မွေးနေ့ပွဲပန်းသပိတ်ပြုလုပ်ပေးသည့် ပြည်သူများကို ကျေးဇူးတင်ကြောင်းနှင့် ကျန်းမာကြပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆုမွန်ကောင်းပေး

Unicode

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အသက် ၇၆နှစ်ပြည့်မွေးနေ့ပွဲအတွက်နိုင်ငံတစ်ဝှမ်းပန်းသပိတ်ပြုလုပ်ပေးသည့်

ပြည်သူများအားကျေးဇူးတင်ကြောင်းနှင့်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းပြန်လည်တောင်းဆိုပေးခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကမဇ္ဈိမကိုဆိုသည်။

“အမေ ဒီနေ့ဝတ်လာတာကအရင်ဝတ်နေကြမြန်မာရင်ဖုံးအအင်္ကျီ ရိုးရိုးလေးကို ဝတ်လာပါတယ်ပန်းတော့မပန်လာပါဘူး ကျန်းမာရေးကကောင်းပါတယ်တက်တက်ကြွကြွပါဘဲ။ကျန်တာတော့ဘာမှ ထပ်ပြောတာမျိုးမရှိပါဘူး”ဟုဒေါ်မင်းမင်းစိုးက ဆိုသည်။

ယနေ့ဇွန် ၂၁တွင်ရုံးချိန်းတွင်ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ်၂၀တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး သမ္မတဦးဝင်းမြင့်နှင့် ၁၀ မိနစ်သာတွေ့ဆုံစကားပြောခွင့်ရခဲ့သည်ဟုဆိုသည်။

” ဦးဝင်းမြင့်ကတော့ ဘာမှထွေထွေထူးထူးမပြောဘူး။ ဥပဒေအတိုင်းဆက်သွားမယ်လို့ပြောတာဘဲရှိတယ်ကျန်းမာရေးကောင်းကြပါတယ်”ဟု၎င်းကပင်ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်မြင့်တို့ကိုယနေ့ ဇွန် ၂၁ ရက်တွင်ခြံအမှတ်(၁)ရှိအထူးသီးသန့်တရားရုံးတွင် လူတွေ့ရုံးထုတ်ခဲ့ပြီးစွဲဆိုထားသည့်ပုဒ်မများအတွက်တရားလိုပြသက်သေများကိုစစ်ဆေးခဲ့သည်။

ရုံးထုတ်စစ်ဆေးမှုတွင်ဒေါ်အောင်ဆန်းစုကြည်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅အတွက်ရဲမှူးလှိုင်ဝင်းက

တရားလိုပြသက်သေထွက်ဆိုခဲ့ကာပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့်ဆက်သွယ်ရေးဥပဒေပုဒ်မ၆၇ယင်းနှစ်မှုအတွက် ဗိုလ်ကြီး အာကာမင်းနိုင်ကတရားလိုပြသက်သေထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အလားတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅အတွက်ရဲမှူးလှိုင်ဝင်းနှင့် ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းဇော်တို့က တရားလိုပြသက်သေအဖြင့်ထွက်ဆိုခဲ့ကြောင်းသိရသည်။

ပြီးခဲ့သောဇွန်ရုံးချိန်းတွင်၁၄ရက်က ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပေဒပုဒ်မ ၂၅၊ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ၆၇တို့ဖြင့်

တရားစွဲဆိုထားသော အမှုသုံးမှုအတွက် ရဲမှူးမြင့်နိုင်နှင့် ရဲမှူးကြည်လင်းတို့ကို တရားလိုထွက်ဆိုချက်စစ်ဆေးခဲ့ပြီး ဦးဝင်းမြင့်အပေါ်တရားစွဲဆိုထားသည့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပေဒပုဒ်မ ၂၅ အတွက်ရဲမှူးမြင့်နိုင်ကို တရားလိုထွက်ဆိုချက် အသီးသီး စစ်ဆေးခဲ့ကြောင်းသိရသည်။
Source: Mizzima

Zawgyi

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ၎၏ အသက္ ၇၆ ႏွစ္ျပည့္ေမြးေန႕ပြဲအတြက္ နိုင္ငံတစ္ဝွမ္း ပန္းသပိတ္ ျပဳလုပ္ေပးသည့္

ျပည္သူမ်ားအား ေက်းဇူးတင္ေၾကာင္းႏွင့္ က်န္းမာၾကပါေစေၾကာင္းဆုမြန္ေကာင္း ျပန္လည္ေတာင္းဆိုေပးခဲ့သည္ဟုတရားလႊတ္ေတာ္ေရွ႕ေန ေဒၚမင္းမင္းစိုး က မဇၩိမကိုဆိုသည္။

“အေမ ဒီေန႕ဝတ္လာတာကအရင္ဝတ္ေနၾက ျမန္မာရင္ဖုံးအအကၤ်ီ ရိုးရိုးေလးကိုဝတ္လာပါတယ္ပန္းေတာ့မပန္လာပါဘူး က်န္းမာေရးကေကာင္းပါတယ္ တက္တက္ႂကြႂကြပါဘဲ။က်န္တာေတာ့ဘာမွထပ္ေျပာတာမ်ိဳးမရွိပါဘူး”ဟု ေဒၚမင္းမင္းစိုးကဆိုသည္။

ယေန႕ဇြန္ ၂၁တြင္႐ုံးခ်ိန္းတြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ မိနစ္၂၀ေတြ႕ဆုံစကားေျပာခြင့္ရခဲ့ၿပီးသမၼတဦးဝင္းျမင့္ႏွင့္ ၁၀မိနစ္သာ ေတြ႕ဆုံစကားေျပာခြင့္ရခဲ့သည္ဟု ဆိုသည္။

” ဦးဝင္းျမင့္ကေတာ့ ဘာမွေထြေထြထူးထူးမေျပာဘူး။ ဥပေဒအတိုင္းဆက္သြားမယ္လို႔ေျပာတာဘဲရွိတယ္ က်န္းမာေရးေကာင္းၾကပါတယ္”ဟု၎ကပင္ဆိုသည္။

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္ျမင့္တို႔ကို ယေန႕ ဇြန္ ၂၁ရက္တြင္ၿခံအမွတ္(၁)ရွိအထူးသီးသန႔္တရား႐ုံးတြင္ လူေတြ႕႐ုံးထုတ္ခဲ့ၿပီးစြဲဆိုထားသည့္ပုဒ္မမ်ားအတြက္ တရားလိုျပသက္ေသမ်ားကိုစစ္ေဆးခဲ့သည္။

႐ုံးထုတ္စစ္ေဆးမႈတြင္ေဒၚေအာင္ဆန္းစုၾကည္အတြက္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅အတြက္ ရဲမႉးလွိုင္ဝင္းကတရားလိုျပသက္ေသ

ထြက္ဆိုခဲ့ကာပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ၈ ႏွင့္ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ယင္းႏွစ္မႈအတြက္ ဗိုလ္ႀကီးအာကာမင္းနိုင္က တရားလိုျပသက္ေသထြက္ဆိုခဲ့ျခင္းျဖစ္သည္။

အလားတူ နိုင္ငံေတာ္သမၼတဦးဝင္းျမင့္အားသဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒပုဒ္မ၂၅အတြက္ရဲမႉးလွိုင္ဝင္းႏွင့္ ေဇယ်ာသီရိၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးဝင္းေဇာ္တို႔က တရားလိုျပသက္ေသအျဖင့္ ထြက္ဆိုခဲ့ေၾကာင္းသိရသည္။

ၿပီးခဲ့ေသာဇြန္႐ုံးခ်ိန္းတြင္၁၄ရက္က ေဒၚေအာင္ဆန္းစုၾကည္အား တရားစြဲဆိုထားသည့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥေပဒပုဒ္မ ၂၅၊ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ႏွင့္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇တို႔ျဖင့္

တရားစြဲဆိုထားေသာအမႈသုံးမႈအတြက္ရဲမႉးျမင့္နိုင္ႏွင့္ရဲမႉးၾကည္လင္းတို႔ကိုတရားလိုထြက္ဆိုခ်က္စစ္ေဆးခဲ့ၿပီး ဦးဝင္းျမင့္အေပၚတရားစြဲဆိုထားသည့္သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥေပဒပုဒ္မ၂၅အတြက္ရဲမႉးျမင့္နိုင္ကို တရားလို ထြက္ဆိုခ်က္ အသီးသီးစစ္ေဆးခဲ့ေၾကာင္းသိရသည္။
Source: Mizzima