အမေရိကန်မှာကျင်းပတဲ့ Fury Fighting Championship ပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပြန်တဲ့ ချင်းအမျိုးသား Joshua Van Bawi Thawng

Unicode

အမေရိကန်မှာကျင်းပတဲ့ Fury Fighting Championship ပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပြန်တဲ့ ချင်းအမျိုးသား Joshua Van Bawi Thawng

အမေရိကန်မှာကျင်းပတဲ့ Fury Fighting Championship ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသားတစ်ယောက် ခါးပတ်ရရှိခဲ့ကြောင်း ကြားသိရပါတယ်။ ဇွန်လ (၂၇) ရက်နေ့က အမေရိကန်မှာ ကျင်းပတဲ့ Fury Fighting Championship Amateur Series 34 ပြိုင်ပွဲမှာ

ချင်းတိုင်းရင်းသား Joshua Van Bawi Thawng ကပြိုင်ဘက်ကို အကောင်းဆုံး ထိုးသတ်ပြီး အနိင်ရရှိခဲ့တာကြောင့် ထိုက်ထိုက်တန်တန် ခါးပတ်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Fury Fighting Championship ပြိုင်ပွဲမှာတော့ တွဲဆိုင်း (၅)ဆိုင်းယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမျိုးသမီးတွဲဆိုင်း(၁)ဆိုင်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ယင်းပွဲစဉ်မှာတော့ ချင်းတိုင်းရင်းသားJoshua Van Bawi Thawng ဟာ (၁၂၅) ဝိတ်တန်းမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြောင်း သိရပါတယ်။

Joshua Van Bawi Thawngဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Ruan ရွာလေးမှာ မွေးဖွားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Joshua Van Bawi Thawngဟာ လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာပဲ အခြေချနေထိုင်တာဖြစ်ပြီး သူဟာ၂၀၁၉ ခုနှစ်လောက်ကနေ လက်ဝှေ့ကိုစတင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းဟာ ပြိုင်ပွဲတိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး နာမည်ကြီးပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC ဝင်နိင်အောင်လည်း ဆက်လက်ကြိုးစားနေကြောင်း သိရပါတယ်။ကဲပရိသတ်ကြီးရေ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပြန်တဲ့ ချင်းတိုင်းရင်းသားလေး Joshua Van Bawi Thawngကို ဂုဏ်ပြုစကားလေး ပြောပေးခဲ့ပါဦး။
Crd…

Zawgyi

အေမရိကန္မွာက်င္းပတဲ့ Fury Fighting Championship ၿပိဳင္ပြဲမွာ ျမန္မာ့ဂုဏ္ေဆာင္နိုင္ခဲ့ျပန္တဲ့ ခ်င္းအမ်ိဳးသား Joshua Van Bawi Thawng

အေမရိကန္မွာက်င္းပတဲ့ Fury Fighting Championship ၿပိဳင္ပြဲမွာ ခ်င္းတိုင္းရင္းသားတစ္ေယာက္ ခါးပတ္ရရွိခဲ့ေၾကာင္း ၾကားသိရပါတယ္။ ဇြန္လ (၂၇) ရက္ေန႕က အေမရိကန္မွာ က်င္းပတဲ့ Fury Fighting Championship Amateur Series 34 ၿပိဳင္ပြဲမွာ

ခ်င္းတိုင္းရင္းသား Joshua Van Bawi Thawng ကၿပိဳင္ဘက္ကို အေကာင္းဆုံး ထိုးသတ္ၿပီး အနိင္ရရွိခဲ့တာေၾကာင့္ ထိုက္ထိုက္တန္တန္ ခါးပတ္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

Fury Fighting Championship ၿပိဳင္ပြဲမွာေတာ့ တြဲဆိုင္း (၅)ဆိုင္းယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီး အမ်ိဳးသမီးတြဲဆိုင္း(၁)ဆိုင္းပါဝင္ခဲ့တာကို ေတြ႕ရပါတယ္။ ယင္းပြဲစဥ္မွာေတာ့ ခ်င္းတိုင္းရင္းသားJoshua Van Bawi Thawng ဟာ (၁၂၅) ဝိတ္တန္းမွာ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ေၾကာင္း သိရပါတယ္။

Joshua Van Bawi Thawngဟာ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္ Ruan ႐ြာေလးမွာ ေမြးဖြားခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

Joshua Van Bawi Thawngဟာ လက္ရွိမွာေတာ့ အေမရိကန္နိုင္ငံမွာပဲ အေျခခ်ေနထိုင္တာျဖစ္ၿပီး သူဟာ၂၀၁၉ ခုႏွစ္ေလာက္ကေန လက္ေဝွ႕ကိုစတင္ကစားခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ၎ဟာ ၿပိဳင္ပြဲတိုင္းကို အေကာင္းဆုံး ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီး နာမည္ႀကီးၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ UFC ဝင္နိင္ေအာင္လည္း ဆက္လက္ႀကိဳးစားေနေၾကာင္း သိရပါတယ္။ ကဲပရိသတ္ႀကီးေရ ျမန္မာ့ဂုဏ္ေဆာင္နိုင္ခဲ့ျပန္တဲ့ ခ်င္းတိုင္းရင္းသားေလး Joshua Van Bawi Thawngကို ဂုဏ္ျပဳစကားေလး ေျပာေပးခဲ့ပါဦး။
Crd…