ပုံလေးတစ်ပုံကြောင့် တစ်ဖွဲ့ဆုံးခဲ့ရတဲ့ ယနေ့မန္တလေးအထိနာခဲ့ရတဲ့ဖြစ်စဉ်အကြောင်းအရင်း

Unicode

”ပုံလေးတစ်ပုံကြောင့် တစ်ဖွဲ့ဆုံးရခြင်း”

လူငယ်မျိုးဆက်သစ်တွေကတော့ ခုဆို သူတို့ရဲ့ တက်သစ်စ ဘဝတွေကိုရင်းပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထဲ ဝင်ရောက်လျက်ရှိတာ တွေ့ရပါတယ် ။ သူတို့ရဲ့ အသက်တွေ မိသားစုတွေကို စွန့်လွှတ်ပြီး တော်လှန်ရေးကြီး အောင်မြင်ဖို့ အတွက် ပါဝင်ခုခံ တိုက်ခိုက်ပေးနေကြတာ ဖြစ်ပါတယ် ။

ခုဆိုရင် နေရာတိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတာကို တွေ့ရပါတယ် ။ ယနေ့ ဇွန်လ (၂၂) ရက်နေ့မှာလည်း အာဏာရှင် လူတစ်စုနဲ့ မန္တလေးက PDF တွေ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်

တစ်ဖက်ကလည်း သံချပ်ကာ ကားတွေ အပြင် အင်အားများစွာသုံးကာ လုံခြုံရေး တောက်လျှောက် လှည့်နေသလို ဒေသခံတွေကလည်း PDF လေးတွေ လွတ်ကင်းဖို့ အတွက် ဝိုင်းဝန်းပြီး လမ်းမတွေမှာ တာယာတွေ မီးရှို့ကာ ထကြွပေးခဲ့ကြပါတယ် ။

သတင်းပေးဒလန်တွေရဲ့ယုတ်မာမှုကြောင့် မန္တလေး PDF အဖွဲ့ကို ခြေရာခံမိသွားပြီး ဝင်ရောက်စီးနင်းမှု ကြောင့် PDF တွေအနေနဲ့ မတတ်သာတဲ့အဆုံး ပြန်လည်ခုခံရတဲ့အခြေအနေ တစ်ရပ်မှာ မန္တလေးက ပြည်သူတွေအနေနဲ့လည်း ပါဝင်အုံကြွပေးဖို့လိုအပ်ပါတယ်။

လမ်းပိတ်တာတွေအပြင် လမ်းပေါ်မှာ တာယာတွေမီးရှို့ပြီး စစ်ကောင်စီတပ်တွေလာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့လိုအပ်ပါတယ်။ ဒီလိုအဖက်ဖက်က ကူညီမှုတွေရှိမှသာ ခုခံမှုအဆင်ပြေပြီး အောင်မြင်စွာဆုတ်ခွာနိုင်မှာပါ။ မန္တလေးရဲ့တစ်ချို့နေရာတွေမှာတော့ တာယာမီးရှို့ပြီး လမ်းမပေါ်ချထားတာတွေလည်းရှိနေခဲ့ပါတယ်။

တိုက်ပွဲကို မျက်မြင်ကြုံရတဲ့ တစ်ချို့ပြည်သူတွေဟာလည်း ဘယ်လိုတိုက်ပွဲဖြစ်နေတယ်ဆိုတာကို ပြချင်တဲ့ဇောနဲ့ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတွေယူပြီး လူမှုကွန်ယက်ပေါ်မှာ ဝေမျှကြပါတယ်။

အမှန်တော့ ဒီလုပ်ရပ်ဟာ ကိုယ့်လူကိုယ် အသေသတ်သလိုပါပဲ။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး တိုက်ပွဲဝင်နေကြသူတွေရဲ့တည်နေရာနဲ့ မှတ်တမ်းဓာတ်ပုံတွေဟာ စစ်ကောင်စီတပ်တွေခြေရာခံနိုင်စရာအကြောင်းတစ်ခုဖြစ်သွားမှာပါ။

ဒီပုံက Apex တိုက်ပေါ်က PDF တွေကို စခ တွေက တိုက်ခိုက်မှုတွေ မပြုလုပ်ခင် “၁၅”မိနစ်အလိုဖြစ်ပါတယ်။တိုက်ပေါ်မှာရပ်နေတာကတော့ PDF ပါ။(MDY PDF မြို့ပြပျောက်ကြားတာဝန်ခံ MyanmarNow interview မှ)