မွေးနေ့မှာ နှင်းဆီပန်းဝေတဲ့ Café 99 ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်း ၁၀ ကျော် ဖမ်းဆီးခံရ

Unicode

မွေးနေ့မှာ နှင်းဆီပန်းဝေတဲ့ Café 99 ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်း ၁၀ ကျော် ဖမ်းဆီးခံရ

မဇ္ဈိမ

ပြင်ဦးလွင်- လားရှိုးလမ်းမကြီး စံပြကွေ့အနီးမှာတည်ရှိတဲ့ Café 99 ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်း ဆယ့်နှစ်ဦးကို နှင်းဆီပန်းသပိတ်ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ (ဇွန်လ ၁၉ ရက်) မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Café 99 ဆိုင်တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

Café 99 ကော်ဖီဆိုင်ရဲ့ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “အဲဒါကကျတော့ ကျနော်တို့ရဲ့ ဆိုင်ရှင်ပေါ့နော်။ အန်တီရဲ့မွေးနေ့။ သူတို့က ယတြာချေတယ်ပေါ့နော်။ ယတြာချေမယ်ဆိုပြီးတော့ ပန်းတွေနဲ့ အဲလိုလုပ်တာ။ အဲဒါကို သူတို့က ပန်းသပိတ်တို့ဘာတို့ဆိုပြီးတော့ စွပ်စွဲတာနေမှာပေါ့။ ကျနော်တို့က မွေးနေ့ကိတ်တွေ ဘာတွေတောင် ခွဲဖို့ပြင်ထားပြီးပြီ” လို့ ပြောပါတယ်။

Café 99 ကော်ဖီဆိုင်ပိုင်ရှင်က သူရဲ့ မွေးနေ့အလှူအဖြစ် ဒီမနက် ဆိုင်သို့လာရာက် စားသုံးသူတွေကို နှင်းဆီပန်းတစ်ပွင့်စီ လက်ဆောင်ပေးခဲ့တဲ့အတွက် အာဏာသိမ်းစစ်ကောင်စီ ရဲနဲ့ စစ်တပ်က ဆိုင်သို့လာရောက် မေးမြန်းပြီး ဆိုင်ပိုင်ရှင် သုံးဦးနဲ့ ဝန်ထမ်း ကိုးဦး စုစုပေါင်း ဆယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ပန်းသပိတ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ Café 99 ဆိုင်ပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို အန္တရာယ်ကင်းကင်းနဲ့ ပြန်လွှတ်ပေးစေချင်တယ်လို့ Café 99 ဆိုင်တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၆ နှစ်ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည်သူတွေက ခေါင်းမှာပန်းပန်ပြီး မွေးနေ့ဆုတောင်းစကားတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားကြသလို ပန်းသပိတ်တွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
Source: Mizzima

Zawgyi

ေမြးေန႕မွာ ႏွင္းဆီပန္းေဝတဲ့ Café 99 ဆိုင္ပိုင္ရွင္ အပါအဝင္ ဝန္ထမ္း ၁၀ ေက်ာ္ ဖမ္းဆီးခံရ

မဇၩိမ

ျပင္ဦးလြင္- လားရွိုးလမ္းမႀကီး စံျပေကြ႕အနီးမွာတည္ရွိတဲ့ Café 99 ဆိုင္ပိုင္ရွင္ အပါအဝင္ ဝန္ထမ္း ဆယ့္ႏွစ္ဦးကို ႏွင္းဆီပန္းသပိတ္ျပဳလုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႕ အာဏာသိမ္းစစ္ေကာင္စီက ဒီကေန႕ (ဇြန္လ ၁၉ ရက္) မနက္ ၁၁ နာရီေလာက္မွာ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ Café 99 ဆိုင္တာဝန္ရွိသူတစ္ဦးက မဇၩိမကို ေျပာပါတယ္။

Café 99 ေကာ္ဖီဆိုင္ရဲ႕ တာဝန္ရွိသူ အမ်ိဳးသမီးတစ္ဦးက “အဲဒါကက်ေတာ့ က်ေနာ္တို႔ရဲ႕ ဆိုင္ရွင္ေပါ့ေနာ္။ အန္တီရဲ႕ေမြးေန႕။ သူတို႔က ယၾတာေခ်တယ္ေပါ့ေနာ္။ ယၾတာေခ်မယ္ဆိုၿပီးေတာ့ ပန္းေတြနဲ႕ အဲလိုလုပ္တာ။ အဲဒါကို သူတို႔က ပန္းသပိတ္တို႔ဘာတို႔ဆိုၿပီးေတာ့ စြပ္စြဲတာေနမွာေပါ့။ က်ေနာ္တို႔က ေမြးေန႕ကိတ္ေတြ ဘာေတြေတာင္ ခြဲဖို႔ျပင္ထားၿပီးၿပီ” လို႔ ေျပာပါတယ္။

Café 99 ေကာ္ဖီဆိုင္ပိုင္ရွင္က သူရဲ႕ ေမြးေန႕အလႉအျဖစ္ ဒီမနက္ ဆိုင္သို႔လာရာက္ စားသုံးသူေတြကို ႏွင္းဆီပန္းတစ္ပြင့္စီ လက္ေဆာင္ေပးခဲ့တဲ့အတြက္ အာဏာသိမ္းစစ္ေကာင္စီ ရဲနဲ႕ စစ္တပ္က ဆိုင္သို႔လာေရာက္ ေမးျမန္းၿပီး ဆိုင္ပိုင္ရွင္ သုံးဦးနဲ႕ ဝန္ထမ္း ကိုးဦး စုစုေပါင္း ဆယ္ႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားတာ ျဖစ္ပါတယ္။

ပန္းသပိတ္လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႕ ဖမ္းဆီးခံလိုက္ရတဲ့ Café 99 ဆိုင္ပိုင္ရွင္ေတြနဲ႕ ဝန္ထမ္းေတြကို အႏၲရာယ္ကင္းကင္းနဲ႕ ျပန္လႊတ္ေပးေစခ်င္တယ္လို႔ Café 99 ဆိုင္တာဝန္ရွိသူတစ္ဦးက မဇၩိမကို ေျပာပါတယ္။

ဒီကေန႕ ဇြန္လ ၁၉ ရက္ေန႕မွာ အသက္ ၇၆ ႏွစ္ျပည့္ၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႕အတြက္ ျမန္မာနိုင္ငံတဝွမ္းလုံးရွိ ျပည္သူေတြက ေခါင္းမွာပန္းပန္ၿပီး ေမြးေန႕ဆုေတာင္းစကားေတြကို ဆိုရွယ္မီဒီယာေပၚမွာ တင္ထားၾကသလို ပန္းသပိတ္ေတြကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။
Source: Mizzima