သံလိုက်လူသားစွမ်းအားရှင်ဖြစ်ချင်၍ သံလိုက်၅၄လုံးကို မျိုချခဲ့သော ကောင်လေး

Unicode

ကလေးငယ်များသည် ကာတွန်းဇာတ်ကောင် သို့မဟုတ် အခြားထူးဆန်းသော အရာများမြင်ထားပါက စူးစမ်းလေ့လာသည့်အနေနှင့် လက်တွေ့ကျကျ စမ်းသပ်မှုများပြုလုပ်တတ်ကြသည်။

ယခုအခါတွင်လည်း ဗြိတိန်နိုင်ငံမှ Rhiley Morrison အမည်ရှိသော အသက် ၁၂နှစ်အရွယ် ကောင်လေးသည် စူပါသံလိုက် စွမ်းအားရှင်တစ်ယောက်ဖြစ်လိုသော စိတ်ကူးယဉ်မှုအား လက်တွေ့အကောင်အထည်ဖော်ခဲ့ရာ ဒုက္ခလှလှရောက်ခဲ့ရသည်။

ကောင်လေးသည် သံလိုက် အလုံးပေါင်း ၅၄လုံးကို နှစ်ကြိမ်ခွဲပြီး မျိုချခဲ့ရာ လက်တွေ့တွင် ဘားမှထူးမလာ၍ လေးရက်အကြာတွင် ဗိုက်ထဲက သံလိုက်တွေကို ပြန်ထုတ်မရမှာ ကြောက်ပြီး မိခင်ဖြစ်သူထံ မျိုချမိကြောင်း အသိပေးဝန်ခံခဲ့သည်။

မိခင်ဖြစ်သူမှာလည်း စိုးရိမ်တကြီးဖြင့် ဆေးရုံသို့ အပြေးလွှားခေါ်သွားခဲ့ပြီး ဓာတ်မှန်ရိုက်ခဲ့ရာ အဆာအိမ်နှင့် အူလမ်းကြောင်းတွင် သံလိုက်များစွာ ရှိနေသည်ကို တွေ့ရှိခဲ့သည့် ဆရာဝန်များလည်း အံ့အားသင့် သွားခဲ့ရသည်။

နောက်ဆုံးတွင် ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး သံလိုက်များအား ဖယ်ရှားနိုင်ခဲ့၍ မိခင်ဖြစ်သူမှာ အခြားသော ကလေးငယ်များအတွက် သင်ခန်းစာတစ်ခုအဖြစ် ပေးလို၍ အတွေ့အကြုံလေးအား လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
Hlaing (Love Feeling )

Zawgyi

ကေလးငယ္မ်ားသည္ ကာတြန္းဇာတ္ေကာင္ သို႔မဟုတ္ အျခားထူးဆန္းေသာ အရာမ်ားျမင္ထားပါက စူးစမ္းေလ့လာသည့္အေနႏွင့္ လက္ေတြ႕က်က် စမ္းသပ္မႈမ်ားျပဳလုပ္တတ္ၾကသည္။

ယခုအခါတြင္လည္း ၿဗိတိန္နိုင္ငံမွ Rhiley Morrison အမည္ရွိေသာ အသက္ ၁၂ႏွစ္အ႐ြယ္ ေကာင္ေလးသည္ စူပါသံလိုက္ စြမ္းအားရွင္တစ္ေယာက္ျဖစ္လိုေသာ စိတ္ကူးယဥ္မႈအား လက္ေတြ႕အေကာင္အထည္ေဖာ္ခဲ့ရာ ဒုကၡလွလွေရာက္ခဲ့ရသည္။

ေကာင္ေလးသည္ သံလိုက္ အလုံးေပါင္း ၅၄လုံးကို ႏွစ္ႀကိမ္ခြဲၿပီး မ်ိဳခ်ခဲ့ရာ လက္ေတြ႕တြင္ ဘားမွထူးမလာ၍ ေလးရက္အၾကာတြင္ ဗိုက္ထဲက သံလိုက္ေတြကို ျပန္ထုတ္မရမွာ ေၾကာက္ၿပီး မိခင္ျဖစ္သူထံ မ်ိဳခ်မိေၾကာင္း အသိေပးဝန္ခံခဲ့သည္။

မိခင္ျဖစ္သူမွာလည္း စိုးရိမ္တႀကီးျဖင့္ ေဆး႐ုံသို႔ အေျပးလႊားေခၚသြားခဲ့ၿပီး ဓာတ္မွန္ရိုက္ခဲ့ရာ အဆာအိမ္ႏွင့္ အူလမ္းေၾကာင္းတြင္ သံလိုက္မ်ားစြာ ရွိေနသည္ကို ေတြ႕ရွိခဲ့သည့္ ဆရာဝန္မ်ားလည္း အံ့အားသင့္ သြားခဲ့ရသည္။

ေနာက္ဆုံးတြင္ ခြဲစိတ္မႈေအာင္ျမင္ခဲ့ၿပီး သံလိုက္မ်ားအား ဖယ္ရွားနိုင္ခဲ့၍ မိခင္ျဖစ္သူမွာ အျခားေသာ ကေလးငယ္မ်ားအတြက္ သင္ခန္းစာတစ္ခုအျဖစ္ ေပးလို၍ အေတြ႕အႀကဳံေလးအား လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။
Hlaing (Love Feeling )

Add a Comment

Your email address will not be published. Required fields are marked *