သရုပ်ဆောင် မိုးဟေကိုရဲ့မိခင်ဟာ ဒီကနေ့ ဇွန်လ၂၃ရက်နေ့က ကွယ်လွန်

Unicode

“သရုပ်ဆောင်မိုးဟေကိုရဲ့ မိခင် ယနေ့ ကွယ်လွန်”

သရုပ်ဆောင်မိုးဟေကိုရဲ့မိခင်ကွယ်လွန်
သရုပ်ဆောင် မိုးဟေကိုရဲ့ မိခင် သည် ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့တွင်ကွယ်လွန်သွားကြောင်းသိရှိရပါသည်

မိုးလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို မိဘအပေါ်မှာလည်း သိတတ်ရိုသေသူပဲဖြစ်ပါတယ်

မိုးဟေကိုကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေပေမယ့် ကျန်းမာရေးမကောင်းဖြစ်တဲ့ မိခင်ဖြစ်သူအတွက်လည်း စိတ်ထိခိုက်ပင်ပန်းခဲ့တာတွေ့ရပါတယ်

မိုးရဲ့ မိခင်ဖြစ်သူကတော့ ကျန်းမာရေးကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတာဖြစ်ပြီး မိုးကိုယ်တိုင် ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ခဲ့ရတာပဲဖြစ်ပါတယ်.

မိခင်ကြီးအတွက် သားသမီးကောင်းတစ်ယောက်အနေနဲ့ ကိုယ်တိုင်အပင်ပန်းခံကာ ကိုယ်ဖိရင်ဖိအသေးစိတ်ပြုစုစောင့်ရှောက်နေတဲ့ မိုးကိုတော့ အားလုံးက ချီးကျူးအားပေးနေကြတာလည်းဖြစ်ပါတယ်

ပရိသတ်ကြီးအတွက် မိုးဟေကိုမိခင်ရဲ့ သတင်းလေးကိုဝေမျှပေးရင်းကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်
Credit

Zawgyi







Credit

Add a Comment

Your email address will not be published. Required fields are marked *