အမေစုရဲ့ မွေးနေ့ကိုဆုမွန်းကောင်းတောင်းပေးပြီး ပန်းသပိတ်မှာပါဝင်တဲ့သမီးလေး Scarlett ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြသလာခဲ့တဲ့ ဖေဖေအာဘွိုင်း

Unicode

ပရိတ်သတ်ကြီးရေ….ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော်အာဘွိုင်းနဲ့မြတ်ရတနာကျော်တု့ဇနီးမောင်နှံဟာဆိုရင် သက်ဆိုင်ရာနယ်ပယ်အသီးသီမှာအောင်မြင်မှုတွေရရှိထားတဲ့အပြင်ပရိတ်သတ်အခိုင်အမာရရှိထားတဲ့အနုပညာရှင်တွေပဲဖြစ်ပါတယ်နော်။

အာဘွိုင်းကဇနီးချောလေးမြတ်ရတနာကျော်ရဲ့အပေါ်မှာဆိုရင်လည်းဂရုစိုက်ကြင်နာပြီး အမြဲတမ်းရိုတတ်တဲ့အတွက်ပရိတ်သတ်တွေအားကျရတဲ့ စုံတွဲဆိုလည်းမမှာပါဘူးနော်

သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုကိုပိုင်ဆိုင်ထားတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့မှာ အရုပ်လေးတစ်ရုပ်လိုဖြူစင်ပြီး ချောမောလှပတဲ့ သမီးလေးScarlett ကိုလည်းပိုင်ဆိုင်ထားတဲ့အပြင်နောက်ထပ်ရင်သွေးလေးကိုလည်း မြတ်ကလွယ်ထားရတာပဲဖြစ်ပါတယ်နော်.။

တစ်နေ့တခြာမျက်စိအောက်တင်အရွယ်ရောညက်ပြီ ဖြစ်တဲ့ သမီးလေး Scarlettက မိန်းကလေးတို့သဘာဝအတိုင်း ဓာတ်ပုံရိုက်ရင်မရိုးနိုင်အောင်ပို့စ်တွေအမျိုးမျိုးပေးပြီး ချစ်စရာကောင်းအောင်လုပ်တတ်နေတာလေးက အသည်းစရာလေးပါနော်။

ဒီကနေ့မှာဆိုရင်လည်း ဖေဖေအာဘွိုင်းက အမေစုရဲ့(၇၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် သမီးလေးScarlettလေးရဲ့ပန်းသပိတ်မှာပါဝင်ဆင်နွှဲခဲ့တဲ့ပုံရိပ်လေးတွေကိုတင်လာခဲ့တာဖြစ်ပြီးအမေစုအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။

အာဘွိုင်းက “၇၆ နှစ်မြောက်မွေးနေ့မှစ၍ ​ေဘးအန္တရယ်ကင်းင်္ပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ ” ဆိုပြီးမွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်နော်..။

ပန်းသပိတ်မှာ ပါဝင်ခဲ့တဲ့သမီးလေး Scarlett ရဲ့ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအားတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ Newsfeed Myanmarပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
Source ; Kyaw Phyo Tun Facebook acc

Zawgyi






အာဘွိုင်းက “၇၆ နှစ်မြောက်မွေးနေ့မှစ၍ ​ဘေးအန္တရယ်ကင်းင်္ပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ ” ဆိုပြီးမွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်နော်..။
