ထွက်ပြေးတိမ်းရှောင်နေရင်းအိမ်မပြန်ရတာကြာခဲ့ပြီမို့ အိမ်ကမိသားစုကိုလွမ်းကြောင်းပြောပြလာတဲ့ ညီနန္ဒ

Unicode

ပရိတ်သတ်ကြီးရေ…သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါပဲ

ညီနန္ဒကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားကရှောင်တိမ်းပုန်းခိုနေရသူလည်းဖြစ်ပါတယ်

လတ်တလောအခြေအနေတွေမှာ အိမ်မပြန်နိုင်တာ အတော်လေးကြာနေပြီဖြစ်တဲ့အတွက် ချစ်ရတဲ့မိသားစုကို လွမ်းနေရပြီး အိမ်ပြန်ချင်တဲ့စိတ်ဇောတွေကြောင့် အိပ်မက်မက်ခဲ့တဲ့အကြောင်းတွေ ပြောပြလာပါတယ်

မိသားစုကို နေ့နေ့ညည သတိရလွမ်း ဆွတ်နေရပြီး အခုချိန်မှာ လက်တွေ့အကောင်အထည်မဖော်နိုင်သေးတဲ့ အိမ်ပြန်ခြင်းကို အိပ်မက်ထဲမှာ ပြုလုပ်ခဲ့တဲ့အကြောင်းတွေကိုလွမ်းလွမ်းဆွေးဆွေးလေးပြောပြထားတာဖြစ်ပါတယ်

“အလွမ်း… ပြန်ချင်စိတ်ကြောင့်…အလွမ်း… ပြန်ချင်ဇောကြောင့်…နေ့ခင်း… အိပ်မက်ထဲမှာအတွေး… အိပ်မက်ထဲမှာအိမ်ပြန်ဖြစ်တယ်..” ဆိုပြီး သူ့ရဲ့အဖြစ်တွေကို ညီနန္ဒကပြောပြထားတာ ဖြစ်ပါတယ်

တော်လှန်ရေးအတွက်လူထုလှုပ်ရှားမှုတွေပြုလုပ်ကာအရေးတော်ပုံကြီးမှာတတ်နိုင်သလောက်ကြိုးစားပါဝင်အားဖြည့်ခဲ့ပြီးမိသားစုတွေနဲ့ခွဲခွာနေနေရတဲ့

ညီနန္ဒကို ပြည်သူပရိသတ်တွေကလည်းအားပေးစကားတွေပြောထားကြတာတွေ့ရပါတယ်ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပုကျေးဇူးတင်ရှိပါတယ်နော်
Source: Nyi Nanda’s Fb Acc
Crd

Zawgyi







Crd

Add a Comment

Your email address will not be published. Required fields are marked *