သူ့ရဲ့ညီလေးနဲ့ အိပ်မက်ထဲမှာတွေ့ပြီး စကားတွေပြောဖြစ်တဲ့အကြောင်းကို ဖွင့်ဟလာတဲ့ ညီညီအောင်ထက်နိုင်ရဲ့အမွှာအစ်ကို

Unicode

သူ့ရဲ့ညီလေးနဲ့ အိပ်မက်ထဲမှာတွေ့ပြီး စကားတွေပြောဖြစ်တဲ့အကြောင်းကို ဖွင့်ဟလာတဲ့ ညီညီအောင်ထက်နိုင်ရဲ့အမွှာအစ်ကို

ဒီမိုကရေစီတိုက်ပွဲအတွက် အနစ်နာခံပြီး ကြိုးစားပေးသွားကြတဲ့ သူရဲကောင်းတွေကတော့ ပြည်သူတွေရဲ့ရင်ထဲမှာထာဝရရှင်သန်နေမှာပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလကတည်းက အသက်ပေးသွားခဲ့ရသူတွေကိုလည်း ယနေ့အချိန်ထိတိုင်အောင် အောက်မေ့သတိရနေကြဆဲဖြစ်ပါတယ်။

မနေ့က ဇွန်လ (၂၈) ရက်နေ့ကတော့ သူရဲကောင်းလေး ညီညီအောင်ထက်နိုင် ကျဆုံးသွားခဲ့တဲ့ (၄) လပြည့်နေ့လေးပဲဖြစ်ပါတယ်။ညီညီရဲ့ အမွှာအစ်ကိုကလည်း သူ့ရဲ့ညီလေးအတွက် ကောင်းမှူကုသိုလ်တွေကို အမြဲလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

ဇွန်လ (၂၈)ရက်နေ့ ညီညီ့ရဲ့(၄)လပြည့်မှာလည်း သူအရမ်းချစ်တတ်တဲ့ ခွေးလေး၊ကြောင်လေးတွေအတွက် အလှူလုပ်ပေးခဲ့တာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေကတော့ ညီညီ့ကို အမြဲသတိရနေကြပြီး အမှတ်တရတွေကိုလည်း ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အစ်ကိုဖြစ်သူက ညီညီ့ကို အိပ်မက်မက်တဲ့အကြောင်းကို ဖွင့်ဟလာတာဖြစ်ပါတယ်။ညီညီရဲ့ အစ်ကိုကတော့ အိပ်မက်တွေက တကယ်မဟုတ်နိုင်ဘူးဆိုတာသိနေပေမယ့်လည်းနာကျင်နေရတာဖြစ်ပါတယ်။

အိပ်မက်ထဲမှာ သူ့ရဲ့ညီလေးက သူ့ဆီကို ဘာလို့ လာလို့မရတာလဲလို့ မေးတာကြောင့် ဘယ်လိုစိတ်နဲ့ဖြေရမလဲဆိုပြီးခံစားနေရတာဖြစ်ပါတယ်။ပြီးတော့လည်း “ငါ့ကို ဘာလို့ အမျှတွေဝေနေကြတာလဲ”ဆိုပြီး ထပ်မေးလိုက်တဲ့စကားကြောင့် အစ်ကိုဖြစ်သူခမျာ စိတ်ထဲမွန်းကြပ်သွားခဲ့တာဖြစ်ပါတယ်။

အိပ်မက်ထဲမှာတော့ သူ့ရဲ့ညီလေးကို သူပြောချင်တဲ့စကားလေးတွေ ပြောဖြစ်အောင်ပြောခဲ့လိုက်ပါတယ် ဆိုပြီး သတိရလို့ စိတ်စွဲကာ အိပ်မက်မက်တဲ့အကြောင်းကို ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။
crd-original

Zawgyi

သူ႕ရဲ႕ညီေလးနဲ႕ အိပ္မက္ထဲမွာေတြ႕ၿပီး စကားေတြေျပာျဖစ္တဲ့အေၾကာင္းကို ဖြင့္ဟလာတဲ့ ညီညီေအာင္ထက္နိုင္ရဲ႕အမႊာအစ္ကို

ဒီမိုကေရစီတိုက္ပြဲအတြက္ အနစ္နာခံၿပီး ႀကိဳးစားေပးသြားၾကတဲ့ သူရဲေကာင္းေတြကေတာ့ ျပည္သူေတြရဲ႕ရင္ထဲမွာထာဝရရွင္သန္ေနမွာပဲျဖစ္ပါတယ္။ေဖေဖာ္ဝါရီလကတည္းက အသက္ေပးသြားခဲ့ရသူေတြကိုလည္း ယေန႕အခ်ိန္ထိတိုင္ေအာင္ ေအာက္ေမ့သတိရေနၾကဆဲျဖစ္ပါတယ္။

မေန႕က ဇြန္လ (၂၈) ရက္ေန႕ကေတာ့ သူရဲေကာင္းေလး ညီညီေအာင္ထက္နိုင္ က်ဆဳံးသြားခဲ့တဲ့ (၄) လျပည့္ေန႕ေလးပဲျဖစ္ပါတယ္။ညီညီရဲ႕ အမႊာအစ္ကိုကလည္း သူ႕ရဲ႕ညီေလးအတြက္ ေကာင္းမႉကုသိုလ္ေတြကို အၿမဲလုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။

ဇြန္လ (၂၈)ရက္ေန႕ ညီညီ့ရဲ႕(၄)လျပည့္မွာလည္း သူအရမ္းခ်စ္တတ္တဲ့ ေခြးေလး၊ေၾကာင္ေလးေတြအတြက္ အလႉလုပ္ေပးခဲ့တာျဖစ္ပါတယ္။က်န္ရစ္သူမိသားစုဝင္ေတြကေတာ့ ညီညီ့ကို အၿမဲသတိရေနၾကၿပီး အမွတ္တရေတြကိုလည္း ဘယ္ေတာ့မွမေမ့ၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ အစ္ကိုျဖစ္သူက ညီညီ့ကို အိပ္မက္မက္တဲ့အေၾကာင္းကို ဖြင့္ဟလာတာျဖစ္ပါတယ္။ညီညီရဲ႕ အစ္ကိုကေတာ့ အိပ္မက္ေတြက တကယ္မဟုတ္နိုင္ဘူးဆိုတာသိေနေပမယ့္လည္းနာက်င္ေနရတာျဖစ္ပါတယ္။

အိပ္မက္ထဲမွာ သူ႕ရဲ႕ညီေလးက သူ႕ဆီကို ဘာလို႔ လာလို႔မရတာလဲလို႔ ေမးတာေၾကာင့္ ဘယ္လိုစိတ္နဲ႕ေျဖရမလဲဆိုၿပီးခံစားေနရတာျဖစ္ပါတယ္။ၿပီးေတာ့လည္း “ငါ့ကို ဘာလို႔ အမွ်ေတြေဝေနၾကတာလဲ”ဆိုၿပီး ထပ္ေမးလိုက္တဲ့စကားေၾကာင့္ အစ္ကိုျဖစ္သူခမ်ာ စိတ္ထဲမြန္းၾကပ္သြားခဲ့တာျဖစ္ပါတယ္။

အိပ္မက္ထဲမွာေတာ့ သူ႕ရဲ႕ညီေလးကို သူေျပာခ်င္တဲ့စကားေလးေတြ ေျပာျဖစ္ေအာင္ေျပာခဲ့လိုက္ပါတယ္ ဆိုၿပီး သတိရလို႔ စိတ္စြဲကာ အိပ္မက္မက္တဲ့အေၾကာင္းကို ေရးသားမွ်ေဝလာခဲ့တာျဖစ္ပါတယ္။
crd-original

Add a Comment

Your email address will not be published. Required fields are marked *