သူမရဲ့မွေးနေ့လေးကို စစ်ဘေးရှောင်စခန်းလေးတစ်ခုမှာ ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း ပျော်နေရှာတဲ့ ပရဟိတဆရာ၀န်မလေး

Unicode

သူမရဲ့မွေးနေ့လေးကို စစ်ဘေးရှောင်စခန်းလေးတစ်ခုမှာ ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း ပျော်နေရှာတဲ့ ပရဟိတဆရာ၀န်မလေး

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေအရ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ စစ်ရှောင်ဒေသတွေမှာ

အစားအသောက်ချို့တဲ့မှု၊ ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။

စစ်ဘေးရှောင်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတာကြောင့် ပရဟိတဆရာ၀န်မလေးတစ်ဦးက သူတတ်တဲ့ပညာနဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကုသမှုပေးနေတာလည်းတွေ့ရပါတယ်။

၎င်းဆရာ၀န်မလေးက စစ်ဘေးသင့်ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျဂရုစိုက်မှုပေးနေပြီး အခက်အခဲတွေကြားကနေ ရိက္ခာတွေလည်းတတ်နိုင်သ၍လှူဒါန်းပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ၎င်းပရဟိတဆရာ၀န်မလေးရဲ့ ၂၅နှစ်ပြည့်မွေးနေ့ဖြစ်တယ်လို့သိရပါတယ်။

သူမရဲ့ မွေးနေ့လေးကိုစစ်ဘေးရှောင်စခန်းတစ်ခုမှာ ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း စစ်ဘေးသင့်ပြည်သူတွေကို ကြက်သားဆန်ပြုတ်နဲ့ ချင်းပန်းသီးလေးတွေ ဝေပေးခဲ့တာကိုတွေ့ရပါတယ်။

စစ်ဘေးရှောင်ကလေးတွေခမျာ ဆရာ၀န်မလေးကျွေးတဲ့ ကြက်သားဆန်ပြုတ်ကိုအားရပါးရသောက်ကြရင်း ချင်းပန်းသီးလေးတွေယူကာ အတိုင်းမသိပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်။

ပုံတွေထဲမှာဆိုရင်လည်း ကလေးငယ်လေးတွေရဲ့ အပြစ်ကင်းစင်တဲ့အပြုံးလေးတွေနဲ့ ဇလုံလေးတွေကိုယ်စီကိုင်ကာ ဝိုင်းဖွဲ့စားသောက်နေကြတဲ့ပုံရိပ်လေးတွေကိုတွေ့မြင်ရတယ်။

အခုလိုကိုယ့်ကျိုးကိုမငဲ့ပဲ စစ်ဘေးသင့်ဒေသတွေမှာကူညီပေးနေတဲ့ ဆရာ၀န်မလေးလည်း မွေးနေ့မှာပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
crd-original

Zawgyi

သူမရဲ႕ေမြးေန႕ေလးကို စစ္ေဘးေရွာင္စခန္းေလးတစ္ခုမွာ ရိုးရိုးရွင္းရွင္းေလးျဖတ္သန္းရင္း ေပ်ာ္ေနရွာတဲ့ ပရဟိတဆရာ၀န္မေလး

ျမန္မာနိုင္ငံရဲ႕နိုင္ငံေရးအေျခအေနေတြအရ တိုင္းရင္းသားေဒသေတြမွာ တိုက္ပြဲေတြဆက္တိုက္ျဖစ္ေပၚေနၿပီး စစ္ေဘးသင့္ျပည္သူေတြအေနနဲ႕ စစ္ေရွာင္ေဒသေတြမွာ

အစားအေသာက္ခ်ိဳ႕တဲ့မႈ၊ ေရရွားပါးမႈေတြနဲ႕ႀကဳံေတြ႕ေနရၿပီး သက္ႀကီး႐ြယ္အိုေတြနဲ႕ ကေလးငယ္ေတြအေတာ္မ်ားမ်ား က်န္းမာေရးခ်ိဳ႕တဲ့မႈေတြနဲ႕ႀကဳံေတြ႕ေနၾကရတယ္လို႔သိရပါတယ္။

စစ္ေဘးေရွာင္ေဒသေတြမွာ က်န္းမာေရးေစာင့္ေရွာက္မႈေတြလိုအပ္ေနတာေၾကာင့္ ပရဟိတဆရာ၀န္မေလးတစ္ဦးက သူတတ္တဲ့ပညာနဲ႕ စစ္ေဘးသင့္ျပည္သူေတြကို ကုသမႈေပးေနတာလည္းေတြ႕ရပါတယ္။

၎ဆရာ၀န္မေလးက စစ္ေဘးသင့္ေဒသေတြမွာ ကိုယ္တိုင္ကိုယ္က်ဂ႐ုစိုက္မႈေပးေနၿပီး အခက္အခဲေတြၾကားကေန ရိကၡာေတြလည္းတတ္နိုင္သ၍လႉဒါန္းေပးေနတာျဖစ္ပါတယ္။ ဒီကေန႕မွာေတာ့ ၎ပရဟိတဆရာ၀န္မေလးရဲ႕ ၂၅ႏွစ္ျပည့္ေမြးေန႕ျဖစ္တယ္လို႔သိရပါတယ္။

သူမရဲ႕ ေမြးေန႕ေလးကိုစစ္ေဘးေရွာင္စခန္းတစ္ခုမွာ ရိုးရိုးရွင္းရွင္းေလးျဖတ္သန္းရင္း စစ္ေဘးသင့္ျပည္သူေတြကို ၾကက္သားဆန္ျပဳတ္နဲ႕ ခ်င္းပန္းသီးေလးေတြ ေဝေပးခဲ့တာကိုေတြ႕ရပါတယ္။

စစ္ေဘးေရွာင္ကေလးေတြခမ်ာ ဆရာ၀န္မေလးေကြၽးတဲ့ ၾကက္သားဆန္ျပဳတ္ကိုအားရပါးရေသာက္ၾကရင္း ခ်င္းပန္းသီးေလးေတြယူကာ အတိုင္းမသိေပ်ာ္႐ႊင္ေနၾကတာကိုေတြ႕ရပါတယ္။

ပုံေတြထဲမွာဆိုရင္လည္း ကေလးငယ္ေလးေတြရဲ႕ အျပစ္ကင္းစင္တဲ့အၿပဳံးေလးေတြနဲ႕ ဇလုံေလးေတြကိုယ္စီကိုင္ကာ ဝိုင္းဖြဲ႕စားေသာက္ေနၾကတဲ့ပုံရိပ္ေလးေတြကိုေတြ႕ျမင္ရတယ္။

အခုလိုကိုယ့္က်ိဳးကိုမငဲ့ပဲ စစ္ေဘးသင့္ေဒသေတြမွာကူညီေပးေနတဲ့ ဆရာ၀န္မေလးလည္း ေမြးေန႕မွာေပ်ာ္႐ႊင္ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
crd-original