မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံးနိုင်ငံရေးအကျဉ်းသူမစုထက်ဝိုင်းပြန်လည်လွတ်မြောက်

Unicode

မိုးကုတ်မြို့မှ အသက်အငယ်ဆုံး ဖမ်းဆီးခံရသူ သမီးငယ် စုထက်ဝိုင်း ပြန်လည်လွတ်မြောက်လာကြောင်း ဖခင်ဖြစ်သူ ကိုစိုးဌေးက သူ၏လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှပြန် လွတ်လာပါတယ်။သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ” ဟု ကိုစိုးဌေးက ရေးသားထားသည်။

သမီးငယ် စုထက်ဝိုင်းမှာ ဖမ်းဆီးခံထားရသည့် နှစ်ပတ်ကျော်ကာလအတွင်း ထမင်းဝအောင် မစားရကြောင်း၊ ရေချိုးလျှင် အိမ်သာရေကို အသုံးပြုရကြောင်း သူက ဆက်လက်ရေးသားထားသည်။

“ထမင်းဝအောင်မစားရဘူး”.”ရေချိုးရင်အိမ်သာရေနဲ့ချိုးရတာ”.လို့ ပြန်ပြောပြပါတယ်။ ဖွားဖွားစု (ဒေါ်အောင်ဆန်းစုကြည်)” လွတ်ပြီလားလို့လည်းမေးပါတယ်.”မလွတ်သေးဘူးသမီးရေ”ဆိုတော့ ခပ်ငေးငေးလေးဖြစ်သွားပုံက ရင်ထဲထိရှရပါတယ်ဗျာ” ဟု ပြောသည်။

သမီးငယ် ပြန်လည်လွတ်မြောက်ရန် ကူညီခဲ့သူများကို ကျေးဇူးတင်ကြောင်းလည်း ကိုစိုးဌေးက ရေးသားထားသည်။

သမီးငယ် စုသက်ဝိုင်းမှာ အသက်ငါးနှစ်အရွယ်ရှိပြီး မိခင်ဖြစ်သူ အစ်မဖြစ်သူတို့နှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်။

Zawgyi

မိုးကုတ္ၿမိဳ႕မွ အသက္အငယ္ဆုံး ဖမ္းဆီးခံရသူ သမီးငယ္ စုထက္ဝိုင္း ျပန္လည္လြတ္ေျမာက္လာေၾကာင္း ဖခင္ျဖစ္သူ ကိုစိုးေဌးက သူ၏လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

“သမီးငယ္ စုထက္ဝိုင္း မေန႕က ဖမ္းဆီးခံထားရျခင္းမွျပန္ လြတ္လာပါတယ္။သမီးႀကီးနဲ႕ သူ႕အေမကိုေတာ့ ဖမ္းဆီးထားဆဲပါ” ဟု ကိုစိုးေဌးက ေရးသားထားသည္။

သမီးငယ္ စုထက္ဝိုင္းမွာ ဖမ္းဆီးခံထားရသည့္ ႏွစ္ပတ္ေက်ာ္ကာလအတြင္း ထမင္းဝေအာင္ မစားရေၾကာင္း၊ ေရခ်ိဳးလွ်င္ အိမ္သာေရကို အသုံးျပဳရေၾကာင္း သူက ဆက္လက္ေရးသားထားသည္။

“ထမင္းဝေအာင္မစားရဘူး”.”ေရခ်ိဳးရင္အိမ္သာေရနဲ႕ခ်ိဳးရတာ”.လို႔ ျပန္ေျပာျပပါတယ္။ ဖြားဖြားစု (ေဒၚေအာင္ဆန္းစုၾကည္)” လြတ္ၿပီလားလို႔လည္းေမးပါတယ္.”မလြတ္ေသးဘူးသမီးေရ”ဆိုေတာ့ ခပ္ေငးေငးေလးျဖစ္သြားပုံက ရင္ထဲထိရွရပါတယ္ဗ်ာ” ဟု ေျပာသည္။

သမီးငယ္ ျပန္လည္လြတ္ေျမာက္ရန္ ကူညီခဲ့သူမ်ားကို ေက်းဇူးတင္ေၾကာင္းလည္း ကိုစိုးေဌးက ေရးသားထားသည္။

သမီးငယ္ စုသက္ဝိုင္းမွာ အသက္ငါးႏွစ္အ႐ြယ္ရွိၿပီး မိခင္ျဖစ္သူ အစ္မျဖစ္သူတို႔ႏွင့္အတူ ဖမ္းဆီးခံရျခင္းျဖစ္သည္။

Add a Comment

Your email address will not be published. Required fields are marked *