ရေမွန်နေခဲ့တဲ့ တိုက်ခန်းလေးကို ရက်လည်နေ့လေးမှာ ကိုယ်တိုင် သွားရောက်ခဲ့တဲ့ အဆိုတော် လိမ္မော်သီး

Unicode

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုတော် လိမ္မော်သီးကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သီချင်းတွေကို အင်အားအပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ်

ယနေ့အချိန်အထိတိုင်အောင် သီချင်းတွေအများအပြား ဖန်တီးခဲ့တဲ့ လိမ္မော်သီးက တစ်ကိုယ်တော်အခွေတွေလည်းထွက်ရှိခဲ့ပြီဖြစ်ပါတယ်

ဒါ့အပြင်လိမ္မော်သီးက ချစ်စရာကောင်းတဲ့ သူမရဲ့ညီမလေးဝေလာရီနဲ့ဆိုရင်လည်းသီချင်းတွေဖန်တီးပြီး အတူတူသီဆိုခဲ့တာပဲဖြစ်ပါတယ်

ဒီနေ့လေးမှာ လိမ္မောသီးက မကြာခင် ရက်ပိုင်းက ကွယ်လွန်သွားတဲ့ ရေမွန်ရဲ့ တိုက်ခန်းလေးကို ကိုယ်တိုင်သွားရောက်ဖြစ်ခဲ့ကြောင်းဖော်ပြလာပါတယ်

ဒီနေ့ဆိုရင် ရေမွန်ကွယ်လွန်သွားတာ ရက်လည်နေ့လေးလည်းဖြစ်ပါတယ် ရေမွန်ရဲ့ရက်လည်နေ့မှာ သူ့ရဲ့အမှတ်တရ တွေပြည့်နေတဲ့အခန်းထဲကအမှတ်တရပုံရိပ်လေးတွေကို ဖော်ပြလာတာဖြစ်ပါတယ်

ပုံရိပ်လေးတွေနဲ့အတူ ” နောက်ဆုံးခရီး လိုက်မပို့နိုင်ခဲ့ပေမယ့် ရက်လည်တော့ရောက်ခဲ့တယ် ကိုကြီးအေးချမ်းတဲ့ဘုံဘဝရောက်ရှိနေမယ်လို့ ယုံကြည်ပါတယ်ငြိမ်းချမ်းပါစေကိုကြီး ” ဆိုတဲ့

စာလေးကိုလည်း ဝမ်းနည်းကြောင်း အမှတ်တရရေးသားဖော်ပြထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။ရေမွန်လည်း ကောင်းရာသုတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်
CRD – Cele Zone

Zawgyi







CRD – Cele Zone

Add a Comment

Your email address will not be published. Required fields are marked *