ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေဖြစ်သူကိုသတိရအကြောင်း စိတ်မကောင်းစွာပြောလာတဲ့ ၊ ခေးဆက်သွင်

Unicode

အဖေ
ကြာခဲ့ပါပြီ အဖေရက်တွေလည်းပြောင်း လတွေဟောင်းလို့ဆောင်းအလီလီနဲ့

မိုးအခါခါဖြတ်နွေဘက်တွေလည်းမျက်ရည်စက်တွေနဲ့အိပ်တန်းတက်ခဲ့ဖူးပါပြီ

တစ်ခြားမိသားစုများကို အားကျငါးတန်းနှစ် အဖေ့အလောင်း
မီးတိုက်ထဲသွင်းကာနီးကိုသတိရမိပါသေးတယ်

ကန်တော့ရင်းတွေးအဖေအိပ်နေတာလေးများ ဖြစ်မလား???
အခေါင်းဖုံးကို လှစ်ဟချစ်ပါရစေဦးနေပါဦးလို့တဖွဖွ ခေါ်ချင်ပေမယ့်နာကျင်လွမ်းလို့ မအော်နိုင်တော့ပါဘူး

လွမ်းတယ် အဖေမုန့်ဖိုးလေးတွေ အရင်လိုပေးပါစာမရတဲ့အခါ လာဆူပေးပါ

အဖေက သီချင်းတွေဆိုဒီက အဖေ့သမီးအငယ်မ ကပြချင်သေးတာစစနောက်နောက် စိတ်ကောက်ချင်သေးတာ

ဘယ်တော့မှ ပြန်မလာနိုင်မှန်းသိပေမယ့် ကောင်းမှုတစ်ခု နေ့စဉ်ပြုရင်းသမီး ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ

သံသရာတစ်ကွေ့ကွေ့
ပြန်တွေ့ပါရစေ အဖေ
Happy Father’s Day

Zawgyi

အေဖ







သံသရာတစ်ကွေ့ကွေ့
ပြန်တွေ့ပါရစေ အဖေ
Happy Father’s Day