ဆေးဝါးမရှိတာကြောင့် ဆေးကုခွင့်မရဘဲ အအေးမိ၊ဖျားနာပြီး သေဆုံးသွားခဲ့ရတဲ့ မင်းတပ်မြို့က အသက်(၇)လအရွယ်စစ်ဘေးရှောင်ကလေးငယ်လေး

Unicode

တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ဒေသခံတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်တွေကိုစွန့်ခွာပြီး တောထဲတွေထဲမှာ စစ်ဘေးရှောင်နေခဲ့ရပါတယ်။

အဆိုပါစစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်လေးတွေလည်း ပါဝင်နေခဲ့ပါတယ်။ မိုးတွင်းအချိန်အခါကို ရောက်ရှိနေပြီမို့ စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးဒဏ်၊လေဒဏ်တွေအပြင် ငှက်ဖျားရောဂါကိုပါ ရင်ဆိုင်ကြုံတွေ့နေရကာ အရေးပေါ်အကူအညီတွေကိုလည်း အမြန်လိုအပ်နေကြပါတယ်။

ယနေ့မှာတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မဲင်းကျေးရွာက စစ်ဘေးရှောင်ကလေးငယ်တစ်ယောက်ဟာ အအေးမိဖျားနာပြီး သေဆုံးသွားခဲ့ရပါတယ်။

ဆေးဝါးမရရှိဘဲ သေဆုံးသွားတဲ့ အဆိုပါကလေးငယ်လေးရဲ့နာမည်က ခွီရှိန်းဘူနိန်လို့သိရပြီး အသက်(၇)လသာရှိသေးတာဖြစ်ပါတယ်။

ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ အဆိုပါကလေးငယ်လေးဟာ တိုက်ပွဲတွေကြောင့် တောတာင်တွေထဲသွားရောက်ပြီး စစ်ဘေးရှောင်ရင်း အခုလိုဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

နွေးနွေးထွေးထွေး၊အေးအေးချမ်းချမ်းနေရမယ့် အရွယ်လေးမှာ ဒုက္ခတွေခံစားရပြီး အခုလိုသေဆုံးသွားတဲ့ အသက်၇လအရွယ်ကလေးငယ်လေးအတွက် ပြည်သူတွေက ယူကျုံးမရဖြစ်ကာ ဝမ်းနည်းနေခဲ့ပါတယ်။

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့ကတော့ ” မဲင်းကျေးရွာ – မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကလေး (၇)လသားအရွယ်သေဆုံး (18/June/2021) အမည် – ခွီရှိန်းဘူနိန် အသက် – (၇)လ သေဆုံးခြင်း အကြောင်းအရင်း – စစ်ဘေးရှောင်ပြေးရင်း အအေးမိ ဖျားနာပြီး သေဆုံးခြင်း ( ကုသရန် ဆေးဝါး မရရှိနိုင်၍ သေဆုံးရခြင်း) “ဆိုပြီး ထုတ်ပြန်ထားခဲ့ပါတယ်။
Source -Original Uploader

Zawgyi

တိုင္းရင္းသားေဒသေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႕ေဒသခံတပ္ေတြအၾကား တိုက္ပြဲေတြျဖစ္ပြားေနတာေၾကာင့္ ေဒသခံျပည္သူေတြဟာ ေနရပ္ေတြကိုစြန့္ခြာၿပီး ေတာထဲေတြထဲမွာ စစ္ေဘးေရွာင္ေနခဲ့ရပါတယ္။

အဆိုပါစစ္ေဘးေရွာင္ျပည္သူေတြထဲမွာ သက္ႀကီး႐ြယ္အိုေတြနဲ႕ ကေလးငယ္ေလးေတြလည္း ပါဝင္ေနခဲ့ပါတယ္။ မိုးတြင္းအခ်ိန္အခါကို ေရာက္ရွိေနၿပီမို႔ စစ္ေဘးေရွာင္ျပည္သူေတြဟာ မိုးဒဏ္၊ေလဒဏ္ေတြအျပင္ ငွက္ဖ်ားေရာဂါကိုပါ ရင္ဆိုင္ႀကဳံေတြ႕ေနရကာ အေရးေပၚအကူအညီေတြကိုလည္း အျမန္လိုအပ္ေနၾကပါတယ္။

ယေန႕မွာေတာ့ ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္မဲင္းေက်း႐ြာက စစ္ေဘးေရွာင္ကေလးငယ္တစ္ေယာက္ဟာ အေအးမိဖ်ားနာၿပီး ေသဆုံးသြားခဲ့ရပါတယ္။

ေဆးဝါးမရရွိဘဲ ေသဆုံးသြားတဲ့ အဆိုပါကေလးငယ္ေလးရဲ႕နာမည္က ခြီရွိန္းဘူနိန္လို႔သိရၿပီး အသက္(၇)လသာရွိေသးတာျဖစ္ပါတယ္။

ေဆးကုသခြင့္မရလို႔ အသက္ဆုံးရႈံးသြားခဲ့ရတဲ့ အဆိုပါကေလးငယ္ေလးဟာ တိုက္ပြဲေတြေၾကာင့္ ေတာတာင္ေတြထဲသြားေရာက္ၿပီး စစ္ေဘးေရွာင္ရင္း အခုလိုဆုံးပါးသြားခဲ့တာျဖစ္ပါတယ္။

ေႏြးေႏြးေထြးေထြး၊ေအးေအးခ်မ္းခ်မ္းေနရမယ့္ အ႐ြယ္ေလးမွာ ဒုကၡေတြခံစားရၿပီး အခုလိုေသဆုံးသြားတဲ့ အသက္၇လအ႐ြယ္ကေလးငယ္ေလးအတြက္ ျပည္သူေတြက ယူက်ဳံးမရျဖစ္ကာ ဝမ္းနည္းေနခဲ့ပါတယ္။

မင္းတပ္ၿမိဳ႕ျပည္သူ႕အုပ္ခ်ဳပ္ေရး သတင္းအဖြဲ႕ကေတာ့ ” မဲင္းေက်း႐ြာ – မင္းတပ္ၿမိဳ႕နယ္ စစ္ေဘးေရွာင္ကေလး (၇)လသားအ႐ြယ္ေသဆုံး (18/June/2021) အမည္ – ခြီရွိန္းဘူနိန္ အသက္ – (၇)လ ေသဆုံးျခင္း အေၾကာင္းအရင္း – စစ္ေဘးေရွာင္ေျပးရင္း အေအးမိ ဖ်ားနာၿပီး ေသဆုံးျခင္း ( ကုသရန္ ေဆးဝါး မရရွိနိုင္၍ ေသဆုံးရျခင္း) “ဆိုၿပီး ထုတ္ျပန္ထားခဲ့ပါတယ္။
Source -Original Uploader

Add a Comment

Your email address will not be published. Required fields are marked *