စကစတပ်က ဖမ်းဆီး၊ ဦးလေးဖြစ်သူက အနံ့ပျောက်နေလို့ ၂ ယောက်စလုံး ပြန်လွတ်

Unicode

အစ်ကိုဖြစ်သူမရှိလို့ ညီနဲ့ ဦးလေးဖြစ်သူကို စကစတပ်က ဖမ်းဆီး၊ ဦးလေးဖြစ်သူက အနံ့ပျောက်နေလို့ ၂ ယောက်စလုံး ပြန်လွတ်

ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် ဧရာဝတီလက်ဖက်ရည်ဆိုင်သို့ ဇွန်လ ၂၀ ရက် မနက် ၂နာရီကျော်တွင် စစ်ကောင်စီတပ်က

သားအကြီးဖြစ်သူ ၁၅နှစ်အားလာရှာရာ မတွေ့သဖြင့် သားအငယ်ဖြစ်သူ ၁၂နှစ်နဲ့ ဦးလေးဖြစ်သူ ၃၅နှစ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

နေမကောင်းလို့မပြေးနိုင်တဲ့နှစ်ယောက်ကိုဖမ်းသွားတာဖြစ်ပြီး ဦးလေးဖြစ်သူက အနံ့ပျောက်လူနာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကား ၃စီးနဲ့ ရဲ စစ်သားတွေရောက်လာပြီး အိမ်ထဲသို့ ဝင်စီးကြပါတယ်။

စစ်ကောင်စီတပ်ဟာ အိမ်ထဲက ပိုက်ဆံသိန်း ၅၀ ခန့်နဲ့ ဖုန်းအားလုံးခိုးယူသွားကြပါတယ်။

ဖမ်းဆီးခံရတဲ့ ၂ ယောက် ဒီနေ့ ညနေပိုင်း ၄ နာရီခန့်တွင် ပြန်လွတ်လာကြတယ်လို့သိရပါတယ်။
Credit

Zawgyi







Credit

Add a Comment

Your email address will not be published. Required fields are marked *