ကြေကွဲစရာတွေအပြည့်နဲ့ လိုက်ပါပို့ဆောင်သူတိုင်းကို ငိုပွဲချစေခဲ့တဲ့ ရေမွန်ရဲ့နောက်ဆုံးခရီး ပုံရိပ်တွေ

Unicode

ကြေကွဲစရာတွေအပြည့်နဲ့ လိုက်ပါပို့ဆောင်သူတိုင်းကို ငိုပွဲချစေခဲ့တဲ့ ရေမွန်ရဲ့နောက်ဆုံးခရီး ပုံရိပ်တွေ

ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ အဆိုတော်ရေမွန်ရဲ့နောက်ဆုံးခရီးကို ဒီနေ့ ဇွန်လ (၂၅) ရက်နေ့မှာ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

ယုံကြည်ချက်တစ်ခုအတွက်နဲ့ တောထဲဝင်သွားခဲ့ပြီး မတရားမှုကိုမတွန်းလှန်နိုင်လိုက်ခင်မှာ အသက်ဆုံးရှုံးသွားတဲ့ အဆိုတော်ကြီးအတွက် အားလုံးက ယူကျုံးမရဖြစ်နေခဲ့ပါတယ်။

မိခင်နဲ့ညီမဖြစ်သူကို သိပ်ချစ်ပြီး အပေါင်းအသင်းတွေ အပေါ်မှာလည်း စိတ်ကောင်းထားကာ အမြဲကူညီတတ်သူမို့ လူကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတာ တကယ်ကိုနှမြောစရာကောင်းလွန်းပါတယ်။

ဒီနေ့မှာတော့ တောထဲမှာပဲ ထင်းမီးပုံလေးတွေလုပ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို မီးသဂြိုလ်ခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်တွေအလွမ်းပြေစေဖို့ ရေမွန်ရဲ့သူငယ်ချင်းတစ်ယောက်က လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့ပါတယ်။

ရေမွန်ရဲ့ပရိသတ်တွေ သူ့ကိုနောက်ဆုံးပြောချင်တဲ့ စကားလေးတွေကိုလည်း မှတ်ချက်ပေးခိုင်းခဲ့ပြီး ဒီမှတ်ချက်တွေကို Print ထုတ်ကာ သူ့နဲ့အတူ သဂြိုလ်ပေးခဲ့ပါတယ်။ ရေမွန်သာဒီစာတွေကို ဖတ်ဖြစ်မယ်ဆိုရင် သူ့ကိုသိပ်ချစ်တဲ့ ပရိသတ်တွေရဲ့မေတ္တာကိုခံစားမိပြီး ကျေနပ်နေမှာပါ။

ပကာသနတွေအများကြီးမပိုင်ဆိုင်ခဲ့ပေမယ့် ဖန်တီးခဲ့တဲ့ ဂီတအနုပညာကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ လူသေသွားပေမယ့် သူ့ရဲ့သံစဉ်တွေဟာတော့ နှစ်သက်သူတိုင်းရဲ့ နှလုံးသားထဲမှာ အမြဲတမ်းစီးဆင်း နေဦးမှာပါ။

သီချင်းအသစ်တွေမဖန်တီးနိုင်ပေမယ့် ဖန်တီးခဲ့တဲ့ အနုပညာတွေဟာလည်း အမြဲတမ်းလတ်ဆတ်နေဦးမှာပါပဲ။ ဆောင်းဦးမှာပွင့်ပြီး မိုးဦးမှာကြွေလွင့်ခဲ့တဲ့ တော်လှန်ရေး ပန်းလေးတစ်ပွင့် ကောင်းမွန်ရာအရပ်ဒေသမှာ အစွမ်းကုန်ပြန်လည်ပွင့်လန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
crd-original

Zawgyi

ေၾကကြဲစရာေတြအျပည့္နဲ႕ လိုက္ပါပို႔ေဆာင္သူတိုင္းကို ငိုပြဲခ်ေစခဲ့တဲ့ ေရမြန္ရဲ႕ေနာက္ဆုံးခရီး ပုံရိပ္ေတြ

ၿပီးခဲ့တဲ့ ဇြန္လ (၂၃) ရက္ေန႕က ကြယ္လြန္သြားခဲ့တဲ့ အဆိုေတာ္ေရမြန္ရဲ႕ေနာက္ဆုံးခရီးကို ဒီေန႕ ဇြန္လ (၂၅) ရက္ေန႕မွာ လိုက္ပါပို႔ေဆာင္ေပးခဲ့ၾကပါတယ္။

ယုံၾကည္ခ်က္တစ္ခုအတြက္နဲ႕ ေတာထဲဝင္သြားခဲ့ၿပီး မတရားမႈကိုမတြန္းလွန္နိုင္လိုက္ခင္မွာ အသက္ဆုံးရႈံးသြားတဲ့ အဆိုေတာ္ႀကီးအတြက္ အားလုံးက ယူက်ဳံးမရျဖစ္ေနခဲ့ပါတယ္။

မိခင္နဲ႕ညီမျဖစ္သူကို သိပ္ခ်စ္ၿပီး အေပါင္းအသင္းေတြ အေပၚမွာလည္း စိတ္ေကာင္းထားကာ အၿမဲကူညီတတ္သူမို႔ လူေကာင္းတစ္ေယာက္ ဆုံးရႈံးလိုက္ရတာ တကယ္ကိုႏွေျမာစရာေကာင္းလြန္းပါတယ္။

ဒီေန႕မွာေတာ့ ေတာထဲမွာပဲ ထင္းမီးပုံေလးေတြလုပ္ၿပီး သူ႕ရဲ႕ခႏၶာကိုယ္ကို မီးသၿဂိဳလ္ခဲ့တဲ့ ပုံရိပ္ေတြကို ပရိသတ္ေတြအလြမ္းေျပေစဖို႔ ေရမြန္ရဲ႕သူငယ္ခ်င္းတစ္ေယာက္က လူမႈကြန္ယက္မွာ ေဝမွ်ေပးခဲ့ပါတယ္။

ေရမြန္ရဲ႕ပရိသတ္ေတြ သူ႕ကိုေနာက္ဆုံးေျပာခ်င္တဲ့ စကားေလးေတြကိုလည္း မွတ္ခ်က္ေပးခိုင္းခဲ့ၿပီး ဒီမွတ္ခ်က္ေတြကို Print ထုတ္ကာ သူ႕နဲ႕အတူ သၿဂိဳလ္ေပးခဲ့ပါတယ္။ ေရမြန္သာဒီစာေတြကို ဖတ္ျဖစ္မယ္ဆိုရင္ သူ႕ကိုသိပ္ခ်စ္တဲ့ ပရိသတ္ေတြရဲ႕ေမတၱာကိုခံစားမိၿပီး ေက်နပ္ေနမွာပါ။

ပကာသနေတြအမ်ားႀကီးမပိုင္ဆိုင္ခဲ့ေပမယ့္ ဖန္တီးခဲ့တဲ့ ဂီတအႏုပညာကေတာ့ တန္ဖိုးမျဖတ္နိုင္ပါဘူး။ လူေသသြားေပမယ့္ သူ႕ရဲ႕သံစဥ္ေတြဟာေတာ့ ႏွစ္သက္သူတိုင္းရဲ႕ ႏွလုံးသားထဲမွာ အၿမဲတမ္းစီးဆင္း ေနဦးမွာပါ။

သီခ်င္းအသစ္ေတြမဖန္တီးနိုင္ေပမယ့္ ဖန္တီးခဲ့တဲ့ အႏုပညာေတြဟာလည္း အၿမဲတမ္းလတ္ဆတ္ေနဦးမွာပါပဲ။ ေဆာင္းဦးမွာပြင့္ၿပီး မိုးဦးမွာေႂကြလြင့္ခဲ့တဲ့ ေတာ္လွန္ေရး ပန္းေလးတစ္ပြင့္ ေကာင္းမြန္ရာအရပ္ေဒသမွာ အစြမ္းကုန္ျပန္လည္ပြင့္လန္းနိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
crd-original

Add a Comment

Your email address will not be published. Required fields are marked *