တယ်လီနောမြန်မာကိုရောင်းတော့မည်ဆိုသည့် သတင်းထွက်ပေါ်၊ ကောလာဟလသာဖြစ်ဟုတယ်လီနောတုံ့ပြန်

Unicode

တယ်လီနောမြန်မာကိုရောင်းတော့မည်ဆိုသည့် သတင်းထွက်ပေါ်၊ ကောလာဟလသာဖြစ်ဟုတယ်လီနောတုံ့ပြန်

တယ်လီနောမြန်မာအား ရောင်းချတော့မည်ဆိုသည့် သတင်းစကားတစ်ရပ်ကို Digital အခွင့်အရေးဆိုင်ရာလှုပ်ရှားနေသည့်

Free Expression Myanmar(FEM)က ၎င်းတို့၏ Twitter၌ ယနေ့ဇူလိုင်လ(၁)ရက်နေ့ညနေပိုင်းတွင်တင်ထားသည်။

ထို့သို့ရောင်းချခဲ့လျင် အော်ရီဒူးနှင့်တရုတ်ကဝယ်နိုင်ခြေရှိကြောင်းလည်း FEM ကခန့်မှန်ထားပြီး အဆိုပါ FEM ၏ အတည်မပြုနိုင်သည့်သတင်းစကားအပေါ်ပြည်သူများက စိုးရိမ်မှုရှိနေကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရိုက်တာသတင်းဌာန၏ သတင်းတိုတစ်ပုဒ်၌ ထိုကဲ့သို့ဈေးကွက်ကောလာဟလများအပေါ် မှတ်ချက်မပေးဟုတယ်လီနောပြောရေးဆိုခွင့်ရှိသူကဖြေကြားထားသည်။

မြန်မာနိုင်ငံ၌ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်သူအများစုမှာ တယ်လီနောနှင့်အော်ရီဒူးကိုအသုံးများလာပြီးစစ်တပ်ရှယ်ယာပါသည့်

မိုင်တဲလ်ကို သပိတ်မှောက်ခဲ့ကြသလိုမသုံးစွဲရန်အတွက်လည်း ယခုထက်ထိပြည်သူအချင်းချင်းတိုက်တွန်းနေကြသည်။

Yangon Press Agency/ Photo : Telenor Logo

Zawgyi

တယ္လီေနာျမန္မာကိုေရာင္းေတာ့မည္ဆိုသည့္ သတင္းထြက္ေပၚ၊ ေကာလာဟလသာျဖစ္ဟုတယ္လီေနာတုံ႕ျပန္

တယ္လီေနာျမန္မာအား ေရာင္းခ်ေတာ့မည္ဆိုသည့္ သတင္းစကားတစ္ရပ္ကို Digital အခြင့္အေရးဆိုင္ရာလႈပ္ရွားေနသည့္

Free Expression Myanmar(FEM)က၎တို႔၏ Twitter ၌ ယေန႕ဇူလိုင္လ(၁)ရက္ေန႕ညေနပိုင္းတြင္ တင္ထားသည္။

ထို႔သို႔ေရာင္းခ်ခဲ့လ်င္ ေအာ္ရီဒူးႏွင့္ တ႐ုတ္ကဝယ္နိုင္ေျခရွိေၾကာင္းလည္း FEMက ခန႔္မွန္ထားၿပီးအဆိုပါ FEM ၏ အတည္မျပဳနိုင္သည့္ သတင္းစကားအေပၚ ျပည္သူမ်ားက စိုးရိမ္မႈရွိေနၾကသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ရိုက္တာ သတင္းဌာန၏ သတင္းတိုတစ္ပုဒ္၌ထိုကဲ့သို႔ ေဈးကြက္ေကာလာဟလမ်ားအေပၚ မွတ္ခ်က္မေပးဟု တယ္လီေနာ ေျပာေရးဆိုခြင့္ရွိသူက ေျဖၾကားထားသည္။

ျမန္မာနိုင္ငံ၌ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ျပည္သူအမ်ားစုမွာ တယ္လီေနာႏွင့္ ေအာ္ရီဒူးကိုအသုံးမ်ားလာၿပီးစစ္တပ္ရွယ္ယာပါသည့္ မိုင္တဲလ္ကို

သပိတ္ေမွာက္ခဲ့ၾကသလိုမသုံးစြဲရန္အတြက္လည္းယခုထက္ထိ ျပည္သူအခ်င္းခ်င္းတိုက္တြန္းေနၾကသည္။
Yangon Press Agency/ Photo : Telenor Logo

Add a Comment

Your email address will not be published. Required fields are marked *