အနောက်နိုင်ငံများ မြန်မာ့အရေး ဝင်စွက်ဖက်နေဟု မအလကြီးပြော

Unicode

အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့

အာ.ဏာ.သိမ်းအကြမ်း.ဖက်.စစ်.ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ရုရှားရဲ့ RIA သတင်းအေဂျင်စီနဲ့အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို ဖျက်ဆီးဖို့ ကြိုးပမ်းနေကာ

နိုင်ငံတော်အာဏာကို သူတို့ထိန်းချုပ်မှုအောက်က လူတွေဆီရအောင် ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

အာရှ – ပစိဖိတ်ဒေသမှာ အကြီးမားဆုံးအန္တရာယ်တွေဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းနဲ့ ဆက်စပ်နေတယ်လို့သူကပြောပါတယ်။

မြန်မာပြည်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားရင် ရွေးကောက်ပွဲတွေကို အမြန်ဆုံး ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအားလုံး ပါ၀င်နိုင်ပြီး ရွေးကောက်ပွဲဥပဒေတွေကို ပြောင်းလဲသွားဖို့ မရှိကြောင်းလဲ ကတိပေးလိုက်ပါသေးတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး တရားရုံးက သူ့ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

မင်းအောင်လှိုင်ဟာ နိုင်ငံတကာလုံခြုံရေးဆိုင်ရညီလာခံကို တက်ရောက်ဖို့ ရုရှားနိုင်ငံကို လာရောက်တာဖြစ်ပြီး ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ဝယ်ယူရေးနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ရုရှရဲ့ Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ ၂သန်းဝယ်ယူဖို့လည်းကြည့်နေကြောင်း ပြောသွားပါတယ်။

Zawgyi

အေနာက္နိုင္ငံေတြဟာ ျမန္မာနိုင္ငံရဲ႕အေရးကိစၥေတြမွာ ဝင္ေရာက္စြက္ဖက္ေနတယ္လို႔

အာ.ဏာ.သိမ္းအၾကမ္း.ဖက္.စစ္.ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က စြပ္စြဲေျပာဆိုလိုက္ပါတယ္။

႐ုရွားရဲ႕ RIA သတင္းေအဂ်င္စီနဲ႕အင္တာဗ်ဴးမွာ ေျပာဆိုခဲ့တာျဖစ္ၿပီး အေနာက္နိုင္ငံေတြဟာ ျမန္မာနိုင္ငံကို ဖ်က္ဆီးဖို႔ ႀကိဳးပမ္းေနကာ

နိုင္ငံေတာ္အာဏာကို သူတို႔ထိန္းခ်ဳပ္မႈေအာက္က လူေတြဆီရေအာင္ ႀကိဳးပမ္းေနတယ္လို႔လည္း ေျပာပါတယ္။

အာရွ – ပစိဖိတ္ေဒသမွာ အႀကီးမားဆုံးအႏၲရာယ္ေတြဟာ ေဒသတြင္းနိုင္ငံေတြရဲ႕ ျပည္တြင္းေရးကို ၀င္ေရာက္စြက္ဖက္ျခင္းနဲ႕ ဆက္စပ္ေနတယ္လို႔သူကေျပာပါတယ္။

ျမန္မာျပည္မွာ ဆက္လက္ျဖစ္ပြားေနတဲ့ နိုင္ငံေရးအက်ပ္အတည္းနဲ႕ပတ္သက္ၿပီး ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲဆိုင္ရာ ခ်ိဳးေဖာက္မႈေတြနဲ႕ပတ္သက္လို႔ စုံစမ္းစစ္ေဆးမႈ ၿပီးဆုံးသြားရင္ ေ႐ြးေကာက္ပြဲေတြကို အျမန္ဆုံး က်င္းပသြားမယ္လို႔ ဆိုပါတယ္။

ေ႐ြးေကာက္ပြဲမွာ နိုင္ငံေရးပါတီေတြအားလုံး ပါ၀င္နိုင္ၿပီး ေ႐ြးေကာက္ပြဲဥပေဒေတြကို ေျပာင္းလဲသြားဖို႔ မရွိေၾကာင္းလဲ ကတိေပးလိုက္ပါေသးတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးထားတာနဲ႕ ပတ္သက္ၿပီး တရား႐ုံးက သူ႕ကံၾကမၼာကို ဆုံးျဖတ္ေပးလိမ့္မယ္လို႔ မင္းေအာင္လွိုင္က ဆိုပါတယ္။

မင္းေအာင္လွိုင္ဟာ နိုင္ငံတကာလုံၿခဳံေရးဆိုင္ရညီလာခံကို တက္ေရာက္ဖို႔ ႐ုရွားနိုင္ငံကို လာေရာက္တာျဖစ္ၿပီး ႐ုရွားရဲ႕ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ဝယ္ယူေရးနဲ႕ပတ္သက္ၿပီး စစ္ေခါင္းေဆာင္ေတြနဲ႕ေတြ႕ဆုံခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာနိုင္ငံဟာ ႐ုရွရဲ႕ Sputnik V ကိုဗစ္-၁၉ ကာကြယ္ေဆးပမာဏ ၂သန္းဝယ္ယူဖို႔လည္း ၾကည့္ေနေၾကာင္း ေျပာသြားပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *