ပြည်သူများ ကိုဗစ်ရောဂါကို အထူးဂရုစိုက်ရန် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး

Unicode

ကိုဗစ်၁၉ ကပ်ရောဂါ ထပ်မံပျံပွားလာသည့်ကိစ္စနှင့်ပတ်သက်၍ တစ်တိုင်းပြည်လုံး ဂရုစိုက်နေထိုင်သွားကြရန် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း သူမ၏ရှေ့နေအပြောအရသိရသည်။

” ဒေါ်စုက နေပြည်တော်နဲ့ တစ်ပြည်လုံး ကိုဗစ်တိုးလာတဲ့အခြေအနေကို မေးပါတယ်။ ဂရုစိုက်နေထိုင်ကြဖို့လည်း မှာပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

” ပထမက ရှေ့နေအဖွဲ့ကို မှာပါတယ်။ ပြီးတော့ တစ်ပြည်လုံးကို ဂရုစိုက်ကြဖို့မှာပါတယ်” ဟု သူက ထပ်ပြောသည်။

နေပြည်တော်အထူးသီးသန့်တရားရုံးတွင် ယနေ့ ဇွန်လ ၂၈ ရက်ရုံးချိန်းရင်ဆိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို ရုံးထုတ်ချိန်တွင် အမှုလိုက်ရှေ့နေနှင့်အဖွဲ့ကို တဆင့်စကားပါးလိုက်ခြင်းဖြစ်သည်။ ခုနှစ်ယောက်ပါရှေ့နေအဖွဲ့တွင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်သည် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ရုံးထုတ်စစ်ဆေးမှုမတိုင်မီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အသက် ၆၉ နှစ်အရွယ် သမ္မတဦးဝင်းမြင့်တို့နှစ်ဦးကို နံနက်၉နာရီခွဲမှ ၁၀ နာရီခွဲအထိ တစ်နာရီကြာတွေ့ဆုံစကားပြောခွင့်ရခဲ့ကြောင်း ဦးခင်မောင်ဇော်ကဆိုသည်။

ယနေ့ရုံးချိန်းတွင် သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တစ်မှုအတွက် တရားလိုပြသက်သေတစ်ဦးကိုစစ်ဆေးခဲ့သည်။ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အတွက် တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးခဲ့သည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီက အမှုခုနှစ်တပ်ကာ တရားစွဲခံထားရသည့် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အမှုတစ်ခုဖြစ်သော ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇ အတွက် တရားလို ရဲအရာရှိတစ်ဦးကို စစ်မေးခဲ့ပြီး၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ အတွက် တရားလိုပြသက်သေ နှစ်ယောက်ကို ထပ်မံစစ်ဆေးခဲ့ပြီး ယနေ့ရုံးချိန်းကို ရပ်နားခဲ့သည်။

အမှုနှစ်ခုလုံးအတွက် လာမည့်ရုံးချိန်းကို ဇူလိုင် ၅ ရက်သို့ပြန်လည်ချိန်းဆိုထားသည်။

Zawgyi

ကိုဗစ္၁၉ ကပ္ေရာဂါ ထပ္မံပ်ံပြားလာသည့္ကိစၥႏွင့္ပတ္သက္၍ တစ္တိုင္းျပည္လုံး ဂ႐ုစိုက္ေနထိုင္သြားၾကရန္ ဖမ္းဆီးခံထားရသည့္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားေၾကာင္း သူမ၏ေရွ႕ေနအေျပာအရသိရသည္။

” ေဒၚစုက ေနျပည္ေတာ္နဲ႕ တစ္ျပည္လုံး ကိုဗစ္တိုးလာတဲ့အေျခအေနကို ေမးပါတယ္။ ဂ႐ုစိုက္ေနထိုင္ၾကဖို႔လည္း မွာပါတယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာသည္။

” ပထမက ေရွ႕ေနအဖြဲ႕ကို မွာပါတယ္။ ၿပီးေတာ့ တစ္ျပည္လုံးကို ဂ႐ုစိုက္ၾကဖို႔မွာပါတယ္” ဟု သူက ထပ္ေျပာသည္။

ေနျပည္ေတာ္အထူးသီးသန႔္တရား႐ုံးတြင္ ယေန႕ ဇြန္လ ၂၈ ရက္႐ုံးခ်ိန္းရင္ဆိုင္ရသည့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ နိုင္ငံေတာ္သမၼတဦးဝင္းျမင့္တို႔ကို ႐ုံးထုတ္ခ်ိန္တြင္ အမႈလိုက္ေရွ႕ေနႏွင့္အဖြဲ႕ကို တဆင့္စကားပါးလိုက္ျခင္းျဖစ္သည္။ ခုႏွစ္ေယာက္ပါေရွ႕ေနအဖြဲ႕တြင္ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္သည္ အဖြဲ႕ဝင္တစ္ဦးျဖစ္သည္။

႐ုံးထုတ္စစ္ေဆးမႈမတိုင္မီ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ အသက္ ၆၉ ႏွစ္အ႐ြယ္ သမၼတဦးဝင္းျမင့္တို႔ႏွစ္ဦးကို နံနက္၉နာရီခြဲမွ ၁၀ နာရီခြဲအထိ တစ္နာရီၾကာေတြ႕ဆုံစကားေျပာခြင့္ရခဲ့ေၾကာင္း ဦးခင္ေမာင္ေဇာ္ကဆိုသည္။

ယေန႕႐ုံးခ်ိန္းတြင္ သမၼတဦးဝင္းျမင့္ကို စြဲဆိုထားသည့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ တစ္မႈအတြက္ တရားလိုျပသက္ေသတစ္ဦးကိုစစ္ေဆးခဲ့သည္။ယင္းေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားသည့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ အတြက္ တရားလိုျပသက္ေသႏွစ္ဦးအား စစ္ေဆးခဲ့သည္။

ယင္းအျပင္ အာဏာသိမ္းစစ္ေကာင္စီက အမႈခုႏွစ္တပ္ကာ တရားစြဲခံထားရသည့္ အသက္ ၇၆ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္အား စြဲဆိုထားသည့္ အမႈတစ္ခုျဖစ္ေသာ ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၇ အတြက္ တရားလို ရဲအရာရွိတစ္ဦးကို စစ္ေမးခဲ့ၿပီး၊ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ-၈ အတြက္ တရားလိုျပသက္ေသ ႏွစ္ေယာက္ကို ထပ္မံစစ္ေဆးခဲ့ၿပီး ယေန႕႐ုံးခ်ိန္းကို ရပ္နားခဲ့သည္။

အမႈႏွစ္ခုလုံးအတြက္ လာမည့္႐ုံးခ်ိန္းကို ဇူလိုင္ ၅ ရက္သို႔ျပန္လည္ခ်ိန္းဆိုထားသည္။

Add a Comment

Your email address will not be published. Required fields are marked *