ရေမွန်နဲ့ နောက်ဆုံးစကားပြောဖြစ်ခဲ့တဲ့နေ့က သူမနေမကောင်းလို့ သေချာပြန်မပြောနိုင်ခဲ့တာကိုတွေးရင်း ပိုပြီးစိတ်မကောင်းဖြစ်နေရတဲ့ မေ

Unicode

ယနေ့ ဇွန်လ (၂၃) ရက်နေ့မှာတော့ Idiots အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရေမွန်ကွယ်လွန်သွားပြီဖြစ်ကြောင်း “Idiots” အဖွဲ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်

အဆိုတော်ရေမွန်ကတော့ ငှက်ဖျားရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတာဖြစ်ကြောင်း သိရတာလည်း ဖြစ်ပါတယ် ရေမွန့်လိုအရည်အချင်းရှိတဲ့အဆိုတော်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ်အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံးစိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။

အဆိုတော်ရေမွန်ရဲ့သတင်းကိုကြားပြီး အနုပညာရှင်တွေ ဝမ်းနည်းကြောင်းစကားတွေကို သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ဖော်ပြနေကြတာဖြစ်ပါတယ်

အဆိုတော်မေကလည်း သူမသိပ်ချစ်ရတဲ့ သူငယ်ချင်းရေမွန် ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး အရမ်းကိုဝမ်းနည်းနေတာဖြစ်ပါတယ် မေကတော့ သူမရဲ့သူငယ်ချင်းကို အခုလိုခွဲခွာရမယ်လို့ အိပ်မက်တောင် မမက်ဖူးတဲ့အကြောင်း ပြောထားတာလည်းဖြစ်ပါတယ်

ဒါ့အပြင် မေက သူငယ်ချင်းရေမွန်နဲ့နောက်ဆုံးပြောဖြစ်ခဲ့တဲ့ Conversation ကိုလည်း Screenshots ရိုက်ပြီး တင်ထားတာဖြစ်ပါတယ် အဲ့ဒီနေ့က မေက နေမကောင်းဖြစ်နေတာကြောင့် ရေမွန့်ကို စကားတောင်သေချာပြန်မပြောလိုက်နိုင်ဘူးဆိုပြီး ပိုစိတ်မကောင်းဖြစ်နေရတာလည်းဖြစ်ပါတယ်

အချစ်ဆုံးသူငယ်ချင်းရေမွန် ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ဝမ်းနည်းစကားဆိုထားတဲ့ အဆိုတော်မေရဲ့စာလေးတွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit-Candy May’s FB Acc

Zawgyi





