နွေဦးတော်လှန်ရေးကို ဘယ်လိုပုံစံနဲ့ ဆက်လက်ပြီးတော့ ပါဝင်လို့ရမလဲ၊ ပါဝင်သင့်သလဲ
Unicode
#ငါတို့ဘာဆက်လုပ်ကြမလဲ
အခုချိန်မှာ ကျနော်တို့ပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေးကို ဘယ်လိုပုံစံနဲ့ ဆက်လက်ပြီးတော့ ပါဝင်လို့ရမလဲ၊ ပါဝင်သင့်သလဲ။
ကျနော်တို့ လူထုတော်လှန်ရေးက ရှေ့ကို ဆက်လက်ချီတက်နေပါတယ်၊ ရပ်တန့်မနေပါဘူး။ ကျနော်တို့အနေနဲ့ နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်တဲ့နည်းနာ၊အသွင်ပုံစံတွေ အများကြီးရှိပါတယ်။
ကျနော်တို့အနေနဲ့ ယခုချိန်ထိရှိနေတဲ့ လမ်းမထက်က လူထုသပိတ်တိုက်ပွဲတွေမှာ ဆက်လက်ပါဝင်လို့ရပါတယ်။ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေးကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ချင်တယ်ဆိုရင်လည်း ချိတ်ဆက်ပါဝင်ကြပါ။
ဒီကဏ္ဍနဲ့ပတ်သတ်ရင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားတဲ့ “ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)” ရှိသလို ဒေသအလိုက် (တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ် စသည်)
ဖွဲ့စည်းဆောင်ရွက်နေကြတဲ့ “ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့” တွေလည်း ရှိကြပါတယ်။ အရင်ကတည်းကတည်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဆန္ဒရှိပါက ချိတ်ဆက်ကြပါ၊ ပါဝင်ကြပါ၊သို့မဟုတ် နိုင်ရာကဏ္ဍကနေ ကူညီကြပါ။
ဒါ့အပြင် ကျနော်တို့ သူရဲကောင်း CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီရေးကိစ္စတွေမှာလည်း နိုင်သလောက် ဆောင်ရွက်ပါဝင်လို့ရပါတယ်။
နောက်တော်လှန်ရေးကာလအတွက် လိုအပ်ကိုက်ညီတဲ့ ကျန်းမာရေးအသိပညာ၊ အတတ်ပညာ (ဥပမာ၊ ရှေးဦးသူနာပြု၊ အရေးပေါ်ထိခိုက်ရှနာကုသမှု)တွေကို လေ့လာသင်ယူ၊ ဖြန့်ဝေလို့ရတယ်။
အခု နေရာအတော်များများမှာ ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ၊ ဒုက္ခသည်တွေကို ကူညီရာမှာလည်း ပါဝင်ကြစေလိုပါတယ်။
ဒီပြည်သူတွေမှာ စားဝတ်နေရေး၊ ကျန်းမာရေးစတဲ့ အထွေထွေလိုအပ်ချက်တွေ မြောက်များစွာ ရှိနိုင်ပါတယ်။ “ပြည်သူမှ ပြည်သူဆီသို့” ဆိုတဲ့ စကားအတိုင်းပဲ ပြည်သူအချင်းချင်း နိုင်သလောက် ကူညီဆောင်ရွက်ကြရန် ဖြစ်ပါတယ်။
နောက်ပြီး အရေးကြီးဆုံးဖြစ်တဲ့ “ဘူးသပိတ်” လှုပ်ရှားမှုကတော့ ဘယ်သူမဆို၊ ဘယ်အချိန်မဆို ပါဝင်ဆောင်ရွက်လို့ရတဲ့ တော်လှန်ရေးနည်းနာတစ်ခုဖြစ်ပါတယ်။ “ဘူးသပိတ်” ကို မှတ်မိကြပါတယ်နော်၊
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ် မပြုဘူး၊ အပတ်အသတ်မလုပ်ဘူး။ အခွန်အခမပေးဆောင်ဘူး။ စစ်တပ်ပိုင် ဒါမှမဟုတ် စစ်တပ်နဲ့ပတ်သတ်နေတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မဝယ်ယူဘူး၊အားမပေးဘူးစတဲ့ သပိတ်လှုပ်ရှားမှုပါ။
နောက်တစ်ခုကတော့ မိမိရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အထူးဂရုစိုက်ပါ၊ မယိုယွင်းပါစေနဲ့။ စိတ်ဓာတ် မကျိုးပဲ့ပါစေနဲ့၊ ကျန်းမာရေး မကျိုးပဲ့ပါစေနဲ့။
အခုလိုအချိန်မျိုးက လူတိုင်းမှာ ဖိအားကိုယ်စီ၊ အကြပ်အတည်းကိုယ်စီရှိနေကြတဲ့အချိန်မို့ အထူးသဖြင့် စိတ်ဓာတ်မပျက်ယွင်းဖို့ အထူးဂရုပြုကြစေလိုပါတယ်။
အရေးတော်ပုံကြီးက ဆက်လက်ချီတက်နေမှာဖြစ်ပါတယ်။ ကျနော်တို့ နွေဦးတော်လှန်ရေးက မုခုအောင်မြင်မှာဖြစ်ပါတယ်။ တစ်ခုပါပဲ၊ ဒီအောင်မြင်မှုကိုရရှိဖို့ ကျနော်တို့ထိုက်တန်တဲ့ ရင်းနှီးပေးဆပ်မှုတော့ရှိရမှာဖြစ်ပါတယ်။
လွတ်လပ်မှုကို အလကားဈေးနဲ့မရနိုင်ပါ။ဒီတော့ တော်လှန်ရေးအတွင်း ကျရာကဏ္ဍကထမ်းဆောင်ဖို့ဆို ကျနော်တို့ ကိုယ်စိတ်နှစ်ပါးလုံးကျန်းမာရေးအထူးအရေးကြီး၏။ အရေးကြုံရင် သက်လုံကောင်းအောင်လေ့ကျင့်ပြင်ဆင်ထားပါ။
နတ်စီတဲ့အိပ်မက်လှလှများ လွယ်လွယ်နဲ့ မရ။
#ကြောက်ခေတ်ကို_မှောက်ပစ်ကြ
#ကမ္ဘာမကြေဘူး
#မလျော့ဘူး
#သွေးမအေးဘူး
#နောက်မဆုတ်ဘူး
#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်
#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်
#အရေးတော်ပုံ_အောင်ရမည်
crd
Dr Tayzar San
Zawgyi
#ကမ္ဘာမကြေဘူး
#မလျော့ဘူး
#သွေးမအေးဘူး
#နောက်မဆုတ်ဘူး
crd
Dr Tayzar San
Add a Comment
Your email address will not be published. Required fields are marked *