ဒီနေ့ကျရောက်တဲ့ သားငယ်လေးဖိုးဓီရဲ့ မွေးနေ့မှာ အတူရှိမပေးနိုင်ခဲ့လို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ ပြေတီဦးနဲ့အူဝဲတို့ဇနီးမောင်နှံ

Unicode

ဒီနေ့ကျရောက်တဲ့ သားငယ်လေးဖိုးဓီရဲ့ မွေးနေ့မှာ အတူရှိမပေးနိုင်ခဲ့လို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ ပြေတီဦးနဲ့အူဝဲတို့ဇနီးမောင်နှံ

ဖေဖော်ဝါရီလအစပိုင်းတည်းက ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ကာ အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ပါ၀င်ခဲ့ကြတဲ့ ပြေတီဦး၊အိန္ဒြာကျော်ဇင်နဲ့ကိုပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။

၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံရတဲ့ သူတို့နှစ်ဦးလုံးဟာဆိုရင် ဖမ်းဆီးထိန်းသိမ်းခံထားရတာကြာမြင့်နေပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင် သူတို့ရဲ့သားငယ်လေး ဖိုးဓီလေးရဲ့မွေးနေ့ပဲ ဖြစ်ပါတယ်။သားငယ်လေးရဲ့ မွေးနေ့မှာမိသားစုတွေတကွဲတပြားဆီနဲ့ ဝေး‌ကွာနေကြတာစိတ်မကောင်းစရာပါ။

သားငယ်လေးရဲ့မွေးနေ့မှာ ဖေဖေနဲ့မေမေက အဝေးမှာရောက်နေတာမို့ သားငယ်လေးဖိုးဓီအတွက် စိတ်မကောင်းဖြစ်နေကြတာပါ။

ဒီနေ့ကတော့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့သားလေးဖိုးဓီလေး မွေးနေ့ ရက်မြတ်ပဲဖြစ်ပါတယ်

သားလေးဖိုးဓီရဲ့ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပြီး မိဘတွေနဲ့ အမြန်ဆုံးအတူနေရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi






