ခုတလော လိုင်းပေါ်တွင် မြင်တွေ့နေရတဲ့ သတင်းတွေအပေါ် ဆုံးရှုံးသွားတဲ့သူငယ်ချင်းအပေါ် စိတ်မကောင်းဖြစ်နေတဲ့ မေ….

Unicode

ပရိတ်သတ်ကြီးရေ ကျန်းမာရေးကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ အဆိုတော်ကိုရေမွန်အတွက် ပရိသတ်တွေ သာမက အနုပညာအသိုင်းအဝိုင်းကညီအစ်ကိုမောင်နှမများ အားလုံးကပါနှမျောတသဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

လူသေသွားသော်လည်း နာမည်မသေသွားတဲ့ရေမွန်ရဲ့သီချင်းတွေကို အခုထိအားပေးနားဆင်နေကြတာဖြစ်ပါတယ်။ရေမွန်ကို ချစ်ကြတဲ့ သူများအားလုံးကသူ့အတွက်ရည်ရွယ်ပြီးကမ္ဘာမြေကို အကျိုးပြုစေတဲ့ သစ်ပင်လေးတွေကိုယ်စီစိုက်ပျိုးကြဖို့Raymond Tree ဆိုတဲ့ campaignတစ်ခုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ရေမွန်ကွယ်လွန်တာရက်ပိုင်းပဲရှိသေးပေမယ့် သူနဲ့ပတ်သက်တဲ့ တစ်ချို့အကြောင်းအရာတွေဟာလူမှု့ကွန်ယက်ပေါ်တွင်အခုထိ မငြိမ်သက်သေးပဲပြောနေကြဆဲဖြစ်ပါတယ်။

မနေ့ညကလည်း အဆိုတော်မေရဲ့ Facebook Pageတွင် သူ့သူငယ်ချင်းနဲ့ပတ်သက်ပြီး ခံစားနေရတဲ့အကြောင်းလေးတွေကို ဖွင့်ဟပြောပြလာတာဖြစ်ပါတယ်။ဒါကတော့ လူမှုကွန်ယက်တွင် လတ်တလောမြင်နေရတဲ့သတင်းတွေကြောင့်သူငယ်ချင်းဖြစ်သူ ရေမွန်အတွက်စိတ်မကောင်းဖြစ်နေကြောင်းပြောပြထားတာ ဖြစ်ပါတယ်။

” တွတ်ပီရဲ့ “သဘာဝနဲ့ငါ” သီချင်းကိုနားထောင်ချင်တယ်.သူ Live မှာပြောသွားတာ ဒီ societyကြီးကို စိတ်ကုန်ပြီးသဘာဝနဲ့နီးတဲ့နေရာကို တစ်ယောက်ထဲဒိုးသွားတဲ့အကြောင်းတဲ့ အခု ဒီ societyကြီးကသူသွားတာတောင်ရက်ပိုင်းပဲရှိသေးတယ်ဖြစ်နေကြတဲ့

ပွဲတွေကို သူသိရင်လည်းစိတ်ကောင်းမယ်မထင်ဘူး..”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ မေကလည်းအခုလိုပွဲတွေ ဖြစ်နေတာထက်စာရင် ရေမွန်ရဲ့ဘယ်သီချင်းတွေကိုအကြိုက်ဆုံးဖြစ်ခဲ့ကြောင်းနဲ့

ရေမွန်နဲ့ ဆုံဖြစ်လို့သီချင်းဆိုခိုင်းတဲ့အခါတိုင်းလည်း ” ချန်ခဲ့ ကလွဲလို့တခြားသီချင်းတောင်းကြဟာတဲ့.သူခဏခဏဆိုရလို့ မဆိုချင်ဘူးတဲ့သူပြောတာလေးမှတ်မိလိုက်လို့ပါ”ဆိုပြီး အမှတ်တရအချို့ကိုလည်းသတိတရနဲ့ရေးသားပြောပြထားတာဖြစ်ပါတယ်။

ရေမွန်တစ်ယောက် ကောင်းကင်ဘုံမှာအေးချမ်းစွာအနားယူနိုင်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းလေးကိုတင်ဆက်ပေးလိုက် ရပါတယ်။ဖတ်ရှု့ပေးသူတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိ
ပါတယ်။
Source -May Facebook Page

Zawgyi








ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *