျာ

ထွက်သွားသူနဲ့ ကျန်ရစ်သူမှာ ထွက်သွားသူကသာ မသိပေမယ့် ကျန်ခဲ့တဲ့ မိသားစုတွေကတော့ ရင်ကွဲမတတ်ပါပဲနော်

မျက်နှာမြင်ချစ်ခင်ပါစေ ဆုလေးကိုမတောင်းဘဲ ပြည့်ခဲ့တဲ့ အဆိုတော် ရေမွန်ကတော့ အားလုံးကို နှုတ်ဆက်ကာ ထွက်ခွာသွားပေမယ့် သူ့ကို ချစ်ခင်နေကြတဲ့ သူတွေအကုန်လုံးကတော့ ခုချိန်အထိ သတိရကာ ဝမ်းနည်းကြေကွဲကြနေဆဲပါ

ရေမွန်ညီမလေးဖြစ်သူ လပြည့်ကဗျာဆိုလည်း အစ်ကိုဖြစ်သူကို အရမ်းချစ်လွန်းလို့ ဒီနေ့ထိ လွမ်းဆွတ်သတိရနေကြောင်း

သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ ဖော်ပြထားတာတွေကို တွေ့ရပါတယ်။အစ်ကိုဖြစ်သူအတွက်လည်း ကောင်းမှု ကုသိုလ် များစွာကို သေသေချာချာပြုလုပ်ပေးလျက်ရှိပါတယ်

အခုလည်း ရေမွန်ရဲ့ လိပ်ပြာလေးကို အေးချမ်းတဲ့ ဘုရားရိပ်တရားရိပ်လေးမှာ သွားရောက်ထားပေးခဲ့ကြောင်း ပုံလေးတွေနဲ့ အတူ ” မနေ့က ဘပီရဲ့လိပ်ပြာလေးကို ( သစ်ရွက်လေး) အေးချမ်းပီး အရိပ်ရတဲ့နေရာလေးမှာ သွားထားခဲ့ပါတယ်

ဘုရားရိပ် တရားရိပ်မို့ ဘပီပိုအေးချမ်းပါစေနော် ” ဆိုတဲ့ စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း ရေမွန်တစ်ယောက် ကောင်းရာ ဘုံဘဝရောက်ပါစေ ဆုတောင်းပေးလိုက်ပါတယ်
Yuan – Cele Zone
Photo – Lapyae Gabyar

Zawgyi







Yuan – Cele Zone
Photo – Lapyae Gabyar