နိုင်ငံတကာမော်ဒယ်တစ်ယောက်ဖြစ်လာဖို့အတွက် အလှမယ်သူဇာဝင့်လွင်နဲ့ လန်ဒန်ကမော်ဒယ်အေဂျင်စီတို့စာချုပ်ချုပ်လိုက်ပြီ

Unicode

မော်ဒယ်လ်သူဇာဝင့်လွင်ကတော့ ၆၉ ကြိမ်မြောက်Miss Universe ပြိုင်ပွဲကြီးမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Best in National Costume ဆုကြီးကိုထိုက်ထိုက်တန်တန်ရရှိခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

အခက်အခဲတွေများစွာကြားက ဆုရရှိအောင်ကြိုးစားခဲ့တဲ့သူမကတော့ မြန်မာပြည်ပြန်ဖို့ခက်ခဲတဲ့အခြေအနေတွေကြောင့် USမှာနေထိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

အမှန်တရားဘက်ကနေရပ်တည်လျက်ရှိနေတဲ့သူမကတော့ မြန်မာပြည်ရဲ့အခြေအနေမှန်ကိုနိုင်ငံတကာကသိအောင်ကြိုးစားပေးခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

မကြာမှီရက်ပိုင်းကတောင်မှ သူမကအိမ်ကိုလွမ်းနေပြီဆိုတဲ့အကြောင်းကိုလည်းသူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာတင်ထားပါသေးတယ်။

သူမရဲ့အစ်မဖြစ်သူ မေကလည်းခုချိန်မှာတော့ဖမ်းဝရမ်းကြောင့်ရှောင်တိမ်းနေရတာကြောင့်လည်းအတူပြန်မဆုံနိုင်သေးတဲ့အကြောင်းတွေကြောင့်သူမတို့မိသားစုအတွက်လည်း အားပေးထားကြတာဖြစ်ပါတယ်။

ခုဆိုရင်တော့သူဇာဝင့်လွင်ဟာ နိုင်ငံတကာမှမော်ဒယ်တစ်ယောက်ဖြစ်ဖို့အတွက် Londonက M @P Model Agency နဲ့စာချုပ်ချုပ်လိုက်ပြီဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံကိုချစ်တဲ့ သူဇာလေးလည်းအရင်ကထက် မြန်မာပြည်အတွက်များစွာ ကြိုးစားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။သူဇာလေးကိုချစ်ကြတဲ့ပရိသတ်ကြီးလည်းထပ်တူဝမ်းသာနိုင်မယ်လို့ယုံကြည်ပါတယ်နော်…
Crd

Zawgyi







Crd

Add a Comment

Your email address will not be published. Required fields are marked *