“သစ္စာဖောက်ဆိုတဲ့ တံဆိပ်တော့ အကပ်မခံပါရစေနဲ့.. အရေးတော်ပုံ မအောင်မချင်းငါအိမ်မပြန်ဘူး” လို့ ဆိုတဲ့ ပိုင်ဖြိုးသု

Unicode

အာဏာသိမ်းမှုဖြစ်ပွားအပြီး အနုပညာရှင်တွေများစွာဟာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး နွေဦးတော်လှန်ရေးမှာတက်တက်ကြွကြွပါဝင်ခဲ့ကြပါတယ်။

အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တာကြောင့်၅၀၅(က)နဲ့အမှုဖွင့်ခံထားရပြီးရှောင်တိမ်းနေကြတဲ့အနုပညာရှင်တွေလည်းရှိသလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အနုပညာရှင်တွေလည်းရှိကြပါတယ်။

၅၀၅(က)နဲ့အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်တွေအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး Speak outမလုပ်တော့ဘဲ

ခံဝန်ကတိထိုးရင်ဖွင့်ထားတဲ့အမှုကိုပြန်လည်ရုတ်သိမ်းပေးမယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်ထက်မှာပျံ့နှံ့လာနေခဲ့ပါတယ်။

ရဲရဲရင့်ရင့်နဲ့ နွေဦးတော်လှန်ရေးမှာကိုယ်တိုင်ပါဝင်ခဲ့တဲ့သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ ၅၀၅(က)နဲ့အမှုဖွင့်ခံထားရတာကြောင့်

ဘေးလွတ်ရာမှာရှောင်တိမ်းနေခဲ့ပါတယ်။ ယခုမှာတော့ ပိုင်ဖြိုးသုဟာခံဝန်ကတိကိစ္စနဲ့ပတ်သက်ပြီးပြတ်ပြတ်သားသားပြောဆိုလာခဲ့ပါတယ်။

သူမကတော့ သစ္စာဖောက်ဆိုတဲ့ တံဆိပ်အကပ်မခံနိုင်ဘဲ အသက်ပေးသွားသူတွေ၊ထောင်ကျသွားသူတွေကြောင့် ခံဝန်ကတိထိုးမှာမဟုတ်ကြောင်းပြောဆိုလိုက်ပါတယ်။

ယခုအချိန်ထိ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေပြီး ခံယူချက်၊ဆုံးဖြတ်ချက်ပြတ်သားတဲ့သူမရဲ့စိတ်ဓာတ်ကို ပြည်သူတွေက ချီးကျူးလေးစားနေကြပါတယ်။

သူမကတော့ ” ခံစားချက်ကိုဦးစားပေးခဲ့မိလို့မှားသွားပါတယ်လို့ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေးပြန်နေရမယ်တဲ့လားမိသားစုနဲ့ပြန်တွေ့ရမယ်တဲ့လား

အလုပ်တွေပြန်လုပ်ရမယ်တဲ့လားတစ်ချို့တွေအသက်တွေပေးသွားကြပြီ တစ်ချို့တွေထောင်ထဲရောက်ကုန်ကြပြီတစ်ချို့တွေအားလုံးကိုပစ်ချထားခဲ့ပြီးလက်နက်တွေကိုင်နေကြရပြီ

သူတို့တွေအိမ်ပြန်လို့မရကြတော့ဘူးမိသားစုနဲ့လည်းကွဲကွာကုန်ကြပြီ သူတို့ချစ်တဲ့အလုပ်‌တွေလည်းလုပ်ခွင့်မရကြတော့ဘူး

အဲဒီ့လူတွေကိုငါရှက်တယ်အဖြစ်မရှိသူဆိုတဲ့ဂုဏ်ပုဒ်‌နဲ့တင်ငါ့အတွက်လုံလောက်ပါပြီ

သစ္စာဖောက်ဆိုတဲ့တံဆိပ်တော့အကပ်မခံပါရစေနဲ့ အရေးတော်ပုံမအောင်မချင်းငါအိမ်မပြန်ဘူး “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
Source :paing phyoe thu ‘s facebook acc

Zawgyi

အာဏာသိမ္းမႈျဖစ္ပြားအၿပီး အႏုပညာရွင္ေတြမ်ားစြာဟာ ျပည္သူေတြနဲ႕အတူရပ္တည္ၿပီး ေႏြဦးေတာ္လွန္ေရးမွာ တက္တက္ႂကြႂကြပါဝင္ခဲ့ၾကပါတယ္။

အမွန္တရားဘက္ကေန ရပ္တည္ခဲ့တာေၾကာင့္ ၅၀၅(က)နဲ႕အမႈဖြင့္ခံထားရၿပီး ေရွာင္တိမ္းေနၾကတဲ့ အႏုပညာရွင္ေတြလည္းရွိသလို ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အႏုပညာရွင္ေတြလည္းရွိၾကပါတယ္။

၅၀၅(က)နဲ႕အမႈဖြင့္ခံထားရတဲ့ အႏုပညာရွင္ေတြအေနနဲ႕ လက္ရွိနိုင္ငံေရးအေျခအေနေတြနဲ႕ပတ္သက္ၿပီး Speak outမလုပ္ေတာ့ဘဲ

ခံဝန္ကတိထိုးရင္ ဖြင့္ထားတဲ့အမႈကို ျပန္လည္႐ုတ္သိမ္းေပးမယ္ဆိုတဲ့ သတင္းေတြ လူမႈကြန္ယက္ထက္မွာ ပ်ံ့ႏွံ႕လာေနခဲ့ပါတယ္။

ရဲရဲရင့္ရင့္နဲ႕ ေႏြဦးေတာ္လွန္ေရးမွာကိုယ္တိုင္ပါဝင္ခဲ့တဲ့သ႐ုပ္ေဆာင္ပိုင္ၿဖိဳးသုကေတာ့ ၅၀၅(က)နဲ႕အမႈဖြင့္ခံထားရတာေၾကာင့္ ေဘးလြတ္ရာမွာေရွာင္တိမ္းေနခဲ့ပါတယ္။ ယခုမွာေတာ့ ပိုင္ၿဖိဳးသုဟာ ခံဝန္ကတိကိစၥနဲ႕ပတ္သက္ၿပီး ျပတ္ျပတ္သားသားေျပာဆိုလာခဲ့ပါတယ္။

သူမကေတာ့ သစၥာေဖာက္ဆိုတဲ့ တံဆိပ္အကပ္မခံနိုင္ဘဲ အသက္ေပးသြားသူေတြ၊ေထာင္က်သြားသူေတြေၾကာင့္ ခံဝန္ကတိထိုးမွာမဟုတ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ယခုအခ်ိန္ထိ အမွန္တရားဘက္ကေန မားမားမတ္မတ္ရပ္တည္ေနၿပီး ခံယူခ်က္၊ဆုံးျဖတ္ခ်က္ျပတ္သားတဲ့ သူမရဲ႕စိတ္ဓာတ္ကို ျပည္သူေတြက ခ်ီးက်ဴးေလးစားေနၾကပါတယ္။

သူမကေတာ့ ” ခံစားခ်က္ကိုဦးစားေပးခဲ့မိလို႔မွားသြားပါတယ္လို႔ခံဝန္ေလးထိုးၿပီး အိမ္မွာေအးေဆးျပန္ေနရမယ္တဲ့လားမိသားစုနဲ႕ျပန္ေတြ႕ရမယ္တဲ့လား

အလုပ္ေတြျပန္လုပ္ရမယ္တဲ့လားတစ္ခ်ိဳ႕ေတြအသက္ေတြေပးသြားၾကၿပီ တစ္ခ်ိဳ႕ေတြေထာင္ထဲေရာက္ကုန္ၾကၿပီတစ္ခ်ိဳ႕ေတြအားလုံးကိုပစ္ခ်ထားခဲ့ၿပီးလက္နက္ေတြကိုင္ေနၾကရၿပီ

သူတို႔ေတြအိမ္ျပန္လို႔မရၾကေတာ့ဘူးမိသားစုနဲ႕လည္းကြဲကြာကုန္ၾကၿပီ

သူတို႔ခ်စ္တဲ့အလုပ္‌ေတြလည္းလုပ္ခြင့္မရၾကေတာ့ဘူး အဲဒီ့လူေတြကိုငါရွက္တယ္ အျဖစ္မရွိသူဆိုတဲ့ဂုဏ္ပုဒ္‌နဲ႕တင္ငါ့အတြက္လုံေလာက္ပါၿပီ

သစၥာေဖာက္ဆိုတဲ့တံဆိပ္ေတာ့အကပ္မခံပါရေစနဲ႕ အေရးေတာ္ပုံမေအာင္မခ်င္းငါအိမ္မျပန္ဘူး “ဆိုၿပီး ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။
Source :paing phyoe thu ‘s facebook acc