မြို့တွင်း / မြို့သိမ်းတိုက်ပွဲ ပြင်ဆင်ရန် လိုအပ်ချက်များ
Unicode
မြို့တွင်း / မြို့သိမ်းတိုက်ပွဲ ပြင်ဆင်ရန် လိုအပ်ချက်များ
မြို့တွင်းတိုက်ပွဲဟာ တောတွင်းတိုက်ပွဲနဲ့ ကွာခြားချက်တွေ အများကြီး ရှိပါတယ်။
မြို့တွင်းတိုက်‌ပွဲမှာ အရေးအကြီးဆုံးအချက်က တိုက်ပွဲထဲမပါဝင်သော ပြည်သူများ ဘေးရန်ကင်းလုံခြုံ‌စေရန် ဖြစ်ပါတယ်။ ဒါကြောင့် တမြို့လုံး ညီဘို့ လိုပါတယ်။
မြို့တွင်းတိုက်ပွဲ ဖြစ်ပြီဆိုရင် တိုက်ပွဲမှာပါဝင်သူများမှလွဲ၍ ကျန်ရှိသူများ လုံခြုံရေးအတွက် နေရပ် မြို့ကို စွန့်သွားရမယ် ဆိုတာကို လက်ခံရပါမယ်။
တောမြို့လိုနေရာမျိုးမှာ ဖြစ်နိုင်ပေမယ့် ရန်ကုန်၊ မန္တလေး နေရာမျိုးမှာ လုပ်ရန် မဖြစ်နိုင်ပါ။ နေ့ချင်း ညချင်းလဲ လုပ်လို့မရပါဘူး။ စနစ်တကျ အစီအစဉ်ဆွဲပြီးမှ လုပ်ဆောင်ရမှာပါ။
ယနေ့ ကယား ပြည်နယ်တွင်းမှ မြို့တချို့မှာ မြို့တွင်း/မြို့သိမ်းတိုက်ပွဲများပြုလုပ်နေကြပါတယ်။ ထိုသို့ပြုလုပ်သောအခါ ပြင်ဆင်ဘို့ လိုအပ်သည်များက
၁-ပြည်သူ ဘေးကင်း၊ လုံခြုံရေး အတွက် မြို့ထဲမှ သက်ကြီးရွယ်အို၊ လူမမယ်များ၊ အမျိုးသမီးများ နှင့် သူတို့ကို စောင့်ရှောက်မည့်သူများ မြို့ထဲမှ ထွက်ခွာဘို့လိုပါတယ်။
၂-ထိုသို့ ထွက်ခွာတဲ့အခါမှာ ရိက္ခာအပြည့်အစုံနှင့် ရာသီဥတုဒဏ် ခံနိုင်စေဘို့ အဝတ်အထည်၊ စောင် စသည်တို့ အလုံအလောက်ယူသွားရန် လိုပါသည်။
၃-စိုက်ပျိုးရေးအတွက် လိုအပ်သလို လုပ်ကိုင်နိုင်ရန် မျိုးစေ့များပါ သယ်ဆောင်သွားရန် လိုအပ်ပါသည်။
၄-မိမိ အိမ်ယာကို သော့မခတ်ထားခဲ့လျင် ပြန်လာနိုင်သော အခွင့်အရေး ရလျင် ပြန်လာသည့်အခါ အပျက်အစီး ပို၍ နည်းနိုင်ပါသည်။ ခိုးသားများ ဝင်ယူ မည် ဆိုပါက တံခါး စသည်တို့ ပိတ်မထား၍ ဝင်ချင်မှ ဝင်မည်။သို့မဟုတ် ဝင်သော်မှ တံခါးများ ဖျက်စီးခြင်း နည်းပါးသွားပါလိမ့်မည်။
၅-ထွတ်ခွာမည့် လမ်း၊ ထွက်ခွာရန် ပြင်ဆင်နေမှုများ ကို လျှို့ဝှက်ထားရန် အရေးကြီးပါသည်။
၆-တိုက်ပွဲအတွက် ပြင်ဆင်ရာတွင်လဲ ဒဏ်ရာ ရသူများကို ကုသပေးနိုင်ရန် ဆေးဝါး၊ပတ်တီး စသည်များနှင့် ခိုလှုံရန် လုံခြုံသော နေရာများ ပြင်ဆင်ထားသင့်ပါတယ်။
၇-တဖွဲ့နှင့်တဖွဲ့ သတင်းပို့ခြင်း ဆက်သွယ်ရေး လွယ်ကူစေရန် walkie talkie ၃-၄ လုံး(အနည်းဆုံး ၂ လုံး)ရှိသင့်ပါတယ်။
#crd:ကယားပြည်နယ် မြို့သိမ်းတိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ပြီး အတွေ့အကြုံရရှိခဲ့သူ တဦးပြန်လည်ပြောပြတာနှင့် တခြား ဗဟုသုတများ ပေါင်းစပ် ဖေါ်ပြလိုက်ပါသည်။
Zawgyi