သင်္ချိုင်းမြေထဲမှာ သမီးငယ်ရှာပြီးခူးပေးတဲ့ သပြေပန်းအနီရောင်လေးကို သားလေးနဲ့ဆင်တူဖြစ်အောင် နားမှာညှပ်ပန်ခဲ့တဲ့ ရေမွန်ရဲ့မိခင်

Unicode

သင်္ချိုင်းမြေထဲမှာ သမီးငယ်ရှာပြီးခူးပေးတဲ့ သပြေပန်းအနီရောင်လေးကို သားလေးနဲ့ဆင်တူဖြစ်အောင် နားမှာညှပ်ပန်ခဲ့တဲ့ ရေမွန်ရဲ့မိခင်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေမွန်ကတော့ မိသားစုနဲ့ပရိသတ်တွေကို ခွဲခွါသွားခဲ့တာ (၈)ရက်တောင်ရှိသွားပြီဖြစ်ပါတယ်။

ရေမွန်ရဲ့ ရက်လည်ကို မနေ့က နေအိမ်မှာပဲပြုလုပ်ခဲ့ကြပြီး ရင်နှီးတဲ့မိတ်ဆွေတချို့ကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ရေမွန်ရဲ့ မိခင် အန်တီခင်မြတ်မွန်ကလည်း အားကိုးရတဲ့သားလိမ္မာလေးကို ဆုံးရှုံးလိုက်ရလို့ ရင်ထဲမှာသောကအပူမီးတွေရှိနေတာဖြစ်ပါတယ်။

မိတ်ဆွေတွေနဲ့ အနုပညာအသိုင်းအဝိုင်းကသူတွေကလည်း အန်တီခင်မြတ်မွန်ကို အားပေးစကားလေးတွေပြောပေးရှာတာဖြစ်ပါတယ်။ရေမွန်ရဲ့အရိုးပြာကိုလည်း ကျန်ရစ်သူမိသားစုက အမှတ်တရတစ်ခုခုဖြစ်အောင်လို့ သေချာစီစဉ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အန်တီခင်မြတ်မွန်က ရေမွန်ရဲ့ရက်လည်ကို လက်ရှိကျန်းမာရေးအန္တရာယ်၊အခန်းအနေအထား၊လာရောက်သူတွေရဲ့လုံခြုံမှုကို စိုးရိမ်ငဲ့ညှာတာကြောင့် အားလုံးကိုမဖိတ်နိုင်ခဲ့လို့ နားလည်ခွင့်လွှတ်ပေးဖို့ရေးသားထားတာသေးတာဖြစ်ပါတယ်။

ရေမွန့်ကို ချစ်ပေးကြတဲ့ အနီးအဝေးက မိတ်ဆွေတွေ၊ပရိသတ်တွေနဲ့ ကူညီဖေးမပေးသူအားလုံးကို ကျေးဇူးတင်စကားလည်းပြောထားပါတယ်။အန်တီခင်မြတ်မွန်ကတော့ သားလေးရဲ့အရိုးပြာကိုသွားကောက်တဲ့နေ့တုန်းက အမှတ်တရတစ်ခုကိုပြောပြလာပါသေးတယ်။

အဲ့ဒါကတော့ အရိုးပြာကောက်ဖို့ မီးမငြိမ်းသေးတာကြောင့် ရေကားခေါ်ထားပြီး စောင့်နေတဲ့အချိန်မှာသမီးငယ်ခူးပေးလာတဲ့ သပြေပန်းအနီရောင်လေးကို သားလေးနဲ့ဆင်တူဖြစ်အောင် နားမှာညှပ်ပန်ခဲ့တာဖြစ်ပါတယ်။

ရေမွန်တို့သားအမိနှစ်ယောက်ရဲ့ နောက်ဆုံးအမှတ်တရ ဆင်တူပုံလေးကို ပရိသတ်အများအပြားမြင်တွေ့အောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
crd-original

Zawgyi

သခၤ်ိဳင္းေျမထဲမွာ သမီးငယ္ရွာၿပီးခူးေပးတဲ့ သေျပပန္းအနီေရာင္ေလးကို သားေလးနဲ႕ဆင္တူျဖစ္ေအာင္ နားမွာညွပ္ပန္ခဲ့တဲ့ ေရမြန္ရဲ႕မိခင္

ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ေရမြန္ကေတာ့ မိသားစုနဲ႕ပရိသတ္ေတြကို ခြဲခြါသြားခဲ့တာ (၈)ရက္ေတာင္ရွိသြားၿပီျဖစ္ပါတယ္။

ေရမြန္ရဲ႕ ရက္လည္ကို မေန႕က ေနအိမ္မွာပဲျပဳလုပ္ခဲ့ၾကၿပီး ရင္ႏွီးတဲ့မိတ္ေဆြတခ်ိဳ႕ကိုဖိတ္ၾကားခဲ့တာျဖစ္ပါတယ္။ေရမြန္ရဲ႕ မိခင္ အန္တီခင္ျမတ္မြန္ကလည္း အားကိုးရတဲ့သားလိမၼာေလးကို ဆုံးရႈံးလိုက္ရလို႔ ရင္ထဲမွာေသာကအပူမီးေတြရွိေနတာျဖစ္ပါတယ္။

မိတ္ေဆြေတြနဲ႕ အႏုပညာအသိုင္းအဝိုင္းကသူေတြကလည္း အန္တီခင္ျမတ္မြန္ကို အားေပးစကားေလးေတြေျပာေပးရွာတာျဖစ္ပါတယ္။ေရမြန္ရဲ႕အရိုးျပာကိုလည္း က်န္ရစ္သူမိသားစုက အမွတ္တရတစ္ခုခုျဖစ္ေအာင္လို႔ ေသခ်ာစီစဥ္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ အန္တီခင္ျမတ္မြန္က ေရမြန္ရဲ႕ရက္လည္ကို လက္ရွိက်န္းမာေရးအႏၲရာယ္၊အခန္းအေနအထား၊လာေရာက္သူေတြရဲ႕လုံၿခဳံမႈကို စိုးရိမ္ငဲ့ညွာတာေၾကာင့္ အားလုံးကိုမဖိတ္နိုင္ခဲ့လို႔ နားလည္ခြင့္လႊတ္ေပးဖို႔ေရးသားထားတာေသးတာျဖစ္ပါတယ္။

ေရမြန႔္ကို ခ်စ္ေပးၾကတဲ့ အနီးအေဝးက မိတ္ေဆြေတြ၊ပရိသတ္ေတြနဲ႕ ကူညီေဖးမေပးသူအားလုံးကို ေက်းဇူးတင္စကားလည္းေျပာထားပါတယ္။အန္တီခင္ျမတ္မြန္ကေတာ့ သားေလးရဲ႕အရိုးျပာကိုသြားေကာက္တဲ့ေန႕တုန္းက အမွတ္တရတစ္ခုကိုေျပာျပလာပါေသးတယ္။

အဲ့ဒါကေတာ့ အရိုးျပာေကာက္ဖို႔ မီးမၿငိမ္းေသးတာေၾကာင့္ ေရကားေခၚထားၿပီး ေစာင့္ေနတဲ့အခ်ိန္မွာသမီးငယ္ခူးေပးလာတဲ့ သေျပပန္းအနီေရာင္ေလးကို သားေလးနဲ႕ဆင္တူျဖစ္ေအာင္ နားမွာညွပ္ပန္ခဲ့တာျဖစ္ပါတယ္။

ေရမြန္တို႔သားအမိႏွစ္ေယာက္ရဲ႕ ေနာက္ဆုံးအမွတ္တရ ဆင္တူပုံေလးကို ပရိသတ္အမ်ားအျပားျမင္ေတြ႕ေအာင္လို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
crd-original

Add a Comment

Your email address will not be published. Required fields are marked *