တေးသံရှင်ပိုပို၊ သရုပ်ဆောင်ပြေတီဦးတို့လို့ အနုပညာရှင်တွေနဲ့ တော်လှန်ရေးကြောင့် ထောင်ထဲရောက်နေတဲ့ လူငယ်တွေရဲ့ ငိုအားထက် ရီအားသန် အခြေအနေကို ပြောပြလာတဲ့ ရှေ့နေကြီးတဦး………..

Unicode

တေးသံရှင်ပိုပို၊ သရုပ်ဆောင်ပြေတီဦးတို့လို့ အနုပညာရှင်တွေနဲ့ တော်လှန်ရေးကြောင့် ထောင်ထဲရောက်နေတဲ့ လူငယ်တွေရဲ့ ငိုအားထက် ရီအားသန် အခြေအနေကို ပြောပြလာတဲ့ ရှေ့နေကြီးတဦး………..

လက်ရှိကာလအတွင်းမှာတော့ အပြစ်မဲ့တဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသလို တစ်ချို့ပြည်သူတွေရဲ့မိသားစုတွေလည်း တကွဲတပြား ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ်

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ(၆၃၈၀)ခန့်ရှိခဲ့ပြီး လက်ရှိအချိန်အထိ ချုပ်နှောင်ခံထားရသူဦးရေမှာ (၅၁၈၃)ခန့်ရှိကြောင်း AAPP က ထုတ်ပြန်ကြေညာထားပါတယ်။

အဖမ်းခံထားရတဲ့သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။အခုလည်း ရှေ့နေအမျိုးသမီးတစ်ယောက်က သူ့ရဲ့အမှုသည်ကလေးတွေဆီကနေ ကြားသိရတဲ့ သတင်းအချို့ကို ပြောပြထားတာ ဖြစ်ပါတယ်

ကလေးတွေက ထောင်ထဲမှာ သူတို့ချစ်တဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး ပျော်နေကြတဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ အနုပညာရှင်တွေနဲ့ အဆောင်တူတဲ့သူတွေက သူတို့ကြိုက်ခဲ့ရတဲ့

Idolတွေနဲ့ခင်နေရတော့ ပျော်နေကြသလို တစ်ချို့တွေကလည်း သူတို့အဆင်ပြေသလို ကြိုးစားနေထိုင်နေကြတာ ဖြစ်ပါတယ် ။ဒီအကြောင်းကို “ငါ့အမှုသည် တွေများ ပိုင်တံခွန်နဲ့တွေ့ရလို့

ပျော်နေတဲ့သူနဲ့ ပိုပိုကသီချင်းတွေဆိုပြလို့ မပျင်းရဘူးဆိုသူနဲ့….အစ်မဝင်းမင်းသန်းက အရမ်းရယ်ရတယ်ဆိုသူနဲ့ ဦးတီနဲ့စကားပြောရင် ပညာရတယ်ဆိုသူနဲ့

ဪ ခင်ရာဆွေမျိုးပါလား…ဘယ်နေရာရောက်ရောက် စိတ်ချမ်းသာအောင်နေတတ်ကြတယ်….” ဆိုပြီး ကလေးတွေဆီ ကနေ ကြားရတဲ့သတင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ်

အထဲမှာနေနေရပေမယ့်လည်း ရှိတာလေးပဲဝတ်၊ကျွေးတာလေးပဲစားပြီး စည်းစည်းလုံးလုံးနေကြတဲ့ ကလေးတွေရဲ့အကြောင်းကို အဲ့ဒီရှေ့နေအမျိုးသမီးက ပြန်ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ။
crd-

Zawgyi









crd-

Add a Comment

Your email address will not be published. Required fields are marked *