ထားထက်ထက်ရဲ့ အားပေးစကားလေးကို ကျေးဇူးတင်နေပြီး မုန့်ဟင်းခါးဆိုင်တွေ တန်းစီဖွင့်နိုင်ဖို့လည်း ဆက်ကြိုးစားပါမယ်ဆိုတဲ့ အိပန်ဆယ်လို

Unicode

ထားထက်ထက်ရဲ့ အားပေးစကားလေးကို ကျေးဇူးတင်နေပြီး မုန့်ဟင်းခါးဆိုင်တွေ တန်းစီဖွင့်နိုင်ဖို့လည်း ဆက်ကြိုးစားပါမယ်ဆိုတဲ့ အိပန်ဆယ်လို

နွေဦးတော်လှန်ရေးမှာတော့ ပြည်သူလူထုနဲ့အတူ cele တွေ၊အနုပညာရှင်တွေက တစ်တပ်တစ်အား ပူးပေါင်းပါဝင်ပေးကြတာဖြစ်ပါတယ်။

ဒီအချိန်မှာ ပြည်သူအကုန်လုံးက တစ်သားတည်းရှိပြီး အချင်းချင်းဖေးမကူညီပေးနေကြတာဖြစ်ပါတယ်။

ပြည်သူအများအပြား သိကြတဲ့ အိပန်ဆယ်လိုကတော့ ဖေဖော်ဝါရီလ အစကတည်းက အခုဖြစ်ပေါ်နေတဲ့အခြေအနေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် သူမကို စစ်ကောင်စီက ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ထားခဲ့တာဖြစ်ပါတယ်။အိပန်ဆယ်လိုကတော့ ဘာကိုမှဂရုမစိုက်ဘဲ သူမယုံကြည်ရာပန်းတိုင်ကို ပြည်သူတွေနဲ့အတူ လျှောက်လှမ်းနေတာဖြစ်ပါတယ်။

အခုရက်ပိုင်းတွေမှာတော့ သူမက အမေရိကန်နိုင်ငံ၊နယူးယောက် မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဇွန်လ (၁၉) ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ အမေစုရဲ့ မွေးနေ့ပွဲကိုလည်း အိပန်ဆယ်လိုက တက်ရောက်ခဲ့သေးတာ ဖြစ်ပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတဲ့အချိန်မှာ အခုလိုလွတ်မြောက်သွားတဲ့ သူမအတွက်ပြည်သူလူထုကလည်း ဝမ်းသာနေကြတာဖြစ်ပါတယ်။

ပြည်သူအချင်းချင်းက အခုချိန်မှာ တခြားသူတွေ သွေးလာခွဲကြပေမယ့်လည်း စည်းလုံးညီညွတ်နေကြဆဲဖြစ်ပါတယ်။

ဒါကြောင့် အနုပညာရှင်ထားထက်ထက်က အိပန်ဆယ်လိုနဲ့ပတ်သက်ပြီး စကားနာလာထိုးတဲ့ကွန်းမန့်ကိုပညာရှိနည်းနဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အိပန်ဆယ်လိုကလည်း အခုလိုမျိုး အားပေးစကားပြောပေးတဲ့အတွက်ထားထက်ထက်ကို ကျေးဇူးတင်နေပြီး တိုင်းပြည်ကြီး ပြန်တည်ထောင်ချိန်ကျ အရင်လိုပြန်တွေ့ဖို့ မျှော်လင့်နေပါတယ်ဆိုတဲ့ အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Crd

Zawgyi











Crd