သားလေး ထွက်အလာကို သပြေပန်းလေးကိုင်ပြီး စောင့်ကြိုနေပေမယ့် ပြန်မလွတ်လာတာကြောင့် ညှိုးငယ်စွာပြန်သွားခဲ့ရတဲ့ အဘွားအိုတစ်ဦး

Unicode

ပြည်သူလူထုအနေနဲ့လည်း ဇွန်လ(၃၀)ရက်နေ့မှာ ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့အခြေအနေကြောင့်ဝမ်းသာပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်။မိမိတို့နဲ့ အသိ၊မိတ်ဆွေ၊သူငယ်ချင်းတွေများ လွတ်မယ့်အထဲပါမလားလို့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေခဲ့ရတာဖြစ်ပါတယ်။

အင်းစိန်ထောင်ရှေ့ကို မနက်အစောကတည်းက ရောက်နေတဲ့ လူအုပ်ကြီးကတော့ ဇွဲကောင်းကောင်းနဲ့ ညနေအထိ စောင့်ဆိုင်းနေခဲ့ရပြီး (၆) နာရီ နောက်ပိုင်းမှ ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

မိမိတို့ရဲ့မိသားစုဝင်ကို အရမ်းတွေ့ချင်ကြလို့ နေဒဏ်၊မိုးဒဏ်ကို အံတုပြီး စောင့်နေကြတဲ့အထဲမှာ သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။အဘွားအိုတစ်ဦးဆိုရင် သူမရဲ့သားလေးကို သပြေပန်းလေးကိုင်ပြီး မနက်ကတည်းက စောင့်နေခဲ့ရှာတာဖြစ်ပါတယ်။

အဘွားကတော့ ညနေအထိ ထိုင်လိုက်၊မတ်တပ်ရပ်လိုက်၊အထဲကိုမျှော်ကြည့်လိုက်နဲ့ပဲ အချိန်တွေကုန်ခဲ့ရှာတာဖြစ်ပါတယ်။အဘွားလက်ထဲမှာ ကိုင်ထားတဲ့သပြေပန်းလေးကလည်း ညနေရောက်တော့ ညှိုးနွမ်းသွားခဲ့ပြီဖြစ်ပါတယ်။

မနက်ကတည်းကနေ ညနေအထိ မျှော်လင့်ချက်လေးနဲ့ စောင့်နေရှာတဲ့အဘွားကတော့ သူမရဲ့သားလေးကို မတွေ့လိုက်ရတာဖြစ်ပါတယ်။

မျှော်လင့်ချက်တွေ ပျောက်ပျက်သွားတဲ့ အဘွားရဲ့မျက်နှာလေးမှာ စိတ်မကောင်းမှုတွေနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်။

သားလေးမပါဘဲ အိမ်ကို တစ်ယောက်တည်းပြန်ရတဲ့ အဘွားရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိပြီး ဝမ်းနည်းရပါတယ်။

ဒါ့ကြောင့် ထောင်ထဲမှာ ကျန်နေခဲ့ရသူတွေ အမြန်လွတ်ပြီး မိသားစုတွေနဲ့နွေးနွေးထွေးထွေးနေနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit

Zawgyi

ျပည္သူလူထုအေနနဲ႕လည္း ဇြန္လ(၃၀)ရက္ေန႕မွာ ဖမ္းဆီးခံရသူတခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့တဲ့အေျခအေနေၾကာင့္ဝမ္းသာေပ်ာ္႐ႊင္ခဲ့ရတာျဖစ္ပါတယ္။မိမိတို႔နဲ႕ အသိ၊မိတ္ေဆြ၊သူငယ္ခ်င္းေတြမ်ား လြတ္မယ့္အထဲပါမလားလို႔ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႕ေစာင့္ေမွ်ာ္ေနခဲ့ရတာျဖစ္ပါတယ္။

အင္းစိန္ေထာင္ေရွ႕ကို မနက္အေစာကတည္းက ေရာက္ေနတဲ့ လူအုပ္ႀကီးကေတာ့ ဇြဲေကာင္းေကာင္းနဲ႕ ညေနအထိ ေစာင့္ဆိုင္းေနခဲ့ရၿပီး (၆) နာရီ ေနာက္ပိုင္းမွ ဖမ္းဆီးခံရသူတခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။

မိမိတို႔ရဲ႕မိသားစုဝင္ကို အရမ္းေတြ႕ခ်င္ၾကလို႔ ေနဒဏ္၊မိုးဒဏ္ကို အံတုၿပီး ေစာင့္ေနၾကတဲ့အထဲမွာ သက္ႀကီး႐ြယ္အိုအဘိုး၊အဘြားေတြလည္း ပါဝင္ေနတာျဖစ္ပါတယ္။အဘြားအိုတစ္ဦးဆိုရင္ သူမရဲ႕သားေလးကို သေျပပန္းေလးကိုင္ၿပီး မနက္ကတည္းက ေစာင့္ေနခဲ့ရွာတာျဖစ္ပါတယ္။

အဘြားကေတာ့ ညေနအထိ ထိုင္လိုက္၊မတ္တပ္ရပ္လိုက္၊အထဲကိုေမွ်ာ္ၾကည့္လိုက္နဲ႕ပဲ အခ်ိန္ေတြကုန္ခဲ့ရွာတာျဖစ္ပါတယ္။အဘြားလက္ထဲမွာ ကိုင္ထားတဲ့သေျပပန္းေလးကလည္း ညေနေရာက္ေတာ့ ညွိုးႏြမ္းသြားခဲ့ၿပီျဖစ္ပါတယ္။

မနက္ကတည္းကေန ညေနအထိ ေမွ်ာ္လင့္ခ်က္ေလးနဲ႕ ေစာင့္ေနရွာတဲ့အဘြားကေတာ့ သူမရဲ႕သားေလးကို မေတြ႕လိုက္ရတာျဖစ္ပါတယ္။

ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ပ်က္သြားတဲ့ အဘြားရဲ႕မ်က္ႏွာေလးမွာ စိတ္မေကာင္းမႈေတြနဲ႕ျပည့္ႏွက္ေနတာျဖစ္ပါတယ္။

သားေလးမပါဘဲ အိမ္ကို တစ္ေယာက္တည္းျပန္ရတဲ့ အဘြားရဲ႕ခံစားခ်က္ကို ကိုယ္ခ်င္းစာမိၿပီး ဝမ္းနည္းရပါတယ္။

ဒါ့ေၾကာင့္ ေထာင္ထဲမွာ က်န္ေနခဲ့ရသူေတြ အျမန္လြတ္ၿပီး မိသားစုေတြနဲ႕ေႏြးေႏြးေထြးေထြးေနနိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
Credit

Add a Comment

Your email address will not be published. Required fields are marked *