စစ်တပ်ကို ICC မှာ တရားစွဲဖို့ သက်သေ လေးသိန်းကျော်ရပြီလို့ NUG ပြော

Unicode

စစ်တပ်ကို ICC မှာ တရားစွဲဖို့ သက်သေ လေးသိန်းကျော်ရပြီလို့ NUG ပြော

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICC) မှာ

တရားစွဲနိုင်ဖို့ သက်သေပေါင်း လေးသိန်းကျော်ရရှိထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ဒီနေ့ပြောဆိုလိုက်ပါတယ်။

NUG က ဇွန် ၂၅ ရက်နေ့ညနေ ၅ နာရီမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာဆာဆာက အခုလို ပြောဆိုခဲ့တာပါ။

NUG အနေနဲ့ သက်သေ လေးသိန်းကျော်ရရှိထားတယ်ဆိုပေမယ့် အဆင့်ဆင့်စိစစ်မှုတွေလုပ်ပြီးတော့ နိုင်ငံ တကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး တိကျခိုင်မာမှုရှိတဲ့ သက်သေခံ ၂၀၀ ဝန်းကျင်ကို ICC ကို တင်သွင်းမှာ ဖြစ်တယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။

မြန်မာပြည်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် အဓိကတာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ အချုပ်ခန်းထဲမှာရှိရမယ့်အစား အပြင်မှာရှိနေတာကြောင့်

NUG အနေနဲ့ ဗိုလ်ချပ်မှူးကြီး မင်းအောင်လှိုင် ကို အမြန်ဆုံးအပြစ်ပေးအရေးယူနိုင်ဖို့ ICC ၊ ကုလလုံခြုံရေးကောင်စီအပြင် နိုင်ငံတကာက အရေးယူနိုင်တဲ့ နည်းလမ်း သုံးခုလောက်ကို စဉ်းစားထားတယ်လို့ ဒေါက်တာဆာဆာက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ပြတိုက်တစ်ခုတည်ဆောက်ပြီးတော့ ပြသသွားဖို့ စီစဉ်နေပြီး

လောလောဆယ်မှာတော့ အွန်လိုင်းပြတိုက်တစ်ခု အနေနဲ့ တည်ရှိမှာဖြစ်သလို နောင်မှာတော့ အဆောက်အအုံတွေ တည်ဆောက်ပြီး ပြသသွားဖို့ ရည်ရွယ်ထား တယ်လို့ သူက ပြောပါတယ်။

Zawgyi

စစ္တပ္ကို ICC မွာ တရားစြဲဖို႔ သက္ေသ ေလးသိန္းေက်ာ္ရၿပီလို႔ NUG ေျပာ

ျမန္မာျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြ က်ဴးလြန္ေနတဲ့ စစ္တပ္ကို အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICC) မွာ

တရားစြဲနိုင္ဖို႔ သက္ေသေပါင္း ေလးသိန္းေက်ာ္ရရွိထားၿပီလို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG) ေျပာေရး ဆိုခြင့္ရွိသူ ေဒါက္တာဆာဆာက ဒီေန႕ေျပာဆိုလိုက္ပါတယ္။

NUG က ဇြန္ ၂၅ ရက္ေန႕ညေန ၅ နာရီမွာျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေဒါက္တာဆာဆာက အခုလို ေျပာဆိုခဲ့တာပါ။

NUG အေနနဲ႕ သက္ေသ ေလးသိန္းေက်ာ္ရရွိထားတယ္ဆိုေပမယ့္ အဆင့္ဆင့္စိစစ္မႈေတြလုပ္ၿပီးေတာ့ နိုင္ငံ တကာစံခ်ိန္စံၫႊန္းေတြနဲ႕ ကိုက္ညီၿပီး တိက်ခိဳင္မာမႈရွိတဲ့ သက္ေသခံ ၂၀၀ ဝန္းက်င္ကို ICC ကို တင္သြင္းမွာ ျဖစ္တယ္လို႔ ေဒါက္တာဆာဆာက ေျပာပါတယ္။

ျမန္မာျပည္မွာ က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈေတြအတြက္ အဓိကတာဝန္ရွိတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ဟာ အခ်ဳပ္ခန္းထဲမွာရွိရမယ့္အစား အျပင္မွာရွိေနတာေၾကာင့္

NUG အေနနဲ႕ ဗိုလ္ခ်ပ္မႉးႀကီး မင္းေအာင္လွိုင္ ကို အျမန္ဆုံးအျပစ္ေပးအေရးယူနိုင္ဖို႔ ICC ၊ ကုလလုံၿခဳံေရးေကာင္စီအျပင္ နိုင္ငံတကာက အေရးယူနိုင္တဲ့ နည္းလမ္း သုံးခုေလာက္ကို စဥ္းစားထားတယ္လို႔ ေဒါက္တာဆာဆာက ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ အပါအဝင္ ျမန္မာစစ္တပ္က က်ဴးလြန္ခဲ့တဲ့ အၾကမ္းဖက္မႈေတြကို ျပတိုက္တစ္ခုတည္ေဆာက္ၿပီးေတာ့ ျပသသြားဖို႔ စီစဥ္ေနၿပီး

ေလာေလာဆယ္မွာေတာ့ အြန္လိုင္းျပတိုက္တစ္ခု အေနနဲ႕ တည္ရွိမွာျဖစ္သလို ေနာင္မွာေတာ့ အေဆာက္အအုံေတြ တည္ေဆာက္ၿပီး ျပသသြားဖို႔ ရည္႐ြယ္ထား တယ္လို႔ သူက ေျပာပါတယ္။