အဝေးပြေးကားပေါ် သေဆုံးနေသည့် ယာဉ်မောင်း ၁ ဦးထံမှ ကိုဗစ်ပိုးတွေ့

Unicode

အဝေးပြေးကားပေါ် သေဆုံးနေသည့် ယာဉ်မောင်း ၁ ဦးထံမှ ကိုဗစ်ပိုးတွေ့

ဧရာဝတီ၊ ဇွန် ၂၆၊ ၂၀၂၁

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်းရှိ အဝေးပြေးကားပေါ် သေဆုံးနေသည့် ယာဉ်မောင်း ၁ ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

ယနေ့ (ဇွန် ၂၆ ရက်) နံနက် ၈ နာရီခန့်က အောင်မင်္ဂလာ အဝေးပြေးကွင်းအတွင်း ကားပေါ် အိပ်နေစဉ် ယာဉ်မောင်း ၁ ဦး သေဆုံးနေသဖြင့်

အဝေးပြေးကွင်းတာဝန်ရှိသူများက အကူညီတောင်းခံခဲ့ရာ ပုလဲအရန် မီးသတ်တပ်ဖွဲ့က သွားရောက် ကူညီပေးခဲ့သည်ဟု ယင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောဆိုထားသည်။

အဆိုပါ သေဆုံးသူ အမျိုးသားမှာ ပြင်ပဒဏ်ရာမရှိကြောင်း၊ ရဲဆေးစာနှင့်အတူ မေဓါဝီဆေးရုံသို့ အလောင်းအပ်နှံခဲ့ပြီးနောက်

သေဆုံးသူအမျိုးသားတွင် ကိုဗစ်-၁၉ Positive တွေ့ရှိသည်ဟု ဆေးရုံမှ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဓာတ်ပုံ – Htin Lin Aung (ပုလဲအရန်မီးသတ်တပ်ဖွဲ့)
Credit

Zawgyi


ဧရာဝတီ၊ ဇွန် ၂၆၊ ၂၀၂၁






Credit

Add a Comment

Your email address will not be published. Required fields are marked *