အထည်ချုပ်စက်ရုံ ၁ရုံအပြီးပိတ်သိမ်းခဲ့လို့ လူရာချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီ
Unicode
လုပ်သားရာချီရှိသည့် လှိုင်သာယာကအထည်ချုပ်စက်ရုံ ၁ရုံ ယမန်နေ့က အပြီးပိတ်သိမ်းလိုက်ပြီဟုသိရသည်။
အပြီး ပိတ်သိမ်းလိုက် သည့်Hengmao(Myanmar)Garment Co.,Ltd က “အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်တို့
Hengmao(Myanmar)Garment Co.,Ltd သည် လုပ်ငန်းရပ်တည်ရန် အခက်အခဲများစွာ ဖြစ်ပေါ်လာသည့်အတွက် 19.6.2021 စနေနေ့တွင်စက်ရုံအားအပြီးပိတ်သိမ်းခဲ့ရပါသည်။
Hengmaoၡိ ညီကို မောင်နမအားလုံးကို ကျေးဇူးအထူးတင်ၡိပါတယ်ခင်ဗျ ခုလိုပုံစံမျိုးနဲ့ခွဲရလိမ့်မယ်မထင်ထားခဲ့ပါဖူး။
အားလုံးရဲ့အပေါ်မှာ ကာယကံ ဝဇီကံ မနောကံ တို့နဲ့ ပြစ်မှားကျူးလွန်မိတာများၡိခဲ့ရင်လည်း အားလုံးကိုနားလည်ပေးပါလို့ အနူးညွတ်တောင်းပန်အပ်ပါသည်ခင်ဗျာ
ဝန်ထမ်းများအားလုံး လုပ်ငန်များအဆင်ပြေချောမွေ့ပါစေ ။ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”ဟုပြောဆိုထားသည်။
Hengmao(Myanmar)Garment Co.,Ltdသည် ယခင်နှစ်ကပင် လုပ်သား၁၀၀ကိုထပ်ခန့်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဒေါ်ဖွားရှင်လမ်းရှိ SHIN SUNG အထည်ချုပ်စက်ရုံမှာ မေလ ၂၈ ရက်တွင် ယာယီပိတ်သိမ်းခြင်းကြောင့် အလုပ်သမား ၂၀၀၀ ကျော်ခန့်အလုပ်လက်မဲ့ဖြစ်ခဲ့ပါသေးတယ်။
(SHIN SUNG) ရှင်စောင်း အထည်ချုပ်စက်ရုံတွင် အထည်ကုန်ကြမ်းနှင့် လုပ်သားအင်အားအလုံအလောက်ရှိသော်လည်း ကိုဗစ်ကူးစက်မှုအခြေအနေကြောင့်
ဥရောပမှ ပစ္စည်းလက်ခံမည့်သူမရှိဘဲ ပစ္စည်းမှာယူမှုခေတ္တရပ်ဆိုင်းထားမှုကြောင့်စက်ရုံယာယီပိတ်သိမ်းရခြင်းဖြစ်ကြောင်း စက်ရုံပိုင်ရှင်ကပြောဆိုကြောင်းသိရပါတယ်။
Zawgyi
Hengmao္ခိ ညီကို မောင်နမအားလုံးကို ကျေးဇူးအထူးတင်္ခိပါတယ်ခင်ဗျ ခုလိုပုံစံမျိုးနဲ့ခွဲရလိမ့်မယ်မထင်ထားခဲ့ပါဖူး။
အားလုံးရဲ့အပေါ်မှာ ကာယကံ ဝဇီကံ မနောကံ တို့နဲ့ ပြစ်မှားကျူးလွန်မိတာများ္ခိခဲ့ရင်လည်း အားလုံးကို နားလည်ပေးပါလို့ အနူးညွတ်တောင်းပန်အပ်ပါသည်ခင်ဗျာ