အခုနောက်ပိုင်းမှာ အဖမ်းခံရတဲ့သူတွေအတွက် Speak Out လုပ်ပေးပါဦးဆိုတာမျိုး မတင်သင့်တော့တဲ့အကြောင်းရင်းကို ပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

Unicode

အခုနောက်ပိုင်းမှာ အဖမ်းခံရတဲ့သူတွေအတွက် Speak Out လုပ်ပေးပါဦးဆိုတာမျိုး မတင်သင့်တော့တဲ့အကြောင်းရင်းကို ပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

သရုပ်ဆောင် မင်းသမီး နန်းစန္ဒာလှထွန်းကတော့ ပြည်သူ‌တွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ အနုပညာရှင်တွေထဲကတစ်ဦးပဲဖြစ်ပါတယ်

နန်းစန္ဒာလှထွန်းက လူထုလှုပ်ရှားမှုတွေမှာ သူမကိုယ်တိုင် တက်တက်ကြွကြွပါဝင်ခဲ့တာဖြစ်ပါတယ် သူမကတော့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး မကြာခဏဆိုသလို ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်

အခုဆိုရင်လည်း နန်းစန္ဒာလှထွန်းက သူမတတ်နိုင်တဲ့နေရာကနေ တစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးနေတာဖြစ်ပါတယ် မနေ့ကတော့ နန်းစန္ဒာလှထွန်းက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေကို အကြံပေးစကား ပြောကြားထားတာဖြစ်ပါတယ်

နန်းက အခုနောက်ပိုင်းမှာ အဖမ်းခံရတဲ့သူတွေအတွက် Speak Out လုပ်ပေးပါဦးဆိုပြီး တင်တာက သူတို့ကိုအဆင်မပြေဖြစ်စေနိုင်ကြောင်း ပြောပြထားတာဖြစ်ပါတယ်

နန်းစန္ဒာလှထွန်းက “တော်ကြာ ကိုယ့်ဘက်ကလုပ်ပေးလို့ ပိုသိကြမှ ဖမ်းခံရတဲ့သူက ပိုပြီးနှိပ်စက်ခံနေရမှာစိုးလို့ပါ … အခုချိန်မှာ အဲ့လို speak out လုပ်လည်း ဘာမှထူးမသွားလို့လေနော်” ဆိုပြီး သူမရဲ့အမြင်လေးကို ပြောပြလာခဲ့တာဖြစ်ပါတယ်

နန်းကတော့ အဖမ်းခံထားရတဲ့သူတွေ မလိုအပ်ဘဲ ပိုဒုက္ခရောက်ကုန်မှာစိုးတာကြောင့် အခုလိုပြောထားတာ ဖြစ်ပါတယ် ဒါ့အပြင် နန်းက ပြည်သူတွေအနေနဲ့ အဖမ်းခံရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုရင် စာလေးတင်ပြီး ဆုတောင်းပေးလို့ရကြောင်း ရေးသားထားတာလည်းတွေ့ရပါတယ်။
crd-original

Zawgyi







crd-original

Add a Comment

Your email address will not be published. Required fields are marked *